တက်တူးထိုးပြီးနောက် မပြုလုပ်သင့်တဲ့အရာ (၈) ခု

တက်တူးထိုးပြီးတဲ့အခါ အနာအကျက်မြန်စေဖို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အသစ်စက်စက်ထိုးထားတဲ့ တက်တူးလေးကို ဘယ်လိုနည်းလမ်းတွေကို ဂရုစိုက်ပေးနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

ပထမရက်

၁။ ရေနံဂျယ်လီ

တက်တူးထိုးပြီးတာနဲ့ တက်တူးဆရာတွေက ရေနံဂျယ်လီကို လိမ်းပေးလေ့ရှိပါတယ်။ မလိမ်းပေးတဲ့အခါမှာလည်း ကိုယ်တိုင်လိမ်းသင့်ပါတယ်။

၂။ ပလက်စတစ်

တက်တီးထိုးပြီးတာနဲ့ အိမ်ကို ဒီတိုင်းပြန်မသွားသင့်ပါဘူး။ တက်တူးထိုးထားတဲ့တစ်ဝိုက်ကို ပလက်စတစ်နဲ့ ပတ်ပြီးတော့မှသာ ပြန်သင့်ပါတဘ်။

၃။ ရေဆေးချပါ။

အိမ်ပြန်ရောက်ပြီး ပတ်ထားတဲ့ ပလက်စတစ်ကို ချွတ်လိုက်လို့ရပါပြီ။ ပလက်စတက်ကို ချွတ်ပြီး နာရီအနည်းငယ်အကြာမှာ တက်တူးထိုးထားတဲ့နေရာကို ရေနဲ့ ညင်ညင်သာသာ ဆေးလိုက်ပါ။

နောက်ရက်များ

၄။ ဘက်တီးရီးယား ကာကွယ်ပေးတဲ့ ခရင်မ်

တက်တူးထိုးထားတဲ့နေရာကို ဘက်တီးရီးယားတွေ မဝင်အောင် တစ်နေ့ကို နှစ်ကြိမ်ခန့် ဘက်တီးရီးယားကာကွယ်ပေးတဲ့ ခရင်မ်ကို လိမ်းပေးပါ။ လိမ်းပြီးနောက် ပလက်စတစ်နဲ့ ပတ်ထားဖို့ မလိုတော့ပါဘူး။

၅။ ရေဆေးချပါ။

တစ်နေ့ကို နှစ်ကြိမ် ဘက်တီးရီးယားကာကွယ်ပေးတဲ့ခရင်မ် လိမ်းပေးသင့်သလို တစ်နေ့ကိုနှစ်ကြိမ် တက်တူးထိုးထားတဲ့နေရာကို ရေလောင်းချပေးပါ။ ပြီးနောက် နူးညံ့တဲ့ အဝတ်စလေးနဲ့ ခြောက်သွေ့သွားအောင် သုတ်လိုက်ပါ။

၆။ ရေဓာတ်ဖြည့်ခရင်မ်

တက်တူးထိုးထားတဲ့နေရာကို ရေလောင်းချပြီးနောက်မှာ အစိုဓာတ်ပြည့်အောင်လို့ ရေဓာတ်ဖြည့်ခရင်မ်လိမ်းပေးနိုင်ပါတယ်။ ရေနဲ့လောင်းချပြီးတဲ့အခါတိုင်း လိမ်းပေးလို့ရပါတယ်။ အဲဒီအခါ တက်တူးက ၂ ပတ်ကနေ ၄ ပတ်အတွင်း အကျန်မြန်လာပါတယ်။

၇။ ကုတ်ဖဲ့တာကို ရှောင်ကြဉ်ပါ။

တက်တူးထိုးပြီးနောက် ရက်ကြာလာတဲ့အခါ အရေပြားက ယားလာပါတယ်။ ဒါပေမယ့် လုံးဝ မကုတ်သင့်ပါဘူး။ ကုတ်လိုက်တဲ့အခါ ပိုးဝင်သွားပြီး တက်တူးရဲ့အရောင်လည်း ဖျော့သွားပါတယ်။

၈။ ရေကူးတာနဲ့ နေပူဆာလှုံတာကို ရှောင်ကြဉ်ပါ။

တက်တူးထိုးပြီးနောက် ၂ ပတ်ခန့် ရေကူးတာ၊ နေပူဆာလှုံတာကို ရှောင်သင့်ပါတယ်။ နေရောင်က တက်တူးရဲ့အရောင်ကို မှေးမှိန်သွားစေတာကြောင့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments