ခွေးမွေးခြင်းကနေ ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး (၇) ခု

ခွေးလေးတွေက ချစ်စရာကောင်းသလို တစ်ခါတရံမှာ သူတို့ရဲ့အလွဲလေးက စိတ်ဆိုးရခက်၊ ငိုရခက်ပါပဲ။ ခွေးလေးတွေက လူသားတွေအပေါ်မှာ သစ္စာရှိရုံမက လူသားတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။

ခွေးတစ်ကောင်မွေးထားရုံနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခွေးမွေးခြင်းက သင့်ကို အသက် ၁၀ နှစ်စာ ပိုမိုနုပျိုစေပါတယ်။

ခွေးကို မွေးထားတဲ့အခါမှာ စိတ်ပျော်ရွှင်မှုတွေ ရလာပါတယ်။ ခွေးနဲ့ ဆော့ကစားခြင်းကလည်း လေ့ကျင့်ခန်း ပြုလုပ်သလိုပါပဲ။

လေ့လာချက်တစ်ခုအရ ခွေးမွေးထားသူတွေက ရွယ်တူတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ၁၀ နှစ်စာလောက် နုပျိုနေကြောင်း တွေ့ရပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာခြင်း

ခွေးမွေးထားတဲ့သူတွေမှာ ကိုယ်ချင်းစာစိတ်တွေက အမြဲရှိနေတတ်ပါတယ်။ သနားကြင်နာစိတ်တွေကို ခွေးမွေးထားသူတွေထံမှာ တွေ့နိုင်ပါတယ်။ ခွေးမွေးထားတာကြောင့် စိတ်ဖိစီးမှုတွေနည်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်း များလာပါတယ်။

၃။ နာတာရှည်ရောဂါဖြစ်နိုင်ချေတွေ လျော့နည်းသွားခြင်း

ကိန်းဂဏန်းအချက်အလက်တွေအရ ခွေးမွေးထားသူတွေဟာ ခွေးနဲ့အတူ လမ်းလျှောက်ဖြစ်၊ ပြေးဖြစ်၊ ကစားဖြစ်သွားပါတယ်။

အဲဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်သွားသလို စိတ်ပါ နုပျိုလာပါတယ်။ နေ့စဉ်လိုလို လမ်းလျှောက်ဖြစ်နေတာကြောင့် နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသားပါပဲ။

၄။ ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်ခြင်း

တစ်ယောက်တည်းဆိုရင် လမ်းလျှောက်ဖြစ်ဖို့က မသေချာသေးပါဘူး။ ခွေးမွေးထားတဲ့အခါ ခွေးနဲ့အတူ လမ်းလျှောက်ဖြစ်တာကြောင့် ကိုယ်အလေးချိန် တက်မှာကိုလည်း စိတ်မပူရတော့ပါဘူး။ တစ်နေ့ကို ၂၂ မိနစ်ခန့် ခွေးနဲ့အတူ လမ်းလျှောက်ထွက်ပေးရုံနဲ့ အဆီကင်းတဲ့ခန္ဓာကိုယ်ကို ရရှိလာမှာပါ။

၅။ စိတ်ဖိစီးမှုကို နည်းပါးစေခြင်း

ခွေးလေးတွေက ပျော်ရွှင်မှုတွေကို ပေးနိုင်ပါတယ်။ ခွေးလေးနဲ့ ခဏလောက်ကစားပေးရုံနဲ့ စိတ်ညစ်စရာတွေက အခိုက်အတန့်နည်းပါးသွားမှာပါ။

ခွေးလေးနဲ့ကစားတာ၊ ပွတ်သပ်ပေးတာ၊ အစာကျွေးတာတွေက စိတ်ဖိစီးမှုတွေ လျော့နည်းပြီး အလုပ်တွေများများလုပ်ဖြစ်လာမှာပါ။

၆။ ပျော်ရွှင်မှုဟော်မုန်းတွေ တိုးလာခြင်း

ခွေးလေးနဲ့ ဆော့ကစားနေစဉ် ခန္ဓာကိုယ်မှာ oxytocin ဟော်မုန်း၊ serotonin ဟော်မုန်း၊ dopamine ဟော်မုန်းထွက်လာပါတယ်။

အဲဒီဟော်မုန်းတွေက စိတ်ကို ပျော်ရွှင်စေပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။ ရုပ်ရည်ကိုလည်း နုပျိုနေစေပါတယ်။

၇။ အသက်ရှည်စေခြင်း

လေ့လာချက်တွေအရ ခွေးမွေးထားသူတွေဟာ ခွေးမမွေးသူတွေထက် အသက်ပိုရှည်ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် တစ်ယောက်တည်းနေထိုင်သူတွေအတွက်‌ ခွေးမွေးထားခြင်းက အထီးကျန်တာကို ကုစားပေးနိုင်ပါတယ်။

ခွေးလေးတွေကနေ ပေးတဲ့ပျော်ရွှင်မှုကြောင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါဖြစ်နိုင်ချေတွေတောင် နည်းပါးသွားမှာပါ။

Zombie (lovemedia)

Post a Comment

1 Comments

  1. ခွေးမွေးခြင်း‌ကြောင်မွေးခြင်းဟာ soulmateဝိညာဉ်ဖော်ရှိခြင်းဖြစ်တယ်သူတို့လေးတွေကကျနော်တို့ရဲ့ဘဝအစိတ်အပိုင်းအချို့မှာအရေးပါတယ်ဥပမာ ကျနော်တို့မကောင်းတာတစ်ခုခြဖြစ်ရင်ကျနော်တို့ခံစားရမယ့်အစားသူတို့လေးတွေခံစားနေရတာမျိုးသတိထားမိရင်မြင်နိုင်တယ်အင်မတန်လေးနက်တဲ့soulmateတွေပါ

    ReplyDelete