အသားအရေတင်းရင်းလှပဖို့အတွက် ထိရောက်စေမယ့်နည်းလမ်း (၁၀) ခု

အသက်ကြီးလာတာနဲ့အမျှ အသားအရေတွေ မတင်းရင်းတော့ပါဘူး။ အသားအရေတင်းရှင်းဖို့ ပြုလုပ်ပေးတဲ့ ပရိုတိန်းဓာတ်တွေက ခန္ဓာကိုယ်မှာ နည်းပါးလာပါတယ်။

ကိုယ်အလေးချိန် ရုတ်တရက်ကျသွားရင်လည်း အသားအရေ မတင်းရင်းတော့ပါဘူး။ အဲဒါကြောင့် အသားအရေတင်းရင်းစေဖို့ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှိပ်နယ်ပေးခြင်း

နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းလာစေပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ခရင်မ်တွေကို လိမ်းပေးပြီး နှိပ်နယ်ပေးခြင်းက အသားအရေကို ရက်သတ္တပတ်အနည်းငယ်အတွင်း တင်းရင်းလှပလာစေပါတယ်။

၂။ ဖြည့်စွက်စာ

အသားအရေတင်းရင်းဖို့ဆိုရင် collagen hydrolysate ကို စားပေးနိုင်ပါတယ်။ ဒါ့အပြင် မေးစေ့နှစ်ထပ်ဖြစ်တာ၊ အရေးအကြောင်းဖြစ်တာတို့ ကာကွယ်ဖို့ ဗီတာမင် A,C, D, E, coenzyme Q10, selenium, ဇင့် တို့ပါဝင်တဲ့အစားအစာတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။

၃။ ကြွက်သားလေ့ကျင့်ခန်းများ

ကိုယ်အလေးချိန်ကျသွားတာကြောင့် အသားအရေတွေ မတင်းရင်းတော့ဘူးဆိုရင် လေ့ကျင့်ခန်းတွေနဲ့ ပြုပြင်ပေးနိုင်ပါတယ်။ အလေးမတာ၊ လေ့ကျင့်ခန်းပြုလုပ်တာတွေကြောင့် အသားအရေတွေ မလျော့တွဲတော့တဲ့အပြင် အဆီပိုတွေလည်း ကျသွားမှာပါ။

၄။ ယောဂလေ့ကျင့်ခန်းများ

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မပြုလုပ်နိုင်တဲ့အခါ ယောဂလေ့ကျင့်ခန်းတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းကြောင့် စိတ်တည်ငြိမ်လာပြီး ခန္ဓာကိုယ်လည်း လှပလာမှာပါ။

၅။ ကိုယ်အလေးချိန်ကို ဖြည်းဖြည်းသာလျှော့ချပါ။

ကိုယ်အလေးချိန်ကို အပြင်းအထန်လျှော့ချတာကြောင့် ကြွက်သားတွေပါ ဆုံးရှုံးလာပါတယ်။ ကျစ်လျစ်လှပဖို့အတွက် တစ်ပတ်ကို ၂ ပေါင်ထက်ပိုပြီး ကိုယ်အလေးချိန် မလျှော့ချသင့်ပါဘူး။

၆။ ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ။

အသက်ကြီးလာတာနဲ့အမျှ အသားအရေက ပျော့တွဲပြီး အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ အသားအရေခြောက်သွေ့တာကြောင့်လည်း အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် ရေများများသောက်ပေးပါ။

၇။ သဘာဝကုထုံးများ

သခွားသီး၊ သံပုရာသီး၊ ရှားစောင်းလက်ပတ်တို့မှာ ရေဓာတ်တွေ ပါဝင်ပါတယ်။ သခွားသီး၊ သံပုရာသီး၊ ရှားစောင်းလက်ပတ်တို့ကို အရည်ညှစ်ပြီး အသားအရေတွဲကျတဲ့နေရာမှာ လိမ်းပေးရုံပါပဲ။

၈။ Radiofrequency ကုထုံး

အရေးအကြောင်းတွေကို ဖျောက်ဖို့အတွက် Radiofrequency ကုထုံးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ဒီကုထုံးကို ကြိမ်ဖန်ပေါင်းများစွာ ပြုလုပ်ဖို့ လိုအပ်ပေမယ့် စိတ်ချရပါတယ်။

၉။ ရေကူးခြင်း

ရေကူးရင် လက်မောင်းအားကို အသုံးပြုရတာကြောင့် လေ့ကျင့်ခန်းလုပ်တာနဲ့အတူတူပါပဲ။ ရေကူးတာကြောင့် ကြွက်သားတွေကိုလည်း သန်မာလာစေပါတယ်။

၁၀။ အသားအရေကို ဂရုစိုက်ခြင်း

နေရောင်ခြည်ဒဏ်တွေကြောင့် အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းတွေက စောစောစီးစီး ပေါ်လာတတ်ပါတယ်။ အသက်ကြီးတဲ့အထိ အသားအရေလှဖို့အတွက်ဆိုရင် အသက် ၂၀ ကျော်အရွယ်ကတည်းက sunscreen ကို လိမ်းပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments