သွေးဖိအားများတာကို များသောအားဖြင့် သွေးတိုးတာလို့ အသိများကြပါတယ်။ သွေးတိုးတာကြောင့် လေဖြတ်ရောဂါ၊ နှလုံးရောဂါနဲ့ အခြားသော ရောဂါတွေကို ခံစားနိုင်ရတဲ့အပြင် အရမ်းပြင်းထန်တဲ့အခါ အသက်ပါ ဆုံးရှုံးသွားနိုင်တာပါတယ်။
အဲဒါကြောင့် သွေးတိုးတာကို မဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အချိုတွေကို ဖြတ်တောက်လိုက်ပါ။
အချိုရည်နဲ့ အချိုများတဲ့မုန့်တွေကို လျှော့စားလိုက်ရင် ကိုယ်အလေးချိန်ကျရုံသာမက သွေးဖိအားတွေလည်း ကျသွားမှာပါ။ သွေးတိုးရောဂါကြောင့် နှလုံးရောဂါလည်း ဖြစ်နိုင်ပါတယ်။
၂။ ချောကလက်စားပါ။
ချောကလက်နဲ့ ကိုကိုးပါဝင်မှုများတဲ့စားစရာတွေက သွေးဖိအားကို လျော့ကျစေပါတယ်။ ချောကလက်က သွေးကြောတွေကို ကျယ်လာအောင် ပြုလုပ်ပေးနိုင်တာကြောင့်ပါ။
၃။ အငံစားသုံးမှုကို လျှော့ချပါ။
ဆားနဲ့ အငံပါဝင်တဲ့အစားအစာတွေကို မကြာခဏစားရင် သွေးတိုးတာကို ခံစားရပါတယ်။ ဆိုဒီယမ်စားသုံးမှုကိုလျှော့ချလိုက်ရင် သွေးတိုးတာလည်း နည်းပါးသွားသလို မျက်နှာရောင်ရမ်းတာလည်း မဖြစ်တော့ပါဘူး။
ဆားနဲ့ နှပ်ထားတဲ့ ဝက်ပေါင်ခြောက်၊ ငါးခြောက်တို့က အချိန်တိုအတွင်း သွေးတိုးစေပါတယ်။
၄။ ပိုတက်ဆီယမ်ပါဝင်တဲ့ အစားအစာတွေကိုစားပါ။
ပိုတက်ဆီယမ်ပါဝင်မှုများတဲ့အစားအစာတွေက သွေးကြောတွေ တင်းအားများနေတာကို လျှော့ချပေးပါတယ်။ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု၊ ပန်းဂေါ်ဖီစိမ်း၊ ဖရုံသီးတို့မှာ ပိုတက်ဆီယမ်တွေ အများကြီး ပါဝင်ပါတယ်။
၅။ Cranberry ဖျော်ရည်ကို သောက်သုံးပါ။
ကယ်လိုရီအနည်းငယ်ပဲ ပါဝင်တဲ့ Cranberry က နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေရုံမက ဆီးချိုရောဂါမဖြစ်လာအောင်လည်း တားဆီးပေးပါတယ်။
၆။ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။
တစ်နေ့ကို မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးရုံနဲ့ သွေးတိုးရောဂါကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကိုယ်အလေးချိန်လည်း ကျပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါအတွက်လည်း စိတ်မပူရတော့ပါဘူး။
Zombie (lovemedia)
0 Comments