အဆိုတော်ကြီး Jennifer Lopez က အရွယ်နဲ့မလိုက်အောင် နုပျိုလှပပါတယ်။ အသက်ကြီးသွားပေမယ့်လည်း အသားအရေလှပနေတဲ့ Jennifer Lopez လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
J.Lo က အသားအရေအရမ်းလှပပေမယ့် ဘာခွဲစိတ်မှုကိုမှ မပြုလုပ်ထားပါဘူး။ အသားအရေတင်းရင်းလှပစေဖို့ botox ကိုတောင် မထိုးပါဘူး။
"အသားအရေအတွက် botox ထိုးတဲ့သူတွေကိုလည်း မဆန့်ကျင်ပါဘူး" လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။ J.Lo က နုပျိုလှပနေရတဲ့လျှို့ဝှက်ချက်တွေကို ပရိတ်သတ်တွေကို ဝေမျှပေးခဲ့ပါတယ်။
J.Lo ရဲ့အသားအရေထိန်းသိမ်းတဲ့နည်းလမ်းမှာ အဆင့် ၄ ဆင့်ပဲ ပါဝင်ပါတယ်။ အဲဒီအဆင့်တွေကိုလည်း အမျိုးသမီးတိုင်း လိုက်လုပ်ကြည့်နိုင်တဲ့အထိ လွယ်ကူပါတယ်။
လှပတဲ့အသားအရေဖြစ်ဖို့ အဆင့် ၄ ဆင့်
- ပထမအဆင့်ကတော့ မျက်နှာကို cleanser နဲ့ သစ်တာပါ။
- ပြီးနောက် serum ကို လိမ်းပါတယ်။ J.Lo က မနက်တစ်ကြိမ်၊ ညတစ်ကြိမ် serum လိမ်းပါတယ်။
- Serum လိမ်းပြီးနောက်မှာ sunscreen ကို လိမ်းပါတယ်။ J.Lo က အသက် ၂၀ ကျော်အရွယ်ကတည်းက sunscreen လိမ်းခဲ့တာကြောင့် နုပျိုခြင်းဖြစ်ကြောင်း မျှဝေပေးခဲ့ပါတယ်။
- နောက်ဆုံးအဆင့်ကတော့ eye cream ပါ။ အသားအရေလှပဖို့ဆိုရင် eye cream ကလည်း အရေးပါတဲ့အရာပါပဲ။
J.Lo က မျက်နှာအပြင်ပန်းလှအောင်လို့ ထိန်းသိမ်းသလို စိတ်အတွင်းပိုင်းလှအောင်လည်း နေထိုင်ပါတယ်။ မနက်ခင်းပိုင်းဆိုရင် ဖုန်းကို ဘေးမှာ ချထားပြီး မှန်ကန်တဲ့အတွေး၊ ကောင်းမွန်တဲ့အတွေးတွေ ဝင်ရောက်လာအောင်၊ စိတ်ကြည်လင်အောင် နေထိုင်ကြောင်း မျှဝေပေးခဲ့ပါတယ်။
Zombie (lovemedia)
0 Comments