စင်ကာပူနိုင်ငံက အမျိုးသားတစ်ယောက်ဟာ သူ့ကို အချိန်ကာလကြာတဲ့အထိ ပြန်မကြိုက်တဲ့ အမျိုးသမီးကို အမှုနှစ်ခုနဲ့တရားစွဲလိုက်ပါတယ်။
K.Kawshigan စွဲဆိုထားတဲ့ ပထမအမှုကတော့ အချိန်ကြာတဲ့အထိ ပြန်မကြိုက်လို့ စိတ်ဒဏ်ရာ၊ စိတ်ဓာတ်ကျပြီး သူ့ဘဝအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေတာကြောင့် ဒေါ်လာ ၃ သန်းနဲ့ ဗဟိုတရားရုံးမှာ တရားစွဲတာပါ။
ဒုတိယတရားစွဲရတဲ့ အကြောင်းအရင်းကတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ကျဲတောက်ပြီးအေးစက်လာလို့ ရာဇဝတ်တရားသူကြီးထံမှာ ဒေါ်လာ ၂၂၀၀၀ နဲ့ တရားစွဲဆိုတာပါ။
ဒေါ်လာ ၂၂၀၀၀ နဲ့စွဲဆိုထားတဲ့အမှုကိုတော့ အခြေအမြစ်မရှိတာကြောင့် တရားရုံးက ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
Kawshigan နဲ့ သူ တရားစွဲထားတဲ့အမျိုးသမီး Nora Tan Shu Mei ဟာ ၂၀၁၆ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမယ် နှစ်ယောက်ကြားပြဿနာတွေက ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ စတင်ဖြစ်ပေါ်လာပါတယ်။
Tan က Kawshigan ကို သူငယ်ချင်းတစ်ယောက်လိုပဲ ယူဆပါတယ်။ ဒါပေမယ့် Kawshigan ကတော့ အဆင့်တက်ပြီး ချစ်သူရည်းစားအထိ ရည်ရွယ်ထားခဲ့ပါတယ်။
Tan က Kawshigan ကို ပြန်မကြိုက်ဘဲ နှစ်ပေါင်းများစွာကြာအောင် friendzone ထဲမှာ ထားခဲ့ပါတယ်။ အဲဒါကြောင့် Kawshigan တစ်ယောက် အရမ်းခံစားသွားရပါတယ်။
Tan က Kawshigan ကို အကြောင်းပြချက်များစွာ ပေးပြီး လုံးဝပြန်မကြိုက်ခဲ့ပါဘူး။ Kawshigan က စိတ်ကျရောဂါနဲ့ စိတ်ဒဏ်ရာတွေ ရသွားပြီး စိတ်ရောဂါပညာရှင်တွေနဲ့ ဆွေးနွေးမှုတွေတောင် ပြုလုပ်ခဲ့ရပါတယ်။
တစ်နှစ်ခွဲကြာခဲ့ပေမယ့်လည်း Kawshigan ရဲ့ ရောဂါက မသက်သာလာခဲ့ပါဘူး။ အဲဒါကြောင့် Kawshigan က Tan ကို ၂၀၂၂ ခုနှစ်၊ ဂျူလိုင်လမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့အမှုကိတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကြားနာမှာဖြစ်ပါတယ်။
Zombie (lovemedia)
0 Comments