အန္တရာယ်ဆိုတာ ကြိုတင်တွက်ဆထားဖို့ မလွယ်ကူပါဘူး။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို ကြိုတင်သိထားသင့်ပါတယ်။
အဲဒါကြောင့် နေ့စဉ်ဘဝမှာ အန္တရာယ်တွေကြုံတွေ့လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ အသုံးဝင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ နံရံနဲ့ ခွာပြီး လမ်းလျှောက်ပါ။
နံရံနဲ့ ကပ်ပြီးလမ်းလျှောက်တဲ့အခါ အန္တရာယ်ပေးမယ့်သူက နံရံတစ်ဖက်ကနေထွက်လာပြီး တိုက်ခိုက်နိုင်ပါတယ်။ အဲဒါကြောင့် နံရံနဲ့ အရမ်းကပ်မလျှောက်ဘဲ ဘေးကို ခွာပြီး လျှောက်ပါ။
၂။ ကားကို အဆင်သင့်ရပ်ထားပါ။
အန္တရာယ်တွေ ကြုံလာလို့ ထွက်ပြေးရတဲ့အခါမှာ ကားကို ပြန်လှည့်နေရတာက အချိန်ကုန်စေမှာပါ။ အဲဒါကြောင့် ကားရပ်တဲ့အခါ တစ်ခါ ပြန်လှည့်နေစရာမလိုအောင်၊ အဆင်သင့်မောင်းသွားနိုင်အောင် ရပ်ထားသင့်ပါတယ်။
၃။ ကားကို အလင်းရောင်ရှိတဲ့နေရာမှာ ရပ်ပါ။
ကားကို free parking တွေမှာ ရပ်ရင် အရမ်းမှောင်တဲ့နေရာမရပ်ဘဲ အလင်းရောင်ရှိတဲ့နေရာမှာ ရပ်ထားသင့်ပါတယ်။ မှောင်တဲ့နေရာမှာ ရပ်ထားရင် သင့်ကို အန္တရာယ်ပေးမယ့်သူအတွက် အခွင့်အရေးပိုရသွားနိုင်ပါတယ်။
၄။ ကားကို စစ်ဆေးပါ။
ကားထဲကို မဝင်ခင်မှာပါ။ ကားကို တစ်ပတ်ပတ်ပြီး စစ်ဆေးပါ။ ကားထဲကိုလည်း ငုံ့ကြည့်ဖို့ မမေ့သင့်ပါဘူးနော်။ ကားရဲ့အပြင်ဘက်ကို စစ်ဆေးပြီးတာနဲ့ ကားရဲ့အောက်ပိုင်း၊ အတွင်းပိုင်းကိုပါ သေချာအောင် ကြည့်ပါ။
၅။ ဓာတ်မီးကို ဆောင်ထားပါ။
ဘယ်နေရာကိုပဲသွားသွား လင်းအားကောင်းတဲ့ ဓာတ်မီးကို ဆောင်ထားသင့်ပါတယ်။ သင့်ကို အန္တရာယ်ပြုမယ့်သူ ရောက်လာတဲ့အခါ မျက်နှာကို ဓာတ်မီးနဲ့ ထိုးလိုက်ပါ။ ဓာတ်မီးအရောင်ကြောင့် တိုက်ခိုက်မယ့်သူက မျက်လုံးပြာသွားတဲ့အခါမှာ ထွက်ပြေးဖို့ အခွင့်အရေး ရရနိုင်ပါတယ်။
၆။ သင့်ရဲ့အခန်းနံပါတ်ကို မပြောပြဖို့ ဟော်တယ်ဝန်ထမ်းတွေကို အကူအညီတောင်းပါ။
ခရီးသွားတဲ့အခါ ဟော်တယ်မှာ တည်းရင် သင့်ရဲ့အခန်းနံပါတ်ကို စာရွက်နဲ့ပဲ ရေးပေးလိုက်ဖို့၊ ကျယ်ကျယ်မပြောဖို့၊ လာမေးတဲ့သူရှိရင်တောင် မပြောပြဖို့ ကြိုတင်အကူအညီတောင်းထားပါ။
၇။ သော့နှစ်ချောင်းတောင်းပါ။
တစ်ယောက်တည်းခရီးသွားတဲ့အခါမှာလည်း သော့ကို အပိုတစ်ချောင်းထပ်တောင်းထာပါ။ သင့်ဘေးနားကလူတွေက သင်တစ်ယောက်တည်းလာတာမဟုတ်ကြောင်း၊ အဖော်တစ်ယောက်ပါသေးကြောင်း သိသွားနိုင်အောင်လို့ပါ။
၈။ တံခါးဖွင့်တဲ့အခါ သိနိုင်မယ့် alarm ကို တပ်ဆင်ထားပါ။
ဟော်တယ်မှာ တစ်ယောက်တည်းတဲ့အခါ တံခါးဖွင့်လိုက်ရင် အသံမြည်တဲ့ alarm ကို တပ်ဆင်ထားပါ။ သို့မဟုတ် တံခါးကို တိုက်ရိုက်မဖွင့်နိုင်အောင် တံခါးအောက်မှာ တစ်ခုခုနဲ့ခံထားပါ။
၉။ ဓာတ်လှေကား
ဓာတ်လှေကားစိးတဲ့အခါမှာ လုံခြုံစိတ်ချရစေဖို့ ခလုတ်ရဲ့ဘေးနေရာမှာ ရပ်ပါ။ အဲဒီအခါ ဓာတ်လှေကားထဲက လူတွေက ဘယ်ဘက်ကို ထွက်သွားလဲဆိုတာကို မြင်ရသလို ခလုပ်ကိုလည်း အမြန်နှိပ်လို့ရနိုင်ပါတယ်။
၁၀။ ကားပေါ်က ထိုင်ခုံ
အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေမှာ လူတွေက အရမ်းမကျပ်ဘူးဆိုရင် ထိုင်ချင်တဲ့နေရာကို ရွေးပြီး ထိုင်လို့ရပါတယ်။ အကောင်းဆုံးနေရာကတော့ ကားမောင်းသူနဲ့နီးတဲ့ လျှောက်လမ်းဘေးက နေရာပါ။ တံခါးပေါက်ရဲ့ဘေးက ထိုင်ခုံမှာတော့ မထိုင်သင့်ပါဘူး။
Zombie (lovemedia)
0 Comments