အနောက်တိုင်းစားသောက်ဆိုင်တွေမှာ အစားအစာတွေကို နည်းနည်းပဲ ထည့်ပြီးပြင်ဆင်ပေးထားတဲ့ အကြောင်းအရင်း (၇) ခု

အနောက်တိုင်းစားသောက်ဆိုင်တွေမှာ စားတဲ့အခါ အလှဆင်ထားပြီး နည်းနည်းပဲ ပါတဲ့အစားအစာတွေကို မြင်တွေ့ရမှာပါ။ စားသောက်ဆိုင်တွေမှာ ဘာ့ကြောင့် အစားအစာတွေကို နည်းနည်းလေးနဲ့ လှလှလေး ပြင်ဆင်ပေးလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဟင်းလျာတိုင်းကို ဈေးကြီးတဲ့ပါဝင်ပစ္စည်းနဲ့ ချက်ထားခြင်း

ဈေးကြီးတဲ့ဟင်းလျာတွေကို အထူးသန့်စင်ထားတဲ့ ပါဝင်ပစ္စည်း၊ ဈေးကြီးတဲ့ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်ထားကြပါတယ်။ Wagyu အမဲသား ဒေါ်လာ ၂၀၀ ခန့် တန်ကြေးရှိပြီး ငါးဥဆားနယ် ၁ကီလိုဂရမ်က ဒေါ်လာ တစ်သောင်းခန့် တန်ကြေးရှိနေတာကြောင့်ပါ။

အသုံးပြုတဲ့ပါဝင်ပစ္စည်းပေါ်မူတည်ပြီး ဈေးတွေက ကွဲပြားသွားပါတယ်။ အဲဒါကြောင့် ဟင်းပွဲက နည်းပေမယ့် ဈေးက အရမ်းကြီးနေတတ်တာပါ။

၂။ နည်းနည်းလေးပဲ ပြင်ဆင်ထားတာက ပိုပြီး ဆွဲဆောင်မှုရှိခြင်း

အစားအစာတွေကို နည်းနည်းလေးပဲ ပြင်ဆင်ထားတာက စားသုံးသူကို စားချင်စိတ်ပိုဖြစ်စေပါတယ်။ စားသုံးသူတွေက ဟင်းလျာတွေကို အမြင်နဲ့ အရင်ဆုံး စားသုံးကြပါတယ်။

၃။ နည်းနည်းချင်းစီကို အရသာမြည်းခွင့်ရနိုင်ခြင်း

စားသောက်ဆိုင်တွေမှာ နှုတ်မြိန်စာ၊ အဓိကဟင်းလျာ၊ အချိုပွဲဆိုပြီး ၃ မျိုး ပြင်ဆင်ကြပါတယ်။ Fine dining မှာ ဟင်းလျာတွေက ၁၂ ပွဲအထိ တိုးသွားနိုင်ပါတယ်။ အစားအစာတွေကို နည်းနည်းလေးတွေပဲ ထည့်ထားတာကြောင့် ဟင်းလျာအစုံကို ဗိုက်မပြည့်ဘဲ အကုန်လုံး မြည်းခွင့်ရသွားပါတယ်။

၄။ ဟင်းလျာတိုင်းမှာ စားဖိုမှူးရဲ့အနုပညာပါဝင်ခြင်း

စားဖိုမှူးတွေက ဟင်းပွဲတွေကို အနုပညာမြောက်အောင် ပြင်ဆင်ထားပါတယ်။ ပါဝင်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်စီစဉ်ထားပြီး အမြင်နဲ့တင် စားချင်စဖွယ်ဖြစ်အောင် ပြုလုပ်ထားပါတယ်။

၅။ တစ်ကိုက်ဆိုတစ်ကိုက် ထိထိမိမိအရသာရှိခြင်း

ပြင်ဆင်ထားတဲ့အစားအစာတွေက နည်းပေမယ့် အရသာရှိပါတယ်။ တစ်ကိုက်လောက် စားလိုက်ရုံနဲ့ တစ်သက်လုံး မေ့မရဖြစ်တဲ့အထိ အရသာက အရမ်းကောင်းနေမှာပါ။

စားဖိုမှူးတွေက အစားအစာရဲ့အရည်အတွက်ကို ဦးစားမပေးဘဲ အရည်အချင်းကိုသာ ဦးစားပေးထားတာပါ။ စားသုံးသူကလည်း ဟင်းလျာတွေကို မငြီးငွေ့တော့ပါဘူး။

၆။ မြင်လိုက်တာနဲ့ စားချင်စရာကောင်းနေခြင်း

ဒီဟင်းပွဲကို စားလိုက်ရတာ ဂုဏ်ယူရလောက်အောင်ကို စားဖိုမှူးတွေက ချက်ပြုတ်ထားပါတယ်။ နည်းလေ ကောင်းလေ ဆိုတဲ့စကားအတိုင်း နည်းနည်းလေးနဲ့ အရသာရှိအောင်လို့ ပြင်ဆင်ထားလေ့ရှိပါတယ်။ ဟင်းပွဲကို စားပြီးနောက် စားသုံးသူရဲ့စိတ်ထဲမှာလည်း ခံစားချက်အချို့ ကျန်ရစ်နေတတ်ပါတယ်။

၇။ နောက်ထပ် ဟင်းပွဲတွေကို စိတ်ဝင်စားအောင် ပြုလုပ်ထားခြင်း

အနောက်တိုင်းဟင်းလျာတွေမှာ နည်းနည်းလေးပဲ ထည့်ထားရတဲ့အကြောင်းအရင်းကတော့ နောက်ထပ်ဟင်းပွဲတွေမှာ ဘယ်လိုအရသာ၊ ဘယ်လိုအနုပညာတွေနဲ့ ရောက်လာမလဲဆိုတာ စားသုံးသူကို မျှော်လင့်ချက်ပေးချင်တာကြောင့်ပါ။

စားလိုက်တဲ့ဟင်းပွဲရဲ့အရသာကြောင့် စားသုံးသူက နောက်ထပ်ဟင်းပွဲကိုလည်း ပိုပြီး စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments