မင်္ဂလာဆောင်တဲ့အခါ သတို့သမီးတွေက လက်ကိုင်ပန်းလှလှလေးတွေကို ကိုင်လေ့ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံက သတို့သမီးတစ်ယောက်ကတော့ လက်ကိုင်ပန်းအစား ကြက်သွန်နီ ၄ ကီလိုဂရမ်ကို အလှဆင်ပြီး လက်ကိုင်ပန်းအဖြစ် ကိုင်ခဲ့ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ဖိလစ်နိုင်ငံမှာ ကြက်သွန်နီက အရမ်းကို ဈေးကြီးနေတာကြောင့်ပါ။
April Lyka Biorrey-Nobis က အသက် ၂၈ နှစ်အရွယ်ရှိတဲ့ သတို့သမီးတစ်ယောက်ဖြစ်ပြီး Iloilo မြို့မှာ နေထိုင်ပါတယ်။ April က အစကတော့ ရိုးရာပန်းလေးကို လက်ကိုင်ပန်းအဖြစ်ကိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့် အသက် ၃၅ နှစ်အရွယ် သတို့သား Erwin Nobis က ဈေးကြီးနေတဲ့ကြက်သွန်နီကို လက်ကိုင်ပန်းအဖြစ် ကိုင်ဖို့ အကြံပေးပါတယ်။
အဲဒါကြောင့် တန်ဖိုးကြီးနေတဲ့ကြက်သွန်နီကို လက်ကိုင်ပန်းအဖြစ် ကိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ပန်းတွေက ခြောက်ပြီး လွှင့်ပစ်ရမှာဖြစ်ကြောင်း၊ ကြက်သွန်နီဆိုရင် စားလို့ရသေးကြောင်း စိတ်ကူးရတာကြောင့် သတို့သမီးက ကြက်သွန်နီကိုသာ ရွေးချယ်ခဲ့ပါတယ်။
မင်္ဂလာမဆောင်ခင် ၄ ရက်အလိုမှာ ကြက်သွန်နီတွေက အခြားမြို့ကနေ ရောက်လာပါတယ်။ ကြက်သွန်နီရဲ့ တန်ဖိုးက 148 ဒေါ်လာတောင် ပေးရပါတယ်။ လက်ကိုင်ပန်းက 278 ဒေါ်လာရှိပြီး ပိုဈေးကြီးနေပါတယ်။
မင်္ဂလာပွဲပြီးတဲ့အခါမှာတော့ သတို့သမီးက ကြက်သွန်နီတွေကို အဘိုးအဘွားတွေ၊ ဆွေမျိုးတွေကို ချက်စားဖို့ လက်ဆောင်အဖြစ် ပြန်ပေးလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကြက်သွန်နီက အရမ်းဈေးကြီးနေပါတယ်။ ကြက်သွန်နီတစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁၁.၁၄ ဒေါ်လာပေးရပါတယ်။ အဲဒီပမာဏက ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ရဲ့ အနိမ့်ဆုံးလုပ်အားခထက်အောင် များနေပါသေးတယ်။
သိုလှောင်ဖို့နေရာမရှိခြင်း၊ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါတို့ကြောင့် ကြက်သွန်နီဈေးက ဖိလစ်ပိုင်နိုင်ငံမှာ အရမ်းမြောက်တက်သွားခဲ့ပါတယ်။
Zombie (lovemedia)
0 Comments