လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို မှန်းဆဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ စုံထောက်ကြီး ရှားလော့ဟုမ်းကတော့ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို အိမ်တွင်းအပြင်အဆင်ကနေ ခန့်မှန်းနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
အဲဒါကြောင့် အိမ်တွင်းအပြင်အဆင်ကနေ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို ဘယ်လိုအကဲခတ်နိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အပင်
ရွေးချယ်လိုက်တဲ့ အိမ်တွင်းစိုက်အပင်တွေကနေ သင့်အကြောင်းကို သိနိုင်ပါတယ်။ ကန္တာရဆူးပင်တွေကို ကြိုက်နှစ်တတ်သူတွေဟာ အမှီခိုကင်းကင်းနေထိုင်ချင်သူဖြစ်ပြီး
သစ်ခွပန်းပင်တွေ စိုက်ပျိုးတာကို သဘောကျသူကတော့ လူတွေနဲ့ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်ပါတယ်။ ပန်းပင်လေးတွေကို ကြိုက်နှစ်သက်သူက စိတ်တည်ငြိမ်အောင် ထားတတ်သူပါ။
၂။ မီးဖိုခန်းနဲ့ ရေချိုးခန်း
မီးဖိုခန်းမှာ အသုံးပြုတဲ့အသုံးအဆောင်ပစ္စည်းတွေ၊ အစားအစာတွေကနေ သင်က ဘယ်လောက်ဖော်ရွေတတ်သူဖြစ်လဲဆိုတာ သိနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ အစားအစာတွေကို လိုတာထက် ပြည့်သိပ်နေအောင် သိမ်းထားတတ်ရင် သင်က ပျော်ပျော်နေတတ်သူပါ။
ရေချိုးခန်းထဲကို အရမ်းအသေးစိတ်ကျအောင် သန့်ရှင်းထားသူဖြစ်ရင် အလုပ်ကို စေ့စပ်သေချာစွာ ပြုလုပ်တတ်သူပါ။
၃။ အိပ်ခန်း
အိပ်ရာရဲ့အရောင်ကနေလည်း သင့်အကြောင်းကို သိနိုင်ပါတယ်။ အိပ်ရာခင်းကို အနီရောင် သို့မဟုတ် အစင်းကြောင်းပါတဲ့အိပ်ရာခင်းကို ရွေးချယ်တတ်သူတွေက အရာရာကို အစီအစဉ်တကျလုပ်ဆောင်တတ်သူပါ။
အကွက်တွေပါတဲ့အိပ်ရာခင်းကို ရွေးချယ်သူတတ်သူတွေက များသောအားဖြင့် စိတ်လှုပ်ရှားလွယ်သူတွေပါ။
၄။ ပရိဘောဂပစ္စည်းများ
ဧည့်သည်တွေက အိမ်ကိုလာလည်တဲ့အခါ ပရိဘောဂပစ္စည်းတွေကို ကြည့်ပြီး သင့်အကြောင်းကို မှန်းဆနိုင်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို သေချာရွေးချယ်ထားပြီး ဂရုစိုက်တတ်သူတွေက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတွေပါ။
၅။ စာအုပ်များ
စာအုပ်တွေကို စီစီရီရီထားတတ်သူတွေက စည်းစနစ်ကျသူပါ။ အဝတ်အစားတွေက ဗီရိုထဲမှာ ပွနေရင် စည်းကမ်းမရှိတတ်သူတော့မဟုတ်ပါဘူး။
ပြဿနာကြီးတွေဖြစ်လာတဲ့အခါ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သူပါ။ ဗီရိုထဲမှာ အဝတ်အစားတွေ ပွနေရင် အတိတ်ကနေ ယနေ့ထက်တိုင် ရုန်းမထွက်နိုင်သေးသူပါ။
Zombie (lovemedia)
0 Comments