ကွန်တိန်နာပုံးထဲမှာ ပုန်းတမ်းဝှက်တမ်းကစားရင်းနဲ့ အခြားနိုင်ငံကို ရောက်သွားတဲ့ ကောင်လေး

အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သင်္ဘောကွန်တိန်နာပုံးထဲမှာ ပုန်းတမ်းဝှက်တမ်းကစားရင်းနဲ့ အခြားနိုင်ငံကို ရောက်သွားခဲ့ပါတယ်။

Fahim က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆယ်ကျော်သက်တစ်ယောက်ပါ။ သူဟာ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်တဲ့ Chittgaong မှာနေထိုင်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သူငယ်ချင်းတွေနဲ့ ပုန်းတမ်းဝှက်တမ်း ကစားခဲ့ပါတယ်။


ပုန်းတဲ့အခါမှာ Fahim က ကွန်တိန်နာပုံးကြီးထဲမှာ ဝင်ပုန်းပါတယ်။ ဝင်ပုန်းရင်းနဲ့ ကွန်တိန်နာပုံးထဲမှာပဲ အိပ်ပျော်သွားခဲ့ပါတယ်။

ကွန်တိန်နာပုံးကြီးကို ကုန်တင်သင်္ဘောပေါ်တင်လိုက်ပြီး မလေးရှားနိုင်ငံကို ထွက်သွားခဲ့ပါတယ်။ ပုန်းနေတဲ့ကောင်လေးကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံက West Port မှာ ရှာတွေ့ခဲ့ပါတယ်။


Fahim က ၆ ရက်လုံး အစားလည်းမစားရ၊ ရေလည်း မသောက်ခဲ့ရပါဘူး။ ဒါ့အပြင် ဖျားသွားခဲ့ပါသေးတယ်။

Fahim ကိုတော့ မလေးရှားနိုင်ငံက အာဏာပိုင်တွေက ဆေးကုသမှုပြုလုပ်ပေးပါတယ်။ Fahim က သူ့ရဲ့နိုင်ငံနဲ့ မိုင်ပေါင်း ၂၃၀၀ ဝေးတဲ့နိုင်ငံကို ရောက်သွားခဲ့တာပါ။

ဒါပေမယ့် ပုန်းတမ်းဝှက်တမ်းကစားရင် တကယ်ပဲ ကွန်တိန်နာထဲကို ရောက်သွားခဲ့တာလားဆိုတာကိုတော့ စုံစမ်းနေကြဆဲပါ။

Zombie (lovemedia)

Post a Comment

0 Comments