ငွေထည်ပစ္စည်းတွေကို အရောင်ပြန်လည်တောက်ပလာအောင် အိမ်မှာတင်ပြုလုပ်နည်း (၇) ခု

ဈေးကြီးတဲ့ ငွေထည်ပစ္စည်းတွေကို အရောင်ပြန်လည်တောက်ပစေတဲ့ ဆေးတွေကို စတိုးဆိုင်တွေမှာ ရှာဖွေဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် ငွေထည်ပစ္စည်းအရောင် ပြန်လည်တောက်ပဆေးကို အလွယ်တကူရှာဖွေဝယ်လို့မရတဲ့အခါ အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

- ငွေထည်ပစ္စည်းတွေက နူးညံ့ပြီးတော့ ကြမ်းတမ်းစွာ သန့်ရှင်းရေးလုပ်လို့မရပါဘူး။

- ငွေထည်ကို အရောင်တောက်ပလိုတဲ့အခါ သံပုရာရည်ကို အသုံးပြုနိုင်ပါတယ်။

- ဖလန်နယ်၊ သိုးမွေးပိတ်စတို့နဲ့လည်း ငွေထည်ကို တောက်ပလာအောင် ပြုလုပ်နိုင်ပါတယ်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

- ပန်းကန်လုံးတလုံး

- အလူမီနီယံခဲပြားတပြား

- ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း

- မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်း ၂ ဇွန်း

- ရေနွေး

- နူးညံ့တဲ့ပိတ်စတစ

ပန်းကန်လုံးတစ်လုံးထဲမှာ အလူမီနီယံခဲပြားကို ထည့်လိုက်ပါ။ ပြီးနောက် ရေနွေးလောင်းချလိုက်ပါ။ ဆားနဲ့ မုန့်ဖုတ်ဆော်ဒါကို ထပ်ထည့်ပါ။ နောက်ဆုံးမှာတော့ ငွေထည်ပစ္စည်းလေးတွေကို အလူမီနီယံခဲပြားပေါ်မှာ တင်လိုက်ပါ။

၃ မိနစ်ခန့်ကြာအောင် စိမ်ထားပေးလို့ရပါတယ်။

အဲဒီနောက်မှာတော့ ငွေထည်ပစ္စည်းကို ရေနွေးထဲကနေ ဆယ်လိုက်ပြီး နူးညံ့တဲ့ပိတ်စလေးနဲ့ သုတ်ပေးလိုက်လို့ရပါပြီ။

နည်းလမ်း ၂

လိုအပ်သောပစ္စည်းများ

- သွားတိုက်ဆေး

- နူးညံ့တဲ့သွားတိုက်တံတချောင်း

သွားတိုက်တံကို ရေနွေးထဲမှာ ခဏစိမ်ထားပြီး သွားတိုက်ဆေးထည့်လိုက်ပါ။ သွားတိုက်တံနဲ့ ငွေထည်ပစ္စည်းကို ညင်ညင်သာသာလေးပွတ်တိုက်ပေးရုံပါပဲ။ အဲဒီနောက်မှာတော့ ငွေထည်ပစ္စည်းကို ရေဆေးလိုက်လို့ရပါပြီ။

နည်းလမ်း ၃

လိုအပ်သောပစ္စည်းများ

- အလူမီနီယံခဲပြား

- ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း

- ရေတစ်ခွက်

ရေနဲ့ ဆားကို ရောမွှေလိုက်ပါ။

ငွေထည်ပစ္စည်းကို အလူမီနီယံခဲပြားနဲ့ ပတ်ပြီးတော့ ရေထဲကို တညထည့်ထားလိုက်ပါ။

မနက်ကျရင် အလူမီနီယံခဲပြားကို ခွာပြီး ရေများများ ဆေးပေးလိုက်လို့ရပါပြီ။

နည်းလမ်း ၄

လိုအပ်သောပစ္စည်းများ

- မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတဇွန်း

- အလူမီနီယံခဲပြား

- ရေ

- ဒယ်အိုး

- အပ်ချည်

ဒယ်အိုးထဲကို ရေလောင်းချပြီး ဆူပွက်လာတဲ့အထိ တည်ပေးပါ။

ဆူပွက်လာတဲ့အခါမှာ ဆုပ်ချေထားတဲ့အလူမီနီယံခဲပြားကို အိုးထဲ ထည့်လိုက်ပါ။

မုန့်ဖုတ်ဆော်ဒါထည့်ပြီး နှံ့အောင် မွှေပေကးလိုက်ပါ။

ငွေထည်ပစ္စည်းကို အပ်ချည်ကြိုးနဲ့ချည်ပြီး ဆူပွက်နေတဲ့ရေနွေးအိုးထဲကို ထည့်ပြီး မိနစ်အနည်းငယ်ကြာ စောင့်ပါ။

ငွေထည်က အရောင်ပြန်တက်လာရင် အိုးထဲကနေ ထုတ်ပြီး ရေဆေးလိုက်လို့ရပါပြီ။

နည်းလမ်း ၅

လိုအပ်သောပစ္စည်းများ

- ပန်းကန်လုံးတလုံး

- နွားနို့

- နူးညံ့တဲ့ပိတ်စတစ

ပန်းကန်လုံးတလုံးထဲမှာ နွားနို့နဲ့ ငွေထည်ပစ္စည်းကို အတူရောထည့်လိုက်ပါ။

ငွေထည်ပစ္စည်းကို နွားနို့ထဲမှာ ၁၅ မိနစ်ခန့်ကြာ စိမ်ထားပေးပါ။

ပြီးနောက် ငွေထည်ပစ္စည်းကို ထုတ်ပြီး နူးညံ့တဲ့ပိတ်စလေးနဲ့ သုတ်ပေးလိုက်လို့ရပါပြီ။

နည်းလမ်း ၆

လိုအပ်သောပစ္စည်းများ

- ကြက်ဥအနှစ် ၃ လုံး

- ပန်းကန်ပြားတချပ်

- ဇွန်းတစ်ချောင်း

- နူးညံ့တဲ့ပိတ်စ

ကြက်ဥသုံးလုံးကို ပြုတ်ပြီး အထဲက အနှစ်တွေကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ကြက်ဥအနှစ်တွေကို ဇွန်းနဲ့ ချေပေးပါ။

ချေထားတဲ့ကြက်ဥအနှစ်ထဲမှာ ငွေထည်ပစ္စည်းကို ၈ နာရီခန့်ကြာအောင် ထားလိုက်ပါ။

၈ နာရီခန့်ကြာပြီးနောက်မှာ ငွေထည်ပစ္စည်းကို ထုတ်ပြီး ပိတ်စလေးနဲ့ သန့်ရှင်းပေးလိုက်ရုံပါပဲ။

နည်းလမ်း ၇

လိုအပ်သောပစ္စည်းများ

- ဖန်ခွက်တခွက်

- အမြှုပ်ထနေတဲ့ ဖျော်ရည်

အမြှုပ်ထနေတဲ့အချိုရည်ကို ဖန်ခွက်ထဲမှာ ထည့်ပြီး ငွေထည်ပစ္စည်းကိုပါ ရောထည့်လိုက်ပါ။

ငွေထည်ပစ္စည်းကို အမြှုပ်ထနေတဲ့အချိုရည်ထဲမှာ ၁၀ မိနစ်ကြာ စိမ်ထားပါ။

ခဏကြာမှာတော့ ငွေထည်ပစ္စည်းကို ထုတ်ယူပြီး ရေနဲ့ ဆေးချလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments