သင်က ကင်မရာရှေ့မှာ ရှက်တတ်သူဆိုရင် ဓာတ်ပုံရိုက်ဖို့ မဝံ့မရဲဖြစ်နေမှာပါ။ ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ဘယ်လိုနေရမလဲဆိုတာ အခက်တွေ့နေမှာပါ။
ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာနဲ့ မစိမ်းအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။
ဓာတ်ပုံအတွက်
၁။ ဘေးက လူတွေကို လျစ်လျူရှုလိုက်ပါ။
ကင်မရာရှက်တတ်သူတွေက ဘေးက လူတွေ ကြည့်နေမှာ၊ ဝေဖန်နေမှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ အဲဒါကြောင့် ဘေးကို လူတွေကို အာရုံမစိုက်တော့ဘဲ ဓာတ်ပုံရိုက်ဖို့ကိုသာ အာရုံစိုက်လိုက်ပါ။ အဲဒီအခါ ဓာတ်ပုံတွေက သဘာဝဆန်ပြီး ဓာတ်ပုံရိုက်ရတာလည်း သက်တောင့်သက်သာဖြစ်နေမှာပါ။
၂။ ဓာတ်ပုံမရိုက်ခင်မှာ သီချင်းဖွင့်ထားလိုက်ပါ။
ဓာတ်ပုံရိုက်တဲ့အခါ လှဖို့ မရိုက်ခင်မှာ သီချင်းဖွင့်ထားလိုက်ပါ။ သီချင်းစည်းချက်အတိုင်း လှုပ်ရှားတာ၊ ကတာတို့ ပြုလုပ်နိုင်ပါတယ်။ အဲဒီအခါ ရင်သပ်ရှုမောဖွယ်ဓာတ်ပုံတွေကို ရရှိလာမှာပါ။
၃။ ရှုထောင့်တွေကို လေ့လာပါ။
တစ်ခါတရံမှာ သင့်ရဲ့မျက်နှာဘယ်ဘက်အခြမ်းက ဓာတ်ပုံထဲမှာ ကြည့်မကောင်းဘဲ ဖြစ်နေတတ်ပါတယ်။ ဆံပင်ကလည်း ဓာတ်ပုံရိုက်တဲ့အခါ ကြည့်မလှဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ဓာတ်ပုံမရိုက်ခင်မှာ မှန်ကြည့်ပြီး ဘယ်ရှုထောင့်ကနေ ရိုက်ရင် လှမလဲဆိုတာ လေ့လာနိုင်ပါတယ်။
ဗွီဒီယိုအတွက်
၁။ ကင်မရာကို ရှက်နေရတဲ့အကြောင်းအရင်းတွေကို ရှာဖွေပါ။
- ကင်မရာထဲမှာ ပေါ်နေတဲ့သင့်ရဲ့ပုံ
- ထွက်လာတဲ့ သင့်ရဲ့အသံ စတဲ့အချက်တွေကို မကြိုက်လို့ ကင်မရာနဲ့ အလှမ်းဝေးသွားပါတယ်။ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ မရိုက်ချင်တဲ့ အဓိကအကြောင်းအရင်းတွေကို ရှာတွေ့ရင် ကင်မရာကို ရှက်နေစရာမလိုတော့ပါဘူး။
၂။ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ။
ကင်မရာရှေ့ရောက်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တဲ့အခါ မိမိရဲ့ရုပ်ရည်သွင်ပြင်ကို ချီးကျူးပါ။ အပြုံးတွေက ဆွဲဆောင်မှုရှိကြောင်း၊ ဆံပင်တွေက လှပကြောင်း စတဲ့အချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတဲ့အခါ ကင်မရာရှေ့မှာ မဝံ့မရဲမဖြစ်တော့ပါဘူး။
၃။ ဖုန်းကင်မရာက အကောင်းဆုံးသူငယ်ချင်းပါ။
ကင်မရာရှေ့မှာ ရှိုးတိုးရှန့်တန်းဖြစ်နေရင် ဖုန်းကင်မရာနဲ့ အရင်ဆုံးလေ့ကျင့်ပါ။ ဖုန်းကင်မရာကို ထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဗွီဒီယိုရိုက်ပါ။ ပြန်ကြည့်ပြီးနောက် လိုအပ်ချက်တွေကို တွေ့လာပြီး ကင်မရာကို မစိမ်းတော့ပါဘူး။
၄။ အလင်းရောင်
ဖုန်းကင်မရာနဲ့ လေ့ကျင့်ပါများတဲ့အခါ အလင်းအမှောင်အယူအဆတွေကိုပါ တဖြည်းဖြည်းနားလည်လာမှာပါ။ ဘယ်လိုအလင်းရောင်က သင့်ကို ပေါ်လွင်စေမလဲဆိုတာကို သိရှိလာမှာပါ။ ရုပ်ထွက်လှဖို့ဆိုရင် အလင်းရောင်ကလည်း အရေးပါပါတယ်။
၅။ Instagram story မှာ ဗွီဒီယိုလေးတွေ တင်ပါ။
ကင်မရာနဲ့ ထိတွေ့ပါများပြီး ရင်းနှီးလာတဲ့အခါ ရိုက်ထားတဲ့ ဗွီဒီယိုလေးတွေကို Instagram story စမ်းပြီး တင်ကြည့်ပါ။ ဗွီဒီယိုရိုက်နေရင်းနဲ့ အမှားပါသွားမှာကိုလည်း အရမ်းစိုးရိမ်မနေသင့်ပါဘူး။ နောက်ပိုင်းမှာတော့ သက်တောင့်သက်သာဖြစ်သွားမှာပါ။
၆။ ဗွီဒီယိုလေးတွေကို လူသိများမယ့်အခြားနေရာတွေမှာ တင်ပါ။
ကင်မရာနဲ့ ရင်းနှီးလာပြီး သက်တောင့်သက်သာဖြစ်လာတဲ့အခါ ရိုက်ထားတဲ့မှတ်တမ်းလေးတွေကို လူသိများမယ့် အခြားသော social media မှာ တင်ကြည့်ပါ။ ဗွီဒီယိုအတိုလေးတွေက တဖြည်းဖြည်း ကြာချိန်တွေ များလာပြီး ဗွီဒီယိုရိုက်ရမှာကို မကြောက်တော့ပါဘူး။
၇။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။
ဗွီဒီယိုရိုက်နေရင်းနဲ့ စိတ်လှုပ်ရှားတဲ့အခါ စကားပြောမြန်လာပြီး စကားတွေက အစီအစဉ်မကျဖြစ်လာပါတယ်။ အဲဒါကြောင့် စကားကို ဖြည်းဖြည်းပြောပြီး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။
၈။ လေ့ကျင့်ပြီးရင်း လေ့ကျင့်ပါ။
ကင်မရာရှေ့မှာ များများစကားပြောလေ ကင်မရာကို ရှက်ကြောက်တာတွေ နည်းလာလေပါပဲ။ အခြားသူတွေရဲ့ ဗွီဒီယိုတွေကိုလည်း လေ့လာပြီး နေ့စဉ်လေ့ကျင့်တာက တိုးတက်လာစေမှာပါ။
Zombie (lovemedia)
0 Comments