ရေချိုးခန်းထဲက မှန်မှာ ရေငွေ့တွေမရိုက်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

ရေနွေးနဲ့ ရေချိုးတာက ခန္ဓာကိုယ်ကို ‌သွေးလည်ပတ်မှု ကောင်းစေတဲ့အပြင် ကြွက်သားတွေလည်း အနားရစေပါတယ်။ ရေနွေးနဲ့ ရေချိုးတဲ့အခါ ရေချိုးခန်းမှန်မှာ ရေငွေ့တွေ ရိုက်သွားပါတယ်။

အဲဒါကြောင့် ရေချိုးခန်းမှန်မှာ ရေငွေ့တွေ မဖြစ်လာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နည်းလမ်း ၁

လိုအပ်သောပစ္စည်းများ

- ပြောင်းကော်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- ရှာလကာရည်ခွက်တဝက်

- ရေ ခွက်တဝက်

- အရက် ခွက်တဝက်

- ဖျန်းဘူး

- ခြောက်သွေ့တဲ့ အဝတ်စ

ဘူးတခုထဲမှာ ပြောင်းကော်မှုန့်၊ ရှာလကာရည်၊ ရေ၊ အရက်တို့ကို ရောထည့်လိုက်ပါ။ အားလုံးကို နှံ့အောင် မွှေပြီးနောက် ဖျန်းဘူးထဲကို ထည့်ပါ။ ဖျန်းဘူးနဲ့ ရေချိုးခန်းမှန်တွေကို ပွတ်တိုက်ပေးလို့ရပါပြီ။ ခဏအကြာမှာတော့ ခြောက်သွေ့တဲ့ အဝတ်စနဲ့ မှန်ကို သုတ်ပေးရုံပါပဲ။

နည်းလမ်း ၂

လိုအပ်သောပစ္စည်းများ

- မုတ်ဆိတ်ရိတ်ဆပ်ပြာ

- အဝတ်စ

ရေချိုးခန်းရဲ့မှန်ပေါ်ကို မုတ်ဆိတ်ရိတ်ဆပ်ပြာသုတ်ပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးပါ။ ပြီးနောက် သန့်တဲ့အဝတ်စနဲ့ ထပ်သုတ်ပေးလိုက်ရင် ရေချိုးခန်းမှန်မှာ ရေငွေ့တွေ မစုတော့ပါဘူး။

နည်းလမ်း ၃

လိုအပ်သောပစ္စည်းများ

- ဆပ်ပြာခဲ

- အဝတ်စ

ရေချိုးခန်းထဲက မှန်ကို ဆပ်ပြာခဲနဲ့ ပွတ်တိုက်ပေးပါ။ ပြီးနောက် မှန်ကို ကြည့်သွားတဲ့အထိ အဝတ်စနဲ့ ပွတ်တိုက်ပေးလိုက်ရင် ရပါပြီ။

နည်းလမ်း ၄

လိုအပ်သောပစ္စည်းများ

- သွားတိုက်ဆေး

- အဝတ်စ

ခြောက်သွေ့တဲ့အဝတ်စထဲကို သွားတိုက်ဆေးအနည်းငယ်ထည့်လိုက်ပါ။ ပြီးနောက် ရေချိုးခန်းထဲက မှန်ကို အဝတ်စနဲ့ သုတ်ပေးလိုက်ရုံပါပဲ။

နည်းလမ်း ၅

လိုအပ်သောပစ္စည်းများ

- ရေနွေးကြမ်းတခွက်

- ဖျန်းဘူး

- အဝတ်စ

ရေနွေးကြမ်းကို ဖျန်းဘူးထဲထည့်ပြီး မှန်ကို ဖျန်းလိုက်ပါ။ ဖျန်းပြီးနောက် အဝတ်စနဲ့ မှန်ကို ပွတ်တိုက်ပေးရင် ရေနွေးနဲ့ ရေချိုးတဲ့အခါ ရေငွေ့တွေ မဖြစ်လာတော့ပါဘူး။

နည်းလမ်း ၆

လိုအပ်သောပစ္စည်းများ

- သံလွင်ဆီ

- အဝတ်စ

အဝတ်စတစ်စထဲမှာ သံလွင်ဆီကို ထည့်ပြီး မှန်မှာ သုတ်ပေးပါ။ သံလွင်ဆီနဲ့ သုတ်ပြီးတဲ့အခါ အဝတ်စမှာ ရေဆွတ်ပြီး နောက်တကြိမ် သုတ်ပေးလိုက်ပါ။

Bonus

ကားရဲ့လေကာမှန်တွေမှာ ရေငွေ့တွေ မရိုက်အောင်၊ ရေစက်တွေမစုလာအောင် ဒီနည်းကို အသုံးပြုနိုင်ပါတယ်။

လိုအပ်သောပစ္စည်းများ

- ဖယောင်းတိုင်

- ပေါင်းခံရည်

ဖယောင်းတိုင်ကို အရည်ပျော်အောင်ပြုလုပ်ပြီး ပေါင်းခံရည်အနည်းငယ် ထည့်လိုက်ပါ။ ရလာတဲ့အရည်ကို အဝတ်ခြောက်နဲ့ ယူပြီး ကားရဲ့မှန်တွေကို သုတ်ပေးလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments