ပလက်ဆာဂျရီမပြုလုပ်ဘဲ၊ botox မထိုးဘဲ မျက်နှာကအရေးအကြောင်းတွေကို ကင်းစင်စေတဲ့အရာ (၅) ခု

ပလစ်စတစ်ဆာဂျရီ၊ botox, injection စတဲ့နည်းလမ်းတွေက အမျိုးသမီးတွေကြားမှာ ခေတ်စားပါတယ်။ နုပျိုငယ်ရွယ်မှုတွေကို နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေနဲ့ ထိန်းသိမ်းလို့ရသလို သဘာဝနည်းလမ်းနဲ့လည်း ထိန်းသိမ်းလို့ရပါတယ်။

၁။ Argireline

Argireline က အသားအရေတွန့်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေကို ပြေလျော့စေပြီး ချွေးပေါက်ပိတ်တာကိုလည်း နည်းပါးသွားစေပါတယ်။ အချိန်အနည်းငယ်အတွင်းမှာတင် သိသာတဲ့ရလဒ်ကို ရရှိပါတယ်။

၂။ မြွေဆိပ် peptide

တကယ်မြွေဆိပ်အစစ်မဟုတ်ဘဲ မြွေဆိပ်လိုမျိုး အကျိုးအာနိသင်ရှိတာကြောင့် မြွေဆိပ် peptide လို့ခေါ်ကြပါတယ်။

Argireline လိုပဲ မျက်နှာက ကြွက်သားတွေကို ပြေလျော့စေပြီး မျက်နှာအသားအရေကို တင်းရင်းလှပစေပါတယ်။ အရေးအကြောင်းတွေကိုလည်း ကာကွယ်ပြီးသားဖြစ်သွားစေတာကြောင့် လူကြိုက်များပါတယ်။

၃။ Matrixyl

Palmitoyl pentapeptide-4 လို့ခေါ်ကြတဲ့ Matrixyl ဟာ အသားအရေကို နုပျိုအောင် အမြဲထိန်းသိမ်းပေးပါတယ်။ ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အရေးအကြောင်းအတွက် စိတ်ပူစရာမလိုတော့ပါဘူး။ Serum ဝယ်တဲ့အခါ Matrixyl ပါဝင်တဲ့ serum ကို ဦးစားပေးဝယ်ယူသင့်ပါတယ်။

၄။ ခရုရဲ့အဆီ

ခရုရဲ့အချွဲတွေက ထုတ်လုပ်ထားတဲ့ဆီက အသားအရေကို ချောမွေ့နူးညံ့စေတဲ့အပြင် တင်းရင်းလှပစေပါတယ်။

အသားအရေကို ပုံမှန်ထက် ဝင်းလက်လာစေပြီး ဝက်ခြံအမာရွတ်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အရေးအကြောင်းတွေကို ကြိုတင်ကာကွယ်လိုသူတွေအတွက် ခရုဆီကို ရွေးချယ်နိုင်ပါတယ်။

၅။ အင်တီအောက်ဆီးဒင့်များ

ဗီတာမင်စီက မျက်နှာအသားအရေကို ညီညာစေပြီး ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။ အသားအရေမှာ ကော်လဂျင်ထုတ်လုပ်မှုကိုလည်း တိုးမြင့်လာစေပါတယ်။

စပျစ်စေ့အဆီက အစွမ်းထက်တဲ့အင်တီအောက်ဆီးဒင့်ပါ။ စပျစ်စေ့အဆီက မျက်နှာအသားအရေကို တင်းတင်းလေးနဲ့ ဝင်းဝင်းလက်လက်လှပစေပါတယ်။

လက်ဖက်ဆီက နေလောင်ဒဏ်ကြောင့် မျက်နှာအသားအရေမညီညာတာကို ပြုပြုင်ပေးပါတယ်။ ဇင့်က ကော်လျဂျင်ထုတ်လုပ်မှုကို တိုးတက်စေတာကြောင့် နုပျိုဖို့အတွက် ရွေးချယ်သင့်တဲ့အရာပါ။

Retinol (vitamin A) က အရေးအကြောင်းတွေကို တိုက်ဖျက်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ သလဲသီးအဆီက မျက်နှာမှာ အိုမင်းရင့်ရော်မှုတွေကို နှေးကွေးသွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments