မင်း စိတ်ညစ်နေလား။ လူတွေကို မလိုအပ်ပဲ ရင်မဖွင့်မိစေနဲ့။ တယောက်ထဲလည်း နေတတ်အောင်နေပါ။ ငါ ဒီလိုနေလို့မဖြစ်ဘူး ဆိုပြီး ကိုယ့်ဖာသာကို ပြန်ထိန်းပါ။
ဘဝအတွက် လေ့လာသင်ယူပါ။ စာများများဖတ်ပါ။ သူများကို သွားပြောတာထက် အများကြီး သာပါတယ်။
မင်း ဝမ်းနည်းနေလား။ ခဏလောက် အားရပါးရ ငိုချပစ်လိုက်ပါ။ ဘယ်သူ့ကိုမှ ပြောမနေနဲ့။ ပိုပြီး မျက်ရည်ကျအောင် လုပ်မဲ့သူပဲ ရှိတယ်။ ငိုစရာရှိတာ ကိုယ့်ဟာကို ငိုချလိုက်။ ပြီးရင် တည်ငြိမ်လာလိမ့်မယ်။
မင်း အရမ်းမွန်းကြပ်နေလား။ သီချင်းလေး ဘာလေနားထောင်၊ စိတ်ပြေလက်ပျောက် ဖြစ်အောင်နေပါ။ သူများကို သွားပြောရင် မွန်းကြပ်တာကနေ ထွက်ပေါက်ပါ ပိတ်သွားလိမ့်မယ်။
မင်း စိတ်ဓာတ်ကျနေလား။ ဘာအားငယ်စရာရှိလဲ။ စိတ်ဓာတ်ကျတာ မင်းအပြစ် မဟုတ်ဘူး။ လူတိုင်း ကျတတ်တာပဲ။ ကိုယ်တိုင် ပြန်ပြီး ဆွဲမတင်နိုင်မှ မင်းအပြစ် ဖြစ်မှာ။
ဘယ်သူ့မှ အားမကိုးနဲ့။ ကိုယ့်ကိုယ်ကိုပဲ အားကိုးစမ်းပါ။ လောကမှာ ကိုယ့်ကိုယ်ကိုလောက် ဘယ်သူမှ မချစ်ဘူး။ ကိုယ့်အားကိုယ်ကိုး ကိုယ့်သမိုင်း ကိုယ်ရေးပါ။
မင်းမိဘက လွဲရင် မင်းကို ထိထိရောက်ရောက် ကူညီမဲ့သူ ရှားတယ်။ မိဘကိုလဲ တသက်လုံး ဘယ်တော့မှ ဒုက္ခမပေးမနေနဲ့။ မင်းကိုယ်မင်းပဲ အပြည့်အဝ ပြန်ပြီး ကူညီလိုက်ပါ။ Crd
Zawgyi
0 Comments