မြို့ကို ခရီးသွားတွေ များများလည်ပတ်လာအောင် ဆွဲဆောင်ပေးနိုင်ခဲ့တဲ့ လမ်းဘေးကြောင်လေး (ရုပ်သံ)

ပိုလန်နိုင်ငံက ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်က ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို အများအပြားရရှိနေပါတယ်။ အဲဒီကြောင်လေးကတော့ အဖြူရောင်နဲ့ အနက်ရောင် ရောစပ်ထားတဲ့ ခပ်ဝဝကြောင်လေးပါ။

Szczecin မြို့က ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရှိတဲ့ မြို့တစ်မြို့ပါ။ Szczecin မြို့ က ဂျာမနီနိုင်ငံ နယ်စပ်နားမှာ တည်ရှိပြီး နိုင်ငံခြားခရီးသွားတွေ အများအပြား လာရောက်လည်ပတ်တဲ့မြို့ပါ။

Pomeranian မြို့စားကြီးရဲ့ ရဲတိုက်နဲ့ Kasprowicza ပန်းခြံက ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အဓိကနေရာပါ။ Szczecin မြို့ရဲ့ဆွဲဆောင်မှုရှိတဲ့ နောက်ထပ်အရာတစ်ခုကတော့ Gacek လို့ခေါ်တဲ့ လမ်းဘေးကြောင်ဝဝလေးပါ။


ကြောင်လေးက ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ နာမည်ကြီးလာခဲ့ပါတယ်။ ကြောင်လေးရဲ့ ချစ်စရာကောင်းတဲ့ ဗွီဒီယိုလေးတွေက ဆိုရှယ်မီဒီယာတွေမှာ လူကြိုက်များပါတယ်။

တချို့ခရီးသွားဧည့်သည်တွေက ကြောင်လေးကို တွေ့ချင်လို့ Szczecin မြို့ကို တကူးတက လာရောက်လည်ပတ်ကြပါတယ်။

ကြောင်လေးက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက Szczecin မြို့လည်က လမ်းတွေပေါ်မှာ နေထိုင်ခဲ့ပါတယ်။ သူဟာ လူတွေနဲ့ နေရတာကို သဘောကျပြီး လူတွေကလည်း သူ့ကို ချစ်ကြပါတယ်။

လမ်းသွားလမ်းလာတွေက ကြောင်လေး Gacek ကို အစာကျွေးသွားကြပါတယ်။ အစကတော့ ကြောင်လေးက ပိန်ပိန်လေးပါ။ အခုတော့ ကြောင်လေးက ဝဝတုတ်တုတ်လေးနဲ့ ချစ်စရာအလွန်ကောင်းနေပါပြီ။


Gacek ဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်ကတော့ ပိုလန်ဘာသာစကားအရ နားရွက်ရှည်တဲ့လင်းနို့လို့ အဓိပ္ပါယ်ရပါတယ်။ ကြောင်လေးရဲ့အကြောင်းကို Google မှာ ရေးထားတာက review ပေါင်း ၂၆၀၀ တောင် ရှိပါတယ်။ ကြောင်လေးက Szczecin မြို့ရဲ့ ဆွဲဆောင်မှုရှိတဲ့အရာလေး ဖြစ်လာခဲ့ပါတယ်။

ကြောင်လေးက Kasvubska လမ်းပေါ်က ဆိုင်တစ်ဆိုင်ရဲ့အပြင်မှာ နေထိုင်ပါတယ်။ သူ့အတွက် ခေါင်မိုးပါတဲ့ သစ်သားအိမ်လေးတစ်အိမ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။

ကြောင်လေးမှာ သခင်မရှိပေမယ့်လည်း ဆိုင်ရှင်တွေက စောင့်ရှောက်ပေးပါတယ်။ လမ်းသွားလမ်းလာတွေကတော့ ကြောင်လေးအတွက် အစာတွေ ပေးသွားကြပါတယ်။

ကြောင်လေးက တစ်ခါတရံမှာ ကုတ်တတ်ကြောင်းနဲ့ ဝက်အူချောင်းတွေကို ခိုးစားတတ်တယ်လို့လည်း အချို့က ဆိုပါတယ်။ ဒါပေမယ့် ဒီလို review တွေကလည်း ကြောင်လေးရဲ့ချစ်စရာကောင်းနေမှုကို မဖုံးလွှမ်းသွားနိုင်ပါဘူး။

vdo

Zombie (lovemedia)

Post a Comment

0 Comments