Sophia Loren အသက် ၇၁ နှစ်အထိအောင် နုပျိုနေရတဲ့လျှို့ဝှက်ချက်ကတော့ သံလွင်ဆီနဲ့ ရေချိုးတာကြောင့်လို့ အင်တာဗျူးတစ်ခုမှာ ဖော်ပြဖူးပါတယ်။
ကမ္ဘာကျော်မင်းသမီးကြီးတွေလည်း သံလွင်ဆီကို အလှအပအတွက် အသုံးပြုကြပါတယ်။ သံလွင်ဆီက အမျိုးသမီးတွေရဲ့ အလှအပအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ထိလွယ်ရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သင့်တော်ခြင်း
သံလွင်ဆီက ရောင်ရမ်းနာကျင်တာနဲ့ အသားအရေဓာတ်မတည့်တာကို သက်သာစေပါတယ်။ သူ့မှာ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပြီး ဝက်ခြံတွေ ဖြစ်မလာအောင်လည်း ကာကွယ်ပေးပါတယ်။ သံလွင်ဆီကို မျက်နှာမှာ နေ့စဉ်လိမ်းပေးရုံနဲ့ မျက်နှာ ရေဓာတ်ပြည့်ပြီး စိုစိုအိအိလေး ဖြစ်နေမှာပါ။
၂။ ခြောက်သွေ့အသားအရေကို ရေဓာတ်ဖြည့်ပေးခြင်း
အသားအရေမှာ ရေဓာတ်လိုအပ်တဲ့အခါ သံလွင်ဆီကိုသာ သတိရလိုက်ပါ။ သံလွင်ဆီက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့ချောမွတ်သွားစေပါတယ်။
ဒါပေမယ့် မျက်နှာမှာ သံလွင်ဆီကို အများကြီး မလိမ်းသင့်ပါဘူး။ အများကြီးလိမ်းရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေ ထွက်လာပါတယ်။
၃။ Body lotion အဖြစ် အသုံးပြုနိုင်ခြင်း
ဈေးကြီးတဲ့ Body lotion တွေ နေရာမှာ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။ Kylie Jenner က ရေချိုးပြီးတဲ့အခါမှာ ခန္ဓာကိုယ်ကို သံလွင်ဆီလိမ်းလေ့ရှိကြောင်း ဖော်ပြထားပါတယ်။ သံလွင်ဆီက ရေဓာတ်ပြည့်ပေးတာကြောင့် ခန္ဓာကိုယ်အသားအရေကိုလည်း စိုပြေစေပါတယ်။
၄။ လက်သည်းတွေကို ခိုင်မာစေခြင်း
မကြာခဏလက်သည်းကျိုးတာ၊ လက်သည်းအားနည်းတာတို့ ဖြစ်တဲ့အခါ သံလွင်ဆီကို အသုံးပြုပါ။ သံလွင်ဆီမှာ ဗီတာမင် E ပါဝင်တာကြောင့် လက်သည်းကို အရှည်မြန်စေပါတယ်။ လက်သည်းတစ်ဝိုက်ကို သံလွင်ဆီ လိမ်းပေးရုံနဲ့ လှပတဲ့ လက်သည်းတွေကို ပိုင်ဆိုင်နိုင်မှာပါ။
၅။ ဆံသားကို တောက်ပစေခြင်း
သံလွင်ဆီက ဆံပင်ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။ ဆံသားတွေ မွဲခြောက်ခြောက်ဖြစ်နေတဲ့အခါ သံလွင်ဆီကိုသာ လိမ်းလိုက်ပါ။
သံလွင်ဆီက ဦးရေပြားကိုလည်း အာဟာရဖြည့်ပေးပြီး ဆံသားကိုလည်း တောက်ပလာစေပါတယ်။ ဆံသားထူထူနဲ့ နူးညံ့တဲ့ ဆံပင်လေးရဖို့ သံလွင်ဆီက ကူညီပေးပါတယ်။
၆။ ခြေဖနောင့်ကွဲတာကို သက်သာစေခြင်း
အေးတဲ့ရာသီဥတုမှာ အသားအရေတွေ ခြောက်သွေ့ပြီး ခြေဖနောင့်က အက်ကွဲလာပါတယ်။ ခြေဖနောင့်အက်ကွဲတာက နာကျင်ပြီး ပြင်းထန်တဲ့အခါ သွေးတွေပါ ထွကလာစေပါတယ်။
ခြေဖနောင့်ကွဲတဲ့အခါမှာလည်း သံလွင်ဆီကို လိမ်းပေးနိုင်ပါတယ်။ သံလွင်ဆီကို ခြေဖနောင့်မှာ လိမ်းပေးပြီးနောက် အချိန်ခဏကြာ ခြေအိတ်ဝတ်ထားလိုက်ပါ။
Bonus
သံလွင်ဆီကို body scrub အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ သံလွင်ဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြားခွက်တစ်ဝက်ကို ပေါင်းပြီး မွှေလိုက်ပါ။
အဲဒီနောက် အသားအရေမှာ ပွတ်တိုက်ပေးလို့ရပါပြီ။ သံလွင်ဆီက ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွတ်လာစေပါတယ်။
Zombie (lovemedia)
0 Comments