စစ်တမ်းတွေအရ အမေရိကန်နိုင်ငံရဲ့လူဦးရေ ၅၀.၂ ရာခိုင်နှုန်းဟာ ရည်းစားမရှိတဲ့ single တွေပါ။ အမေရိကန်နိုင်ငံမှာ လက်ထပ်ပြီးသားအမျိုးသမီးတွေထက် လက်မထပ်ရသေးတဲ့ အမျိုးသမီးဦးရေက ပိုများပါတယ်။
ထက်မြက်ပြီး ရုပ်ချောတဲ့ အမျိုးသမီးတွေအများစုဟာ ဘာ့ကြောင့် single ဖြစ်နေရလဲဆိုတဲ့အကြောင်းအရင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လွတ်လပ်မှုကို ပိုသဘောကျခြင်း
ထက်မြက်တဲ့အမျိုးသမီးတွေက အနှောင်အဖွဲ့တွေကို သဘောမကျတော့ပါဘူး။ အမျိုးသားတွေအပေါ်မှာ မမှီခိုဘဲ ဘဝကို တစ်ယောက်တည်း ရပ်တည်လာနိုင်ကြပါတယ်။
အိမ်ထောင်ပြုတဲ့အခါ သို့မဟုတ် လက်တွဲဖော်ရှာတဲ့အခါ လွတ်လပ်မှုတွေကို မရရှိတော့မှာစိုးရိမ်တာကြောင့် တစ်ယောက်တည်းနေဖို့ကို ရွေးချယ်လာကြပါတယ်။
၂။ ကိုယ်ပိုင်အချိန်ကို မြတ်နိုးခြင်း
အလုပ်က ပြန်လာပြီးနောက် အမျိုးသားနဲ့ ကလေးတွေအတွက် ချက်ပြုတ်ပေးရတာထက် တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကို အမျိုးသမီးတွေက ပိုပြီး သဘောကျလာပါတယ်။
အမျိုးသားနဲ့ ကလေးတွေအတွက် အချိန်ပေးစရာမလိုတာကြောင့် ကိုယ်ပိုင်အချိန်လည်း ပိုရလာပါတယ်။ စိတ်ဝင်စားတဲ့အရာတွေကိုလည်း နောက်ဆံမတင်းဘဲ လုပ်လာနိုင်ပါတယ်။
၃။ စိတ်တည်ငြိမ်လာခြင်း
ခေတ်တွေတိုးတက်လာတာနဲ့အမျှ အမျိုးသမီးပညာတတ်တွေ ပိုများလာပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေလည်း တည်ငြိမ်လာပြီး အနှောင်အဖွဲ့ကင်းတဲ့ဘဝကို ရွေးချယ်လာကြပါတယ်။
မိမိကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက် အချိန်ကုန်မခံတော့ဘဲ တစ်ယောက်တည်းနေထိုင်တာကို ပိုကြိုက်တာကြောင့် ရုပ်ချောပေမယ့်လည်း single ဖြစ်နေတတ်ကြပါတယ်။
၄။ မတူညီတဲ့ဆက်ဆံရေးကို သဘောကျလာခြင်း
အမျိုးသမီးတွေက တစ်ယောက်တည်းနေရမှာကို ရွေးချယ်လာတဲ့အပြင် လိင်တူချင်းလည်း သဘောကျလာပါတယ်။ လက်ထပ်တာထက် အချို့သောဆက်ဆံရေးတွေက ပျော်စရာပိုကောင်းနေတတ်တာကြောင့်ပါ။
၅။ မြင့်မားတဲ့စံနှုန်းတွေနဲ့ ရွေးချယ်ခြင်း
အမျိုးသမီးတွေက ပညာတတ်ပြီး ဦးဆောင်လာနိုင်တာနဲ့အမျှ သူတိုရွေးချယ်မယ့်အမျိုးသားကိုလည်း စံနှုန်းတွေနဲ့ ရွေးချယ်လာကြပါတယ်။
သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်မပြုပေးနိုင်တဲ့ အမျိုးသားတွေကိုဆိုရင် လက်မခံနိုင်တော့ပါဘူး။ အဲဒါကြောင့် ထက်မြက်တဲ့အမျိုးသမီးတွေက တစ်ယောက်တည်းနေရာကို ပိုနှစ်သက်လာပါတယ်။
၆။ ထက်မြက်ပြီး လှပတဲ့အမျိုးသမီးတွေကို အမျိုးသားတွေက မချဉ်းကပ်ရဲခြင်း
လှလည်းလှ၊ အတွေးအခေါ်လည်း ကောင်း၊ အရည်အချင်းလည်း ရှိတဲ့အမျိုးသမီးဆိုရင် အမျိုးသားတွေက ရှေ့ဆက်တိုးဖို့ မကြိုးစားတော့ပါဘူး။ အရမ်းလှပြီးတော်နေတဲ့အမျိုးသမီးဆိုရင် single မဖြစ်လောက်ဘူးလို့ အမျိုးသားတွေက ယူဆတာကြောင့်ပါ။
၇။ ယုံတမ်းစကားတွေကို နားမယောင်တော့ခြင်း
လှပပြီး ထက်မြက်တဲ့အမျိုးသမီးတွေလည်း အသည်းကွဲဖူးကြပါတယ်။ အသည်းကွဲပြီးနောက်ပိုင်းမှာ နောက်ထပ်အချစ်သစ်တွေကို မရှာဖွေချင်တော့တာကြောင့် single ဘဝနဲ့လည်း အရိုးထုတ်တတ်ကြပါတယ်။ အချစ်ထက် ဦးစားပေးစရာအရာတွေ ရှိလာတဲ့အခါ အနှောင်အဖွဲ့ကင်းကင်းနေထိုင်ရတာက ပိုကောင်းလာပါတယ်။
Zombie (lovemedia)
0 Comments