လက်သည်းကိုက်တတ်တဲ့အကျင့် ကလေးဘဝကတည်းက စွဲမြဲလာတတ်ပါတယ်။ လက်သည်းကိုက်တဲ့အကျင့်က ဖျောက်ရခက်ပါတယ်။
လက်သည်းကိုက်တာက မကောင်းတဲ့အကျင့်လို့ အချို့က ယူဆကြပါတယ်။ တကယ်တော့ လက်သည်းကိုက်တဲ့အကျင့်ကနေ သင့်ရဲ့အတွင်းစိတ်အကြောင်းကို သိနိုင်ပါတယ်။
၁။ စေ့စပ်သေချာသူဖြစ်ခြင်း
လေ့လာချက်တစ်ခုအရ လက်သည်းကိုက်တတ်သူတွေဟာ စေ့စပ်သေချာသူတွေ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုကို သေချာတိကျအောင် ပြုလုပ်တတ်သူတွေ ဖြစ်ကြပါတယ်။
လက်သည်းကိုက်တတ်သူအများစုဟာ အလုပ်မလုပ်ရရင် ပျင်းတယ်လို့ ခံစားရလောက်အောင် အလုပ်ကို ရူးသွပ်ကြပါတယ်။
၂။ ဉာဏ်ကောင်းခြင်း
လက်သည်းကိုက်တတ်သူတွေက ရည်မှန်းချက်ကြီးသူတွေပါ။ ဉာဏ်ရည်ဉာဏ်သွေးကောင်းပြီး အမြဲတမ်းစဉ်းစားတွေးခေါ်နေတတ်ပါတယ်။ အာရုံစိုက်ရမယ့်အရာတွေ ရှိတဲ့အခါ လက်သည်းကိုက်ပြီး စဉ်းစားနေတတ်ပါတယ်။
၃။ စိတ်မရှည်ခြင်း
စိတ်မြန်တာက လက်သည်းကိုက်တတ်သူတွေရဲ့အကျင့်ပါ။ စောင့်ဆိုင်းရတာတွေကို မကြိုက်ဘဲ စိတ်မြန်လက်မြန်ပဲ လုပ်ဆောင်တတ်ပါတယ်။ ပျင်းရိငြီးငွေ့လာတဲ့အခါ လက်သည်းကိုက်ပြီး အလုပ်အကြောင်းတွေကို စဉ်းစားနေတတ်ပါတယ်။
၄။ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ခြင်း
လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိသူတွေဟာ အမြဲတမ်းကြိုးစားနေပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှု မရှိသူတွေပါ။ အောင်မြင်မှုကြီးကြီးမားမားရနေမှသာ စိတ်ချမ်းသာတတ်ကြပါတယ်။
ရည်မှန်းချက်တွေကို မရောက်ရောက်အောင် သွားပြီး ခန့်မှန်းထားတာတွေ ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံးတော့ပါဘူး။
၅။ အစွဲအလမ်းကြီးခြင်း
လက်သည်းကိုက်သူတွေက ဘယ်အရာကိုမဆိုအစွဲအလမ်းကြီးပါတယ်။ တစ်ခုဆိုတစ်ခု မရရအောင် ပြုလုပ်တတ်ပါတယ်။
စိတ်ခံစားလွယ်သူတွေဖြစ်ကြပြီး သနားညှာတာစိတ်လည်း ရှိကြပါတယ်။ ဒါပေမယ့် လက်သည်းကိုက်တဲ့အကျင့်က ကြာရှည်လာလေ ဖျောက်ဖို့ ခက်လာလေပါပဲ။
Zombie (lovemedia)
0 Comments