သန်းနဲ့ မွှားတွေ အိမ်မှာရှိနေရင် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။ အိမ်မွေးတိရစ္ဆာန်လေးတွေကနေတဆင့် သန်းတွေ ရောက်လာနိုင်သလို အင်္ကျီအဝတ်အစားတွေကနေတဆင့်လည်း ကူးလာနိုင်ပါတယ်။
အဲဒါကြောင့် အိမ်မှာ သန်းတွေ၊ မွှားတွေ ရှိနေရင် ဖယ်ရှားနိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ရေချိုးပေးပါ။
သန်းနဲ့ မွှားတွေက အိမ်မွေးတိရစ္ဆာန်လေးတွေကနေတစ်ဆင့် ကူးလာရင် သူတို့ကို ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့နဲ့ ရေချိုးပေးသင့်ပါတယ်။ ဆီပါတဲ့လိမ်းဆေးတွေကိုတော့ အိမ်မွေးတိရစ္ဆာန်ရဲ့ခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက်မလိမ်းပေးသင့်ပါဘူး။
သန်းတွေကြောင့် အရေပြားပြဿနာတွေဖြစ်ပေါ်လာရင် ခွေးလေးတွေ၊ ကြောင်လေးတွေကို တိရစ္ဆာန်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၂။ အိမ်အတွင်းမှာ ဖုန်စုပ်ပါ။
အိမ်ထဲမှာ သန်းတွေ၊ မွှားတွေ ရှိနေပြီဆိုရင် အိမ်ရဲ့ထောင့်တိုင်းကို ဖုန်စုပ်စက်နဲ့ စုပ်ပါ။ ကော်ဇော၊ အိမ်ပရိဘောဂနဲ့ ကူရှင်တို့ကိုလည်း ဖုန်စုပ်ပေးနိုင်ပါတယ်။ အဲဒီအခါ သန်းတွေ၊ မွှားတွေအပြင် သူတို့ရဲ့ဥတွေပါ ပါလာမှာပါ။
၃။ အဝတ်အစားတွေကို ရေနွေးနဲ့ လျှော်ပါ။
အိမ်ထဲမှာ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အဝတ်အစားတွေကိုလည်း လျှော်သင့်ပါတယ်။ အဝတ်အစားတွေမှာလည်း မွှားတွေ၊ သန်းတွေ ကပ်နေနိုင်တာကြောင့်ပါ။ အဝတ်အစား၊ အိပ်ရာခင်း၊ တဘက်၊ စောင်၊ ခန်းဆီးတို့ကို ရေနွေးနဲ့ သေချာလျှော်ပြီး လေပူနဲ့ အခြောက်ခံပေးပါ။
၄။ မြက်ခင်းတွေကို ရိတ်ပါ။
မြက်ခင်းတွေကို ရိတ်ပြီး သစ်ရွက်ခြောက်တွေကို ဖယ်ရှားလိုက်တာက သန်းတွေ၊ မွှားတွေမရှိဖို့ နည်းလမ်းကောင်းပါ။ အိမ်က မြက်ခင်းမှာ သန့်ရှင်းပြီး နေရောင်ခြည် ကောင်းကောင်းရနေရင် ပိုးမွှားတွေ ပျံ့နှံ့တာ နည်းပါးလာမှာပါ။ သစ်ကတိုးပင်ကို စိုက်ထားရင်လည်း သန်းတွေမလာတော့ပါဘူး။
၅။ ပိုးမွှားတွေကို နှိမ်နင်းနိုင်မယ့် ဖျန်းဆေး
အိမ်မှာ သန်းနဲ့ မွှားတွေ အရမ်းများနေရင် ပိုးမွှားတွေကို နှိမ်နင်းနိုင်မယ့် ဖျန်းဆေးကို အသုံးပြုနိုင်ပါတယ်။ အိမ်အတွင်း၊ ကော်ဇော၊ အိမ်တွင်းပရိဘောဂ၊ ကူရှင်စတဲ့နေရာတွေမှာ ဖျန်းပေးပါ။
မှောင်တဲ့နေရာတွေမှာလည်း သန်းဥတွေရှိနိုင်ကြောင့် အဲဒီလိုနေရောတွေမှာလည်း ဖျန်းပေးနိုင်ပါတယ်။
၆။ သန်းနဲ့ မွှားတွေ မလာတဲ့အပင်
အိမ်မှာ သန်းနဲ့ မွှားတွေ မလာအောင်လို့ ရနံ့မွှေးတဲ့အပင်တွေကို စိုက်ပျိုးထားနိုင်ပါတယ်။ တောနှံပင်၊ ပင်စိမ်း၊ အော်ရီဂါးနိုး၊ သံပုရာပင်၊ ယူကလစ်၊ လာဗင်ဂါ၊ ပက်ပါမင့်စတဲ့အပင်တွေက သန်းနဲ့ မွှားတွေ ပြေးစေတဲ့အပင်တွေပါ။
၇။ သန်းနဲ့မွှားတွေ မလာစေတဲ့ သဘာဝဖျန်းဆေး
- ရှာလကာရည် ၄ လီတာ
- ရေ ၂လီတာ
- သံပုရာရည် ၅၀၀ မီလီလီတာ
- ဟေဇယ်ရည် ၂၅၀ မီလီလီတာတို့ကို ဘူးတစ်ခုထဲမှာ ထည့်ပြီး အားလုံးနံ့သွားအောင် လှုပ်ခါလိုက်ပါ။ ပြီးနောက် ကော်ဇော၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့အိပ်ရာ၊ ကြမ်းပြင်တို့မှာ ဖျန်းပေးနိုင်ပါတယ်။
- ရေ ၂၃၆ မီလီလီတာ
- လာဗင်ဒါရနံ့ဆီ ၁၀စက် တို့ကို ဘူးထတစ်ခုထဲမှာ ထည့်ပြီး ခွေး၊ ကြောင်တို့ကို ဖျန်းပေးနိုင်ပါတယ်။ လာဗင်ဒါရနံ့ဆီက အိမ်မွေးတိရစ္ဆာန်ရဲ့အမွေးတွေကို အန္တရာယ်မဖြစ်စေပါဘူး။
Bonus
ခြံထဲမှာ အလုပ်လုပ်တဲ့အခါ ပိုးမွှားတွေ ကိုက်တာမခံရအောင်လို့ ဘောင်းဘီရဲ့အောက်ခြေမှာ နှစ်ဖက်ကပ်တိပ်ကို ကပ်ထားနိုင်ပါတယ်။
Zombie (lovemedia)
0 Comments