ငါးကလေး ၃ ကောင်

တခါတုန်းကပေါ့။ ကံကို အားကိုတဲ့ ငါးရယ်၊ ဉာဏ်ကို အားကိုးတဲ့ ငါးရယ်၊ ဝီရိယကို အားကိုးတဲ့ ငါးရယ် ဆိုပြီး ငါးလေးသုံးကောင် ရှိခဲ့တယ်။

တနေ့ သူတို့သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့ တံငါသည်ရဲ့ ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေပေါ်ကို ရောက်သွားခဲ့ ပါတယ်။

ကံကို အားကိုးတဲ့ ငါးလေးက "တကယ်လို့ကွာ ငါသာ သေဖို့ကံ မပါလာခဲ့ဘူး ဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ" ဟု ဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ်။

ဝီရိယကို အားကိုးတဲ့ ငါးလေးကတော့ "ဟ ကိုယ်တိုင်က ကြိုးစားအားထုတ်မှု မရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ မရောက်ဘူးကွ။ ငါတော့ ဒီက လွတ်အောင် ကြိုးစားမယ်" ဟု ဆိုကာ တံငါသည် လှေထဲကနေ ဖလပ် ဖလပ်နဲ့ ခုန်ထွက်ဖို့ ကြိုးစားနေ ပါတယ်။

အကြိမ်ဖန်များစွာ ကြိုးစားတာကို တံငါသည် သတိပြုမိသွားတော့ ချက်ချင်းပဲ လှော်တက်နဲ့ ရိုက်သတ်ခြင်း ခံလိုက်ရပါတယ်။

ဉာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့် အချိန်ကို စောင့်နေခဲ့ ပါတယ်။

ခဏကြာတော့ လေပြင်းတချက် တိုက်ခတ်ပြီး လှိုင်းတချက် ပုတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ ပါတယ်။

အဲဒီအချိန် ဉာဏ်ကို အားကိုးတဲ့ ငါးက ဟာ အခွင်ရေးဘဲ ဆိုပြီး တချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ်မြောက်သွားခဲ့ရ ပါတယ်။

တံငါသည်က ငါးတကောင် လွတ်သွားတာကို သတိပြုမိပြီး ကျန်နေတဲ့ ငါးတကောင်လည်း လွတ်မှာ စိုးရိမ်တာမို့ ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက် ပါတယ်။

ရည်မှန်းထားတာ အောင်မြင်ဖို့ "ကံနဲ့ ဝိရိယ" ရှိနေခဲ့ ရုံနဲ့ မရဘဲ "ကံ၊ ဉာဏ်၊ ဝိရိယ" သုံးခုလုံးကို သေချာ ပိုင်နိုင်စွာ အသုံးချနိုင်မှသာ လိုချင်တဲ့ ပန်တိုင်းကို ရောက်နိုင်လိမ့်လို့ ရည်ညွန်းထားခဲ့ခြင်း ဖြစ်ပါတယ်။ crd

Post a Comment

0 Comments