ကိုယ်အလေးချိန်ကျဖို့ဆိုရင် လေ့ကျင့်ခန်း၊ အစားအသောက်၊ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ နည်းမှန်လမ်းမှန်ဖို့ လိုအပ်ပါတယ်။
Jaime Allison နဲ့ သမီးဖြစ်သူ Calista Jean Jones တို့ဟာ တက်ညီလက်ညီနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ပါတယ်။ အမေနဲ့သမီးနှစ်ယောက်ပေါင်း ကိုယ်အလေးချိန် ၁၉၅ ပေါင်အထိ လျှော့ချနိုင်ခဲ့ပါတယ်။
Jaime က အသက် ၄၀ ရှိပြီဖြစ်ပြီး Calista ကတော့ အသက် ၁၈နှစ်ပါ။ သားအမိနှစ်ယောက်ဟာ ၂၀၁၆ခုနှစ်အစပိုင်းမှာတင် ကိုယ်အလေးချိန်လျှော့ချနိုင်ရမယ်ဆိုပြီး အပြန်အလှန်တွေ ကတိတွေပေးခဲ့ကြပါတယ်။ အဲဒီနောက် အကသင်တန်းမှာ စာရင်းသွင်းခဲ့ကြပါတယ်။
၁၉၈၀ ခုနှစ်အကတွေက ၃ နှစ်အတွင်းမှာပဲ Jaime တို့သားအမိနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေပါတယ်။ ၁၉၈၀ခုနှစ်အကတွေကို ၃ှနှစ်ကခဲ့ပြီးတော့ ကိုယ်အလေးချိန်က သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
Jaime တို့သားအမိနှစ်ယောက်ဟာ ကရင်းနဲ့ တိုးတက်မှုတွေကို စတင်မြင်တွေ့လာပါတယ်။ အဲဒီကနေ မိသားစုဝင်တွေကလည်း သူတို့နှစ်ယောက် ကိုယ်အလေးချိန် ကျဖို့ ကူညီပေးခဲ့ပါတယ်။
အစားအသောက်တွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် စနစ်တကျ ပြင်ဆင်ချက်ပြုတ်ပေးခဲ့ပါတယ်။ အဲဒါကြောင့်လည်း Jaime တို့နှစ်ယောက်ဟာ ကိုယ်အလေးချိန်ကို အောင်အောင်မြင်မြင်လျှော့ချနိုင်ခဲ့ကြတာပါ။
ကိန်းဂဏန်းအချက်အလက်တွေအရ အမေရိကန်နိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ အဝလွန်းခြင်းကို ခံစားနေရပါတယ်။
အဝလွန်တာကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ရောဂါကိုပါ ခံစားလာရပါတယ်။ Jaime တို့သားအမိနှစ်ယောက်ကတော့ အကကပြီးတော့ နှစ်ယောက်ကိုယ်အလေးချိန်ပေါင်း ၁၉၅ ပေါင်ကို လျှော့ချနိုင်ခဲ့တာပါ။
Jaime က သူမရဲ့အင်စတာဂရမ်အကောင့်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ တိုက်တွန်းပေးခဲ့တဲ့ သမီးဖြစ်သူကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။
သမီးဖြစ်သူနဲ့ စိတ်တူကိုယ်တူ ဇွဲရှိရှိကနိုင်ခဲ့တာကြောင့် ခန္ဓာကိုယ်က အခြားတစ်ယောက်လို ပြောင်းလဲသွားခဲ့ပါတယ်။
ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ ထင်ထားသလောက်တော့ မလွယ်ကူပါဘူး။ ဇွဲနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတို့က မဖြစ်မနေလိုအပ်ပါတယ်။
စနစ်ကျတဲ့လေ့ကျင့်ခန်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံ၊ အစားအသောက်၊ စိတ်အားထက်သန်မှုတို့ ပေါင်းစပ်လိုက်ရင် မျှော်မှန်းထားတဲ့ကိုယ်အလေးချိန်ကို ရရှိလာမှာပါ။
Zombie (lovemedia)
0 Comments