Victoria's Secret model တွေက အရမ်းကို အလုပ်များကြပါတယ်။ တစ်ခါတရံမှာ ၄ နာရီလောက်သာ အိပ်ချိန်ရှိတတ်ပါတယ်။
ဒါပေမယ့် Victoria's Secret model တွေက အမြဲတမ်း ကြော့ရှင်းလှပနေတတ်ကြပါတယ်။ အဲဒါကြောင့် Victoria's Secret model တွေအသုံးပြုတဲ့ အလှအပလျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သွားတိုက်ဆေး
Gigi Hadid က သွားတိုက်ဆေးကို ဝက်ခြံတွေ ဖယ်ရှားဖို့ အသုံးပြုလို့ရှိပါတယ်။ ဒီအချက်ကတော့ အချို့တွေအတွက် မယုံချင်စရာဖြစ်နေပါလိမ့်မယ်။
သွားတိုက်ဆေးမှာပါဝင်တဲ့ ဓာတုဆေးတွေက ဘက်တီးရီးယားကို ဖယ်ရှားပေးပြီး ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါပေမယ့် အချို့တွေက သွားတိုက်ဆေးနဲ့ မတည့်ဘဲ ဝက်ခြံတွေက ပိုဆိုးလာလေ့ရှိပါတယ်။
၂။ လက်ဝှေ့ထိုးခြင်း
Adriana Lima က လက်ဝှေ့ထိုးလာတာ ၁၀ နှစ်ကျော်လာပါပြီ။ လက်ဝှေ့ထိုးတာက စိတ်အတွက်ရော ခန္ဓာကိုယ်အတွက်ပါ ကုထုံးဖြစ်တယ်လို့ သူမက ဆိုပါတယ်။ လက်ဝှေ့ကို တစ်နာရီထိုးရုံနဲ့ ကယ်လိုရီတွေက ၈၀၀ခန့် လောင်ကျွမ်းပါတယ်။
၃။ မျက်တောင်
Eyelash curler ကို အပူပေးပြီးမှ မျက်တောင်မှာ အသုံးပြုကြောင်း Taylor Hill က ပြောပြပါတယ်။ ဒီနည်းလမ်းကိုတော့ မိတ်ကပ်ကျွမ်းကျင်သူတွေက ပြောပြခဲ့တာပါ။ Eyelash curler ကို အပူပေးပြီးမှ အသုံးပြုတဲ့အခါ မျက်တောင်က အချိန်ကြာကြာ ကော့ညွတ်နေပါတယ်။
၄။ ရေသန့်နဲ့မျက်နှာသစ်ခြင်း
Adriana Lima က မျက်နှာသစ်တဲ့အခါ ရေသန့်နဲ့ပဲ သစ်လေ့ရှိပါတယ်။ ရေပိုက်ခေါင်းက ထွက်လာတဲ့ရေတွေမှာ မသန့်ရှင်းတာတွေ ပါလာတတ်တာကြောင့် ရေသန့်နဲ့ပဲ သစ်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။
၅။ ၂ နာရီခြားတစ်ခါ စားခြင်း
Barbara Palvin က အစားအသောက်ကြိုက်သူတစ်ယောက်ဖြစ်ပြီး နည်းနည်းချင်းစီနဲ့ အကြိမ်ပေါင်းများစွာ စားပါတယ်။ သူမက အစားအစာတွေကို နည်းနည်းစီနဲ့ ၂ နာရီခြားတစ်ခါ စားလေ့ရှိပါတယ်။ နည်းနည်းချင်းစီနဲ့ မကြာခဏစားတာက ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေပါတယ်။
၆။ ဆန်ဆေးရည်
Roise Huntington-Whiteley ရဲ့ဆံပင်က ကိုယ်ဝန်ဆောင်ချိန်တုန်းက အရမ်းကို ဆိုးရွားလာခဲ့ပါတယ်။ ဆံပင်တွေက မကြာခဏကျွတ်လာခဲ့ပါတယ်။
ဆံပင်ကျွတ်တာ သက်သာအောင် Roise Huntington-Whiteley က ဆံဆေးရည်ကို အသုံးပြုခဲံပါတယ်။ ဆန်ဆေးရည်က ဆံပင်ကျွတ်တာသက်သာစေပြီး ဦးရေပြားကိုလည်း အာဟာရဓာတ်တွေ ပေးပါတယ်။
၇။ တစ်ပတ်ကို တစ်ကြိမ်ခန့် ပေါင်းခံချွေးထုတ်ခြင်း
Irina Shayk က တစ်ပတ်ကို တစ်ကြိမ်ခန့် ပေါင်းခံချွေးထုတ်ရတာကို သဘောကျသူပါ။ ပေါင်းခံချွေးထုတ်တာကြောင့် ချွေးပေါက်တွေ ပွင့်သွားပါတယ်။
၁၅ မိနစ်ခန့် ချွေးထုတ်ပေးရင် လုံလောက်ပါတယ်။ Spa သွားဖို့ အချိန်မရတဲ့အခါမှာတော့ မျက်နှာကို ရေနွေးငွေ့ခံပေးခြင်းကလည်း ထိရောက်ပါတယ်။
၈။ မနက်ပိုင်းမှာ မုန့်အချိုတွေကို စားခြင်း
Alessandra Ambrosio က ချိုတဲ့မုန့်တွေကို စားရတာ သဘောကျပါတယ်။ ဒါပေမယ့် ချိုတဲ့မုန့်တွေကို ကြိုက်တဲ့အချိန်စားတာမဟုတ်ဘဲ မနက်ပိုင်းမှာ စားလေ့ရှိပါတယ်။ မနက်စာအဖြစ် ကြက်ဥ၊ သစ်သီး၊ ကော်ဖီ၊ ဆန်းဝှ်ချ်တို့ကို စားလေ့ရှိပါတယ်။
Zombie (lovemedia)
0 Comments