တန်ဖိုးကြီးမားသော စကားသုံးခွန်း

၁။ နွယ်ပင် မဖြစ်စေနဲ့

သူများကို အားကိုးတယ် ဆိုတာ ခဏပဲ ကောင်းတယ်။ အမြဲတမ်း မှီဖို့ မကြိုးစားပါနဲ့။ မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ် မတက်နိုင်ဘူး။ အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း အမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပါပဲ။

၂။ ထမင်းပူကို မစားနဲ့

သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာ ရအောင်ယူရင် အဲဒါ ထမင်းပူစားတာနဲ့ တူတယ်။ ဒါကြောင့် မတရားတဲ့ အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။ အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။

၃။ ရောက်ရာဒေသ ခြေရာချခဲ့ပါ

ဖြစ်တည်မှုရဲ့ နောက်မှာ ပျောက်ကွယ်မှု လာမှာပါပဲ။ ဒီတော့ ကိုယ်လည်း တနေ့ လောကကြီးကနေ ထွက်ခွါရဦးမှာ ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ ကောင်းမှုလေး တခုခုတော့ လုပ်သင့်ပါတယ်။ ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေရာချခြင်းပဲ ဖြစ်ပါတယ်။ Crd

Zawgyi

တန္ဖိုးႀကီးမားေသာ စကားသုံးခြန္း

၁။ ႏြယ္ပင္ မျဖစ္ေစနဲ႔

သူမ်ားကို အားကိုးတယ္ ဆိုတာ ခဏပဲ ေကာင္းတယ္။ အၿမဲတမ္း မွီဖို႔ မႀကိဳးစားပါနဲ႔။ မွီလြန္းအားႀကီးရင္ ႏြယ္ပင္ ျဖစ္သြားတယ္။

ႏြယ္ပင္ဆိုတာ အမွီမရွိရင္ အေပၚ မတက္ႏိုင္ဘူး။ အမွီရွိလို႔ အေပၚ ေရာက္ခဲ့ျပန္လည္း အမွီလဲတာနဲ႔ ျပဳတ္က်မွာပဲ။ ဒါေၾကာင့္ ကိုယ့္လမ္း ကိုယ္ေဖာက္၊ ကိုယ့္အိမ္ ကိုယ္ေဆာက္တာ အေကာင္းဆုံးပါပဲ။

၂။ ထမင္းပူကို မစားနဲ႔

သူမ်ားကို ဒုကၡေပးၿပီးမွ ကိုယ္ေနရာ ရေအာင္ယူရင္ အဲဒါ ထမင္းပူစားတာနဲ႔ တူတယ္။ ဒါေၾကာင့္ မတရားတဲ့ အလုပ္ေတြ နည္းနည္းမွ မလုပ္ၾကနဲ႔။ အကယ္၍ လုပ္ခဲ့ရင္ လွ်ာအပူေလာင္မွာပဲ။

၃။ ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ

ျဖစ္တည္မႈရဲ႕ ေနာက္မွာ ေပ်ာက္ကြယ္မႈ လာမွာပါပဲ။ ဒီေတာ့ ကိုယ္လည္း တေန႔ ေလာကႀကီးကေန ထြက္ခြါရဦးမွာ ဆိုတာကို ဘယ္ေတာ့မွ မေမ့ပါနဲ႔။

ကိုယ္ မေပ်ာက္ကြယ္ခင္ အခ်ိန္ေလးမွာ ေကာင္းမႈေလး တခုခုေတာ့ လုပ္သင့္ပါတယ္။ ေကာင္းမႈလုပ္ျခင္းသည္ ကိုယ့္ေနရာ ကိုယ့္ေဒသကို ေျခရာခ်ျခင္းပဲ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments