ရေပိုက်ပြွန်၊ ရေမြောင်းတွေထဲကို ဘယ်တော့မှ မစွန့်ပစ်သင့်တဲ့အရာ (၁၀) မျိုး

ရေပြွန်တွေမှာ အမှိုက်တွေကို ဖြစ်သလို ပစ်လိုက်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ။ ရေပြွန်တွေပိတ်တာကို ရှင်းလင်းရတာလည်း ခက်ခဲနေမှာပါ။

အဲဒါကြောင့် ရေပိုက်ပြွန်တွေ၊ ရေမြောင်းတွေထဲ မစွန့်ပစ်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ထမင်း

ထမင်းနဲ့ ပါစတာအကြွင်းအကျန်တွေကို ရေပြွန်ထဲ အလွယ်တကူ မစွန့်ပစ်သင့်ပါဘူး။ ရေပိုက်ပြွန်ထဲမှာ ပိတ်မိနေတဲ့ ထမင်းတွေ၊ အစားအစာအကြွဲင်းအကျန်တွေက ဖယ်ရှားရ အလွန်ခက်ခဲနေတတ်ပါတယ်။

၂။ ကြက်ဥအခွံ

ကြက်ဥအခွံလေးတွေက သေးငယ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ရေပိုက်မှာ ပိတ်နေတဲ့အခါမှာတော့ အနံ့ဆိုးတွေ ထွက်လာပြီး ကြွက်တွေလည်း ပေါလာမှာပါ။

၃။ ဂျုံမှုန့်

ဂျုံမှုန့်နဲ့ ရေ ပေါင်းစပ်လိုက်တဲ့အခါ ကော်လို ဖြစ်သွားပါတယ်။ ဂျုံမှုန့်တွေက စေးကပ်ပြီးတော့ ပိုက်မှာ ကပ်နေပါတယ်။ အဲဒီအခါ ပိုက်က ပိတ်ပြီး အနံ့ဆိုးတွေပါ ထွက်လာပါတယ်။

၄။ ဆေး

ဆေးတွေက ရေထဲမှာ ပျော်ဝင်လွယ်တယ်ဆိုပြီး အချို့တွေက ရေပိုက်ထဲကို ပစ်ချကြပါတယ်။ တကယ်တော့ ဆေးလုံးတွေ၊ ဆေးပြားတွေက ရေထဲမှာ မပျော်ဝင်ပါဘူး။ ရေပိုက်ပိတ်ဆို့ပြီး စိတ်ရှုပ်ရတာပဲ ကျန်ရစ်ပါတယ်။

၅။ ဆံပင်

ဆံပင်နဲ့ အမွေးအမျှင်တွေက ပိုက်ပိတ်စေတဲ့အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆံပင်တွေက ပိုက်ထဲမှာ လုံးထွေးပြီး တော်တော်နဲ့ မစီးဆင်းသွားပါဘူး။ ရေပိုက်တွေထဲမှာ ဆံပင်တွေ တစ်ဆို့နေရင် ဖယ်ရှားရတာ အလွန်ခက်ခဲပါတဘ်။

၆။ အသီးတွေမှာ ကပ်တဲ့ စတစ်ကာ

စတစ်ကာလေးတွေက အရမ်းသေးငယ်ပေမယ့် ရေပိုက်ပြွန်ထဲကိုတော့ မထည့်သင့်ပါဘူး။ စတစ်ကာတွေမှာ ကော်တွေ ပါဝင်တာကြောင့် ရေပိုက်နံရံတွေမှာ အလွယ်တကူ ကပ်နေပါတယ်။ စတစ်ကာတွေက အချိန်ကြာတဲ့အထိအောင် ပြိုကွဲဖို့ ခက်ခဲပါတယ်။

၇။ ကျောက်ခဲသေးသေးလေးများ

ကျောက်ခဲသေးသေးတွေကို ရေပိုက်ထဲ ဘယ်တော့မှ မပစ်ချသင့်ပါဘူး။ ကျောက်ခဲတွေက ရေပိုက်ထဲမှာ ရှိနေရင် ဖယ်ရှားဖို့ အရမ်းခက်ခဲပါတယ်။ ရေပိုက်လျှံကျပြီး အနံ့ဆိုးတွေပါ ထွက်လာမှာပါ။

၈။ ကွန်ဒုံး

ကွန်ဒုံးကို ရေထဲမှာ ဘယ်တော့မှ မပျော်ဝင်နိုင်တဲ့ ရာဘာစေးနဲ့ ပြုလုပ်ထားတာကပါ။ ကွန်ံဒုံးတွေကမှာ အမှိုက်နဲ့ အခြားသောပစ္စည်းတွေ ဝင်နေရင် ရေပိုက်က ပိတ်သထက်ပိတ်ပြီး ဖယ်ရှားရခက်နေမှာပါ။

၉။ စီးကရက်အစီခံ

စီးကရက်အစီခံက ရေထဲမှာ မပျော်ဝင်နိုင်တဲ့အပြင် ရေပိုက်ပါ ပိတ်စေပါတယ်။ စီးကရက်အစီခံမှာ အန္တရာယ်ဖြစ်စေတဲ့ နီကိုးတင်းပါဝင်ပါတယ်။

၁၀။ အမျိုသမီးသုံးပစ္စည်းများ

အမျိုးသမီးသုံးပစ္စည်းတွေကို ရေစုပ်ယူနိုင်အောင် ထုပ်လုပ်ထားပါတယ်။ အဲဒါကြောင့် ရေပိုက်ထဲ ဖြစ်သလို စွန့်ပစ်လိုက်ရင် အရွယ်အစားက အဆမတန်ကြီးလာပြီး ရေစီးဆင်းမှု မကောင်းတော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments