အာရှတိုက်က ကမ္ဘာပေါ်က အကြီးဆုံးတိုက်ဖြစ်သလို ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကလည်း အာရှတိုက်မှာ နေထိုင်ကြပါတယ်။ အာရှတိုက်မှာ နိုင်ငံပေါင်း ၄၉ နိုင်ငံရှိပါတယ်။
နိုင်ငံတွေများပြားသလို မတူညီတဲ့ယဉ်ကျေးမှုတွေလည်း အများကြီးရှိကြပါတယ်။ အာရှတိုက်ထဲက နိုင်ငံတွေရဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဂျပန်နိုင်ငံက အိမ်သာ
ဂျပန်နိုင်ငံရဲ့ နည်းပညာက အခြားသော နိုင်ငံတွေထက် အများကြီး ခေတ်မီဖွံ့ဖြိုးပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ ယခုအထိ အသုံးပြုသေးတဲ့ အိမ်သာတွေက အခြားနိုင်ငံက လာသူတွေအတွက်တော့ အဆင်ပြေပုံမပေါ်ပါဘူး။
ဂျပန်စတိုင်အိမ်သာတွေကို washiki လို့ခေါပြီး ဆောင့်ကြောင့်ထိုင်ရတဲ့အိမ်သာတွေ ဖြစ်ကြပါတယ်။ ဆောင့်ကြောင့်ထိုင်ရတာကြောင့် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
၂။ ရည်းစားမရှိသူတွေအတွက် တောင်ကိုရီးယားနိုင်ငံက Valentine's Day
ကမ္ဘာပေါ်မှာတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို Valentine's Day လို့သတ်မှတ်ထားကြပြီး လက်ဆောင်တွေ ပေးကြပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံမှာတော့ လတိုင်းရဲ့ ၁၄ ရက်နေ့က single တွေအတွက် Valentine's Day ပါ။
ဧပြီလ ၁၄ ရက်နေ့ကို တောင်ကိုရီးယားနိုင်ငံမှာ Black Day လို့သတ်မှတ်ထားကြပါတယ်။ အဲဒီနေ့မှာ single တွေစုပြီး ကိုရီးယားပဲခေါက်ဆွဲကို စားကြပါတယ်။
၃။ ဗီယက်နမ်နိုင်ငံက ခြေထောက်ကြီးကြီးနဲ့ ကြက်များ
ဗီယက်နမ်နိုင်ငံမှာ ခြေထောက်ကြီးတဲ့ ကြက်တွေကို Dong Tao လို့ခေါ်ကြပါတယ်။ ခြေထောက်ကြီးတဲ့ကြက်တွေက အရသာနူးညံ့ပြီး ဗီယက်နမ်နှစ်သစ်ကူးနေ့မှာ စားကြပါတယ်။ ခြေထောက်ကြီးတဲ့ကြက်တွေက ရာသီဥတုအပြောင်းအလဲကို ခံနိုင်ရည်မရှိကြပါဘူး။
ကြက်မကြီးတွေက ခြေထောက်ကြီးတာကြောင့် တစ်ခါတရံမှာ ကြက်ဥတွေတောင် ကွဲသွားပါတယ်။ အဲဒါကြောင့် ခြေထောက်ကြီးတဲ့ကြက်မရဲ့ဥတွေကို ဥဖောက်စက်မှာပဲ ဖောက်ကြပါတယ်။
၄။ ထိုင်းနိုင်ငံမှာ ဦးခေါင်းကို အထွတ်အမြတ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဦးခေါင်းကို ခန္ဓာကိုယ်ရဲ့အမြင့်မြတ်ဆုံးနေရာအဖြစ် သတ်မှတ်ပြီး အထွတ်အမြတ်ထားပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကို ခွင့်ပြုချက်မရဘဲ ကိုင်တာက ရိုင်းပျတယ်လို့ ထိုင်းနိုင်ငံမှာ သတ်မှတ်ထားပါတယ်။
၅။ ဂျပန်ုနိင်ငံက ကမ္ဘာ့အအသက်ကြီးဆုံး အမြွှာ
Umeno Sumiyama နဲ့ Koume Kodama တို့အမြွှာညီအစ်မနှစ်ယောက်ဟာ ကမ္ဘာ့အသက်အကြီးဆုံးအမြွှာညီအစ်မပါ။ သူတို့နှစ်ဦးဟာ အသက် ၁၀၉ နှစ်ရှိပြီဖြစ်ပြီး ၁၉၁၃ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့ညီအစ်မနှစ်ဦးဟာ မတူညီတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်နေကြပါတယ်။
၆။ ပီကေစားလို့မရတဲ့ စင်ကာပူနိုင်ငံ
ကမ္ဘာပေါ်က နိုင်ငံတော်တော်များများမှာ ပီကေတွေကို လွတ်လွတ်လပ်လပ် စားလို့ရပါတယ်။ ဒါပေမယ့် စင်ကာပူနိုင်ငံမှာတော့ ပီပေစားတာအပြင်၊ ဂရပ်ဖတီဆွဲတာ၊ နမော်နမဲ့လမ်းလျှောက်တာ၊ တံတွေးထွေးတာ၊ လူမြင်ကွင်းမှာ နှပ်ညှစ်တာတွေကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။
၇။ ကမ္ဘာ့အသေးဆုံးနို့တိုက်သတ္တဝါတွေနေထိုင်တဲ့ အာရှတိုက်
အာရှတိုက်မှာ ဆင်လိုမျိုး နို့တိုက်သတ္တဝါတွေကို တွေ့နိုင်သလို ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တဝါတွေကိုလည်း တွေ့နိုင်ပါတယ်။
ဝက်နှာခေါင်းနဲ့တူတဲ့ လင်းနို့ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက မြစ်တစ်လျှောက်တွေမှာ တွေ့နိုင်ပါတယ်။ အဲဒီလင်းနို့လေးက ၂၉ မီလီမီတာကနေ ၃၃ မီလီမီတာအရွဘ်အစားပဲ ရှိပြီး အလေးချိန်ကတော့ ၂ ဂရမ်ပဲ ရှိပါတယ်။
၈။ အာရှတိုက်က ကမ္ဘာ့အရပ်အရှည်ဆုံးလူသားနဲ့ ကမ္ဘာ့အသေးဆုံးလူသား
တူရကီနိုင်ငံသား Sultan Kosen ဟာ အရပ် ၈ ပေရှိပြီး သမိုင်းတစ်လျှောက်ကမ္ဘာ့အရပ်ရှည်ဆုံးလူသားဖြစ်ပါတယ်။ Chandra Bahudur Dangi ကတော့ နီပေါနိုင်ငံက ကမ္ဘာ့အရပ်အပုဆုံးလူသားဖြစ်ပါတယ်။
သူ့ရဲ့အရပ်ကတော့ ၂၁.၅ လက်မသာ ရှိပါတယ်။ ဒါပေမယ့် Chandra Bahudur Dangi ဟာ အသက် ၇၅ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
Zombie (lovemedia)
0 Comments