နိုင်ငံတိုင်းမှာ အမျိုးသားတွေနဲ့ပတ်သက်ပြီး မတူညီတဲ့စံနှုန်းတွေ ရှိကြပါတယ်။ အမျိုးသမီးတွေက ပုခုံးကျယ်ကျယ်၊ အရပ်ရှည်ရှည်၊ စတိုင်ကျကျ ကြင်နာတတ်တဲ့ အမျိုးသားတွေကို သဘောကျတတ်ကြပါတယ်။
ကမ္ဘာပေါ်က နိုင်ငံများစွာထဲကမှ ဂျာမန်အမျိုးသားတွေက ဘာ့ကြောင့်ဆွဲဆောင်မှု ပိုရှိနေတာလဲဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အရပ်ရှည်ပြီး စတိုင်လ်ကျခြင်း
အမျိုးသားတွေက အရပ်ရှည်တဲ့အမျိုးသားတွေကို သဘောကျကြပါတယ်။ ဂျာမန်အမျိုးသားအများစုက အရပ်ရှည်တဲ့အပြင် အဝတ်အစားဝတ်ဆင်တဲ့နေရာမှာလည်း အရမ်းကို စမတ်ကျပါတယ်။ လည်ပြန်ငေးရတဲ့အထိ ဂျာမန်အမျိုးသားတွေရဲ့ဖက်ရှင်အမြင်က ထူးခြားနေပါတယ်။
၂။ ရိုးသားခြင်း
ရည်းစားထားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ဘက်ရွေးတဲ့အခါမှာပဲဖြစ်ဖြစ် မရိုးသားတဲ့အခါ ဆိုးကျိုးတွေဖြစ်စေမှာပါ။ သစ္စာမရှိတဲ့သူကို ဘယ်သူကမှ သဘောမကျနိုင်ပါဘူး။ ဂျာမန်အမျိုးသားအများစုကတော့ သူတို့ရဲ့လက်တွဲဖော်တွေအပေါ် သစ္စာရှိပြီး ရိုးသားကြပါတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း
ဂျာမန်အမျိုးသားတွေနဲ့ စကားပြောကြည့်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး ပြောဆိုတာကို တွေ့ရမှာပါ။ ဂျာမန်လူမျိုးတွေက ဥရောပတိုက်မှာ ဉာဏ်အကောင်းဆုံးလူမျုးထဲမှာ ပါဝင်ပါတယ်။
သူတို့တွေက ဉာဏ်ရည်မြင့်မားပေမယ့် ထောင်လွှားမောက်မာမှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြောဆိုတတ်ကြပါတယ်။
၄။ ချစ်ပြတတ်ခြင်း
လက်တွဲဖော်အဖြစ် ရွေးချယ်တော့မယ်ဆိုရင် ချစ်ပြတတ်တာကလည်း အရေးပါပါတယ်။ ဂျာမန်အမျိုးသားတွေက သူတို့သဘောကျတဲ့ အမျိုးသမီးတွေကို စာရေးပို့တာ၊ ချိန်းတွေ့တာ၊ ပျော်အောင်ဖန်တီးပေးတာ စတဲ့နည်းတွေနဲ့ ရင်ခုန်အောင် ပြုလုပ်တတ်ပါတယ်။
အချို့တွေဆိုရင် ဂျာမန်အမျိုးသားတွေကို ရိုမီယိုလို့ တင်စားရလောက်တဲ့အထိ အရမ်းချစ်တတ်ကြပါတယ်။
၅။ ရှက်တတ်ခြင်း
ဂျာမန်အမျိုးသားတွေက အရှက်အကြောက်လည်း ကြီးတတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး စတင်တွေ့ကာစ အချိန်တွေမှာ စကားနည်းပြီး ချစ်စရာကောင်းလောက်အောင် ရှက်နေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့အချစ်ကိုတော့ မျက်လုံးနဲ့ အပြုအမူတွေကနေတစ်ဆင့် သိရှိနိုင်ပါတယ်။
၆။ အချိန်တိကျခြင်း
ဂျာမန်အမျိူးသားတွေက အချိန်ကို အရမ်းတန်ဖိုးထားပါတယ်။ အချိန်ကို လေးစားပြီး ချိန်းထားတဲ့အချိန်ကို အတိအကျရောက်နေတတ်ပါတယ်။ ဂျာမန်အမျိုးသားတွေနဲ့ တွဲရင်တော့ စောင့်နေရမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
၇။ ဂရုစိုက်ပြီး ကြင်နာတတ်ခြင်း
ဂျာမန်အမျိုးသားတွေက အရပ်ရှည်ပြီး ရုပ်ချောတဲ့အပြင် အပိုဆောင်းအနေနဲ့ ဂရုစိုက်တတ်ပါသေးတယ်။ အမျိုးသမီးတွေအပေါ် ကြင်နာပြီး အမြဲတမ်းဦးစားပေးတတ်ပါတယ်။
Zombie (lovemedia)
0 Comments