အိပ်ပျော်ခါနီးနဲ့ အိပ်ရာထခါစအချိန်မှာ တစ်ခုခုကို စားချင်နေတာမျိုးကို ခံစားဖူးမှာပါ။ စိတ်ထဲမှာ အမြဲလိုလို စားချင်ပြီး တောင့်တနေတဲ့အရာကနေ သင့်ခန္ဓာကိုယ်မှာ ဘာတွေလိုအပ်နေလဲ ဆိုတာကို သိရှိနိုင်ပါတယ်။
၁။ အစပ်အစားအစာများ
ပူစပ်စပ်အစားအစာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေပါတယ်။ ပူစပ်စပ်အစားအစာတွေမှာ ပါဝင်တဲ့ capsaicin က အဆစ်နဲ့ ကြွက်သားတွေ နာကျင်တာကို သက်သာစေပါတယ်။
တစ်ခါတရံမှာ အစပ်စားလိုက်ရင် ခေါင်းကိုက်တာတောင် သက်သာသွားပါတယ်။ ခန္ဓာကိုယ်မှာ ညောင်းညာနေတဲ့အခါ မသိစိတ်က ပူစပ်စပ်အရာတွေကို စားချင်နေတတ်ပါတယ်။
၂။ ချောကလက်
ချောကလက်မှာ ကာဖိန်းဓာတ်ပါဝင်ပါတယ်။ ချောကလက်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် စိတ်ရောခန္ဓာကိုယ်ကိုပါ လန်းဆန်းနေစေပါတယ်။ သင့်ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်လိုအပ်နေတဲ့အခါ ချောကလက်ကို ပြင်းပြင်းပြပြ စားချင်နေတတ်ပါတယ်။
၃။ မြေပဲထောပတ်
မြေပဲထောပတ်မှာ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ မြေပဲထောပတ်က ခန္ဓာကိုယ်ထဲက ကိုလက်စထရောတွေကို နည်းပါးသွားစေပါတယ်။
မြေပဲထောပတ်ကို ခဏခဏစားချင်နေရင်တော့ ခန္ဓာကိုယ်ထဲမှာ အာဟာရဓာတ်ချို့တဲ့နေတာကြောင့်ပါ။ မြေပဲထောပတ်မှာ ပရိုတိန်း၊ အင်တီအောက်ဆီးဒင့်၊ အဆီ၊ သံဓာတ်၊ မဂ္ရနီဆီယမ်နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်ပါတယ်။
၄။ ရေခဲ
ရေခဲရေနဲ့ ရေခဲတုံးကို အမြဲလိုလို တောင့်တနေတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ သံဓာတ်ချို့တဲ့နေတာဖြစ်နိုင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ စိတ်ဖိစီးမှုတွေနဲ့ ဝမ်းနည်းမှုတွေ များတဲ့အခါ ရေခဲတုံးကို ဝါးစားချင်နေတတ်ပါတယ်။
၅။ Pastry
Pastry မှာ ကာဘွန်ဟိုက်ဒရိတ်တွေ အများကြီးပါဝင်ပါတယ်။ Pastry တစ်ချပ်လောက် ကိုက်စားလိုက်တဲ့အခါ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိလာမှာပါ။
ပေါင်မုန့်၊ ကိတ်၊ ပါစတာတို့ကို ခဏခဏစားချင်နေတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ နိုက်ထရိုဂျင် သို့မဟုတ် ခရိုမီယမ်လိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကာဘွန်ဟိုက်ဒရိတ်များတဲ့ မုန့်အချိုတွေက စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။
၆။ အသားနဲ့ ဘာဂါ
ရုတ်တရက်ကြီး ဘာဂါကို စားချင်စိတ်ဖြစ်ပေါ်လာတာကို သင်ကြုံတွေ့ဖူးမှာပါ။ အသားမှာ ပရိုတိန်း၊ သံဓာတ်၊ ဇင့်နဲ့ ဗီတာမင်ဘီတို့ ပါဝင်ပါတယ်။
အဲဒီလိုဓာတ်တွေ လိုအပ်တဲ့အခါမှာ အသားများများပါဝင်တဲ့ဘာဂါကို စားချင်စိတ် ချက်ချင်းဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ဘာဂါကို အစားများတဲ့အခါ အဝလွန်ခြင်းကို ခံစားရနိုင်ပါတယ်။
၇။ အချိုရည်
တစ်ခါတရံမှာ ရေဆာပေမယ့်လည်း အချိုရည်ကို သောက်ချင်နေတတ်ပါတယ်။ အရိုးအတွက် ကယ်လ်ဆီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ်လိုအပ်တဲ့အခါ အချိုရည်ကို ခဏခဏတောင့်တနေတတ်ပါတယ်။ ဒါပေမယ့် အချိုရည်ကို ခဏခဏသောက်တာက အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကို ဖြစ်ပေါ်လာစေမှာပါ။
Zombie (lovemedia)
0 Comments