ကြောင်လေးတွေက လူတိုင်းနဲ့ ပွတ်သီးပွတ်သပ်မနေကြပါဘူး။ သခင်တွေကိုလည်း သူတို့ရဲ့အချစ်တွေ အရမ်းပြလေ့မရှိကြပါဘူး။
ဒါပေမယ့် ကြောင်လေးတွေက သင်အိမ်ပြန်လာတဲ့အခါ အိမ်ရှေ့မှာ စောင့်နေတာကို ကြုံဖူးမှာပါ။ ကြောင်လေးတွေက သင့်ကို ဘာလို့အမြဲတမ်းစောင့်နေတတ်လဲ ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကြောင်လေးတွေ ချစ်ရတဲ့သခင် ပြန်လာတာကို အဝေးကနေ ကြားရပါတယ်။
ကြောင်လေးတွေရဲ့ အကြားအာရုံက မြင့်မားပါတယ်။ အဝေးကအသံတွေကိုလည်း ကြားရပါတယ်။ သခင်တွေ အိမ်ပြန်လာတဲ့အခါ ဓာတ်လှေကားအသံ၊ ကားသံ၊ ဆိုင်ကယ်သံတွေကို ကြောင်လေးတွေက မှတ်ထားပါတယ်။
သင့်ရဲ့စကားပြောသံကိုလည်း အဝေးကနေ ကြားရပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေက ပိုင်ရှင်တွေ အိမ်ပြန်လာတာနဲ့ အိမ်ပေါက်ဝမှာ တစ်ခါတည်းစောင့်နေတာပါ။
၂။ ပိုင်ရှင်တွေ လုပ်လေ့လုပ်ထရှိတဲ့အရာတွေကိုလည်း ကြောင်လေးတွေက သိပါတယ်။
ကြောင်လေးတွေက သူတို့ချစ်ရတဲ့သခင် တစ်နေကုန် ဘာလုပ်တတ်လဲဆိုတာကို မှတ်ထားတတ်ပါတယ်။ တချို့ကြောင်လေးတွေက အိမ်ကလူတွေ အပြင်သွားရင်တောင် တံခါးအထိ လိုက်ပို့တတ်ကြပါတယ်။
ဒါ့အပြင် လူတွေ အိမ်ပြန်လာမယ့်အချိန်ကိုလည်း မှတ်ထားပြီး အချိန်ကျတာနဲ့ အိမ်ပေါက်ဝမှာ စောင့်နေတော့တာပါ။
၃။ ကြောင်လေးတွေက လူသားတွေရဲ့အချစ်ကိုလည်း လိုချင်ပါတယ်။
လူတွေ အပြင်သွားတဲ့အခါ ကြောင်လေးတွေက အိမ်မှာ တစ်ကောင်တည်း ကျန်နေခဲ့ရပါတယ်။ အဲဒါကြောင့် အထီးကျန်ပြီး ပြန်လာမယ့်အချိန်ကို စောင့်နေတတ်တာပါ။ သခင်တွေ ပြန်လာတဲ့အခါ ဂရုစိုက်တာ၊ ပွေ့ဖက်တာ၊ ပွတ်သပ်တာကို ကြောင်လေးတွေက သဘောကျပါတယ်။
၄။ ကြောင်လေးတွေက ဗိုက်ဆာတဲ့အတွက်ကြောင့်လည်း သခင်တွေကို စောင့်နေတတ်ပါတယ်။
ကြောင်လေးတွေက အိမ်မှာ တစ်နေ့လုံးနေရတာကြောင့် ဗိုက်ဆာလာပါတယ်။ အရသာရှိတာတွေကို စားချင်တာကြောင့် လူသားတွေ အိမ်ပြန်အလာကို စောင့်နေတတ်ပါတယ်။
အဲဒါကြောင့် အပြင်ကနေ ပြန်ရောက်တာနဲ့ တံခါးဝမှာ စောင့်နေတဲ့ ချစ်စရာကြောင်လေးကို တွေ့ရမှာပါ။
Zombie (lovemedia)
0 Comments