ရေမွှေးဆွတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။ ရေမွှေးနံ့ကြာရှည်စွဲမြဲနေစေဖို့ ရေမွှေးဆွတ်တဲ့နေရာကလည်း အရေးပါပါတယ်။
ရေမွှေးဆွတ်တဲ့အခါ ရနံ့ကြာရှည်စေဖို့ ရေမွှေးဆွတ်သင့်တဲ့နေရာတွေနဲ့ မဆွတ်သင့်တဲ့နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရေမွှေးဆွတ်သင့်တဲ့နေရာများ
၁။ ဒူးနောက်ဖက်
ရေမွှေးကို ဒူးရဲ့အနောက်ဖက်မှာ မဆွတ်သင့်ဘူးလို့ အချို့တွေက ယူဆကြပါတယ်။ ဒါပေမယ့် ရေချိုးချိုးပြီးချင်းအချိန် ဒူးရဲ့အနောက်ဘက်မှာ ရေမွှေးဆွတ်ရင် ရေမွှေးနံ့က ကြာရှည်စွဲမြဲနေပါတယ်။
၂။ ပေါင်အတွင်းဘက်
ရေမွှေးကို ခန္ဓာကိုယ်ရဲ့ သီးသန့်နေရာတွေမှာတော့ လုံးဝမဆွတ်သင့်ပါဘူး။ ဒါပေမယ့် ပေါင်အတွင်းဘက်မှာတော့ ဆွတ်လို့ရပါတယ်။ ပေါင်အတွင်းဘက်က အပူက ရေမွှေးရဲ့ရနံ့ကို တိုးမြှင့်ပေးပြီး တစ်နေ့လုံးမွှေးပျံ့နေစေပါတယ်။
၃။ ရင်ကြားနေရာ
ရေမွှေးနံ့ကို ကြာရှည်ခံစေတဲ့နောက်ထပ်တစ်နေရာကတော့ ရင်ကြားနေရာပါ။ ရင်ကြားနေရာမှာ ရေမွှေးဆွတ်ရင် ရနံ့က တစ်နေကုန်နီးပါး ကြာရှည်ခံပါတယ်။ ကိုယ်သင်းနံ့နဲ့ပေါင်းစပ်ပြီး အမျိုးသမီးဆန်တဲ့ရနံ့ကို ရရှိစေပါတယ်။
၄။ ဝမ်းဗိုက်
အဝတ်အစားတွေမှာပါ ရနံ့မွှေးပျံ့နေစေဖို့ ဝမ်းဗိုက်မှာလည်း ရေမွှေးဆွတ်လို့ရပါတယ်။ ဝမ်းဗိုက်မှာ ရေမွှေးဆွတ်ထားရင် တစ်ညလုံးပါ မွှေးပျံ့နေစေပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ လာဗင်ဒါရနံ့ရေမွှေးကို ဝမ်းဗိုက်မှာ ဆွတ်ထားရင် ညဘက်မှာ လွယ်လွယ်ကူကူ အိပ်ပျော်စေပါတယ်။
ရေမွှေးမဆွတ်သင့်တဲ့နေရာများ
၁။ ချိုင်း
ချိုင်းမှာ ချွေးဂလင်းတွေရှိပါတယ်။ ချိုင်းမှာ ရေမွှေးဆွတ်ရင် ချွေးဂလင်းတွေနဲ့ ပေါင်းစပ်ပြီး အသားအရေလောင်တာနဲ့ ယားယံတာကို ခံစားရပါတယ်။ ချိုင်းမှာ ရေမွှေးဆွတ်တဲ့အခါ မွှေးပျံ့တဲ့ရနံ့ကို ရရှိမှာမဟုတ်ပါဘူး။
၂။ Bikini zone
ရေမွှေးမဆွတ်သင့်တဲ့ နောက်ထပ်နေရာတစ်ခုကတော့ Bikini zone ပါ။ အဲဒီနေရာမှာ ဆွတ်ရင် အသားအရေခြောက်ပြီး အရေပြားပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။
၃။ မျက်လုံးတစ်ဝိုက်
မျက်လုံးတစ်ဝိုက်မှာတော့ ရေမွှေးကို လုံးဝမဆွတ်သင့်ပါဘူးနော်။ အယ်လ်ကိုဟောနဲ့ ethyl ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ရေမွှေးတွေက မျက်လုံးအမြင်အာရုံကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။
၄။ လက်ဖဝါး
အချို့က ရေမွှေးကို လက်ကောက်ဝတ်မှာ ဆွတ်ကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာတော့ ရေမွှေးမဆွတ်သင့်ပါဘူး။ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ရေမွှေးတွေနဲ့ လက်ဖဝါးကို ဆွတ်ရင် လက်ဖဝါးခြောက်သွေ့တာ၊ အက်ကွဲတာတို့ ဖြစ်ပေါ်လာပါတယ်။
Zombie (lovemedia)
0 Comments