အချိန်တွေ ကြာလာတာနဲ့အမျှ မွေ့ရာက ညစ်ပတ်လာပါတယ်။ သေချာမသန့်ရှင်းပေးတဲ့အခါမှာ အနံ့အသက်ဆိုးတွေထွက်ပြီး အိပ်ရင်လည်း ယားယံလာပါတယ်။ အဲဒါကြောင့် မွေ့ရာကို သန့်ရှင်းပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
- အနံ့ဆိုးတွေကို ဖယ်ရှားဖို့အတွက်
၁။ မုန့်ဖုတ်ဆော်ဒါ
မွေ့ရာက အနံ့အသက်ဆိုးတွေကို ဖယ်ရှားဖို့အတွက် မုန့်ဖုတ်ဆော်ဒါတွေကို အနှံ့လိုက်ဖြူးလိုက်ပါ။ နာရီအနည်းငယ်ကြာပြီးတဲ့အခါမှာ ဖုန်စုပ်စက်နဲ့ မုန့်ဖုတ်ဆော်ဒါတွေကို စုပ်ယူလိုက်လို့ရပါပြီ။ ပြီးနောက် ရနံ့ဆီလေးတွေကို မွေ့ရာပေါ်မှာ ဖျန်းပေးနိုင်ပါတယ်။
၂။ ရှာလကာရည်
ရှာလကာရည်ကို မွေ့ရာအနှံ့ ဖျန်းပေးတဲ့အခါ မှိုနံ့နဲ့ ဘက်တီးရီးယားတွေ ကင်းစင်သွားပါတယ်။ အရင်ဆုံး မွေ့ရာကို ဖုန်စက်စက်နဲ့ သန့်ရှင်းလိုက်ပါ။
ပြီးနောက် ရှာလကာရည်လေးတွေကို ဖျန်းပေးလိုက်ရုံပါပဲ။ ၄ နာရီခန့်ကြာပြီး မွေ့ရာခြောက်သွားတဲ့အခါမှာတော့ အိပ်ရာပြန်ခင်းလို့ရပါပြီ။
- အစွန်းတွေကို ဖယ်ရှားဖို့အတွက်
၃။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
မွေ့ရာမှာ စွန်းထင်းနေတဲ့အစွန်းတွေကို ဖယ်ရှားဖို့ ဟိုက်ဒရိုက်ဂျင်ပါအောက်ဆိုက်ကို အသုံးပြုနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နှစ်ဆ၊ ဆပ်ပြာရည်တစ်ဆကို ရောပြီး အမြှုပ်ထလာတဲ့အထိ မွှေပါ။
ရလာတဲ့အရည်ကို သွားတိုက်တံလေးနဲ့အသုံးပြုပြီး မွေ့ရာက စွန်းနေတဲ့နေရာမှာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ပြီးနောက် သန့်ရှင်းတဲ့အဝတ်စလေးနဲ့ ပြန်လည်ပွတ်တိုက်ပေးပါ။ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ မွေ့ရာကို ထားပြီးနောက် အသုံးပြုလို့ရပါပြီ။
- လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပါ။
မွေ့ရာက အနံ့ဆိုးတွေ ထွက်အောင် အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လျှော်ပါ။ အခန်းက ပြူတင်းပေါက်တွေကို ဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်နိုင်ပါတယ်။
မွေ့ရာကို နေရာင်နဲ့ပြထားရင် အနံ့ဆိုးတွေ ပျောက်ပြီး ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပြီးသားဖြစ်သွားပါတယ်။ မွေ့ရာကို သန့်ရှင်းအောင် ပြုလုပ်ပြီးတဲ့အခါ အိပ်ရာခင်းကိုလည်း သန့်ရှင်းအောင် ပြုလုပ်ပေးဖို့ လိုအပ်ပါသေးတယ်။
အိပ်ရာခင်းကို မုန့်ဖုတ်ဆော်ဒါ သို့မဟုတ် ရှာလကာရည်နဲ့ ၁၅ ရက်တစ်ခါ လျှော်ပေးနိုင်ပါတယ်။ အဲဒီအခါ အနံ့အသက်ကင်း သန့်ရှင်းပြီး အိပ်ရေးဝစေမှာပါ။
Zombie (lovemedia)
0 Comments