အနေဝေးတဲ့စုံတွဲတွေအတွက် အဝေးကနေ အနမ်းပေးလို့ရမယ့်စက်ကို တီထွင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား (ရုပ်သံ)

တရုတ်နိုင်ငံမှာ အနေဝေးတဲ့ချစ်သူတွေအတွက် အဝေးကနေ နမ်းလို့ ရနိုင်မယ့် စက်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒီစက်လေးကို ဆီလီကွန်နဲ့ပြုလုပ်ထားပါတယ်။

စက်နှစ်ခုကို ချိတ်ဆက်ထားလိုက်ရင် ဒီဘက်ကနေ နမ်းလိုက်တဲ့ပုံစံအတိုင်း အခြားတစ်ဖက်ကို ရောက်သွားပါတယ်။ စက်လေးက တစ်ဖက်က နမ်းလိုက်သူရဲ့ ဖိအား၊ လှုပ်ရှားမှုပုံစံ၊ နှုတ်ခမ်းအပူချိန်တို့ကိုပါ တစ်ပုံစံတည်း အခြားတစ်ဖက်ကို ဖော်ပြပေးတာပါ။


ဒီစက်လေးကို တီထွင်သူကတော့ တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ခရိုင်က Jiang ဆိုတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ကောင်မလေးနဲ့ ဝေးနေတာကြောင့် အရမ်းလွမ်းနေခဲ့ပြီး ဖုန်းနဲ့ပဲ ဆက်သွယ်နိုင်ခဲ့ပါတယ်။ အဝေးကနေ အနမ်းတွေပေးနိုင်ဖို့ စိတ်ကူးနဲ့ ဒီစက်လေးကို တီထွင်ဖြစ်သွားပါတယ်။


အနမ်းပေးလို့ရတဲ့စက်လေးကို တီထွင်ဖို့အတွက် တက္ကသိုလ်က သူ့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးခဲ့ပါတယ်။ အနမ်းပေးတဲ့စက်လေးကို Changzhou Vocational Institute of Mechatronic Technology က မှတ်ပုံတင်ခဲ့ပါတယ်။

အခုဆိုရင် အနမ်းပေးတဲ့စက်လေးကို တရုတ် e-commerce platform ဖြစ်တဲ့ Taobao မှာ အခု ၁၀၀ ရောင်းပြီးသွားပါပြီ။


အနမ်းပေးတဲ့စက်လေးကို ဖုန်းမှာ Bluetooth, application တစ်ခုနဲ့ ချိတ်ဆက်ထားရပါတယ်။ အသုံးပြုသူနှစ်ယောက်ပဲ ချိတ်ဆက်လို့ရပါတယ်။ တစ်ဖက်က သဘောတူလိုက်ပြီဆိုရင်တော့ အနမ်းတွေကို ပို့လိုက်လို့ရပါပြီ။

စက်တစ်လုံးကို ၃၇.၄၅ ဒေါ်လာကျပြီး တစ်စုံစာဆိုရင်တော့ ၇၉.၂၁ ဒေါ်လာကျပါတယ်။ Jiang က သူ့ရဲ့တီထွင်မှုအတွက် ဝမ်းသာနေခဲ့ပြီး အများကြီးရောင်းရလို့ အံ့ဩနေခဲ့ပါတယ်။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments