လူတယောက်က ကံညံ့တော့မယ်ဆိုရင်

၁။ အရင်ကထက် ပိုပြီး ဒေါသ၊ လောဘ၊ မောဟ ပိုကြီးလာ တတ်တယ်။ အရင်ကထက် ထစ်ခနဲရှိ စိတ်တိုနေပြီဆို သတိထား။ အဲဒါ ကံညံ့တော့မယ်လို့ ပြတာပဲ။

၂။ မကောင်းတဲ့ ကိစ္စရပ်တွေကို ကောင်းတယ်လို့ မြင်လာတတ်တယ်။ ဥပမာ အရင်က အရက် သိပ်မသောက်ဖြစ်ဘူး ဆိုပါတော့ ကံညံ့တော့မယ်ဆို အကြောင်းပြချက်မရှိ အရက် ခဏခဏ သောက်ဖြစ်တာမျိုး၊ မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးပေါ့။

၃။ ဆိုဆုံးမတဲ့ စကားတွေကို နာခံဖို့ ခက်ခဲလာ တတ်တယ်။ လူကြီးမိဘတွေက ဆုံးမရင် မနာခံဘဲ ထင်ရာ လုပ်နေမိတတ် ပါတယ်။

၄။ အပျော်အပါး ပိုမက်လာတယ်။ အရင်က အပျော်အပါးကို ကြုံမှ လုပ်တတ်ပေမဲ့ ကံညံ့တော့မယ်ဆို အပျော်ဘက်ကို အချိန်ပိုပေး လာတတ်တယ်။

၅။ မွေးလရောက်ခါနီးတိုင်း အပြောင်းအလဲ တစုံတရာ ကြုံတယ်။ လူမှုရေး ပြဿနာ တက်တာမျိုး၊ အစွပ်အစွဲ ခံရတာမျိုး accident အသေးလေး ဖြစ်တတ်တာမျိုးတွေ ကြုံရတတ်တယ်။

၆။ ဒါကတော့ ကြိုသတိပေးတာပါ။ အိမ်မက်ထဲမှာ နိမိတ်ပြတာမျိုးနဲ့ လာပြီးဆောင်ရန်ဆောင်ရန် ပြောတာမျိုးပါ။ ဒါကတော့ ကုသိုလ်များသူနဲ့ ပဋ္ဌာန်းဆက် ရှိသူတွေရဲ့ အကူအညီကြောင့် သိရတာပေါ့။ Crd

Zawgyi

လူတေယာက္က ကံညံ့ေတာ့မယ္ဆိုရင္

၁။ အရင္ကထက္ ပိုၿပီး ေဒါသ၊ ေလာဘ၊ ေမာဟ ပိုႀကီးလာ တတ္တယ္။ အရင္ကထက္ ထစ္ခနဲရွိ စိတ္တိုေနၿပီဆို သတိထား။ အဲဒါ ကံညံ့ေတာ့မယ္လို႔ ျပတာပဲ။

၂။ မေကာင္းတဲ့ ကိစၥရပ္ေတြကို ေကာင္းတယ္လို႔ ျမင္လာတတ္တယ္။ ဥပမာ အရင္က အရက္ သိပ္မေသာက္ျဖစ္ဘူး ဆိုပါေတာ့ ကံညံ့ေတာ့မယ္ဆို အေၾကာင္းျပခ်က္မရွိ အရက္ ခဏခဏ ေသာက္ျဖစ္တာမ်ိဳး၊ မေကာင္းတဲ့ မိုက္တဲ့ သူငယ္ခ်င္းေတြကို သူငယ္ခ်င္းေကာင္းလို႔ ထင္လာတာမ်ိဳးေပါ့။

၃။ ဆိုဆုံးမတဲ့ စကားေတြကို နာခံဖို႔ ခက္ခဲလာ တတ္တယ္။ လူႀကီးမိဘေတြက ဆုံးမရင္ မနာခံဘဲ ထင္ရာ လုပ္ေနမိတတ္ ပါတယ္။

၄။ အေပ်ာ္အပါး ပိုမက္လာတယ္။ အရင္က အေပ်ာ္အပါးကို ႀကဳံမွ လုပ္တတ္ေပမဲ့ ကံညံ့ေတာ့မယ္ဆို အေပ်ာ္ဘက္ကို အခ်ိန္ပိုေပး လာတတ္တယ္။

၅။ ေမြးလေရာက္ခါနီးတိုင္း အေျပာင္းအလဲ တစုံတရာ ႀကဳံတယ္။ လူမႈေရး ျပႆနာ တက္တာမ်ိဳး၊ အစြပ္အစြဲ ခံရတာမ်ိဳး accident အေသးေလး ျဖစ္တတ္တာမ်ိဳးေတြ ႀကဳံရတတ္တယ္။

၆။ ဒါကေတာ့ ႀကိဳသတိေပးတာပါ။ အိမ္မက္ထဲမွာ နိမိတ္ျပတာမ်ိဳးနဲ႔ လာၿပီးေဆာင္ရန္ေဆာင္ရန္ ေျပာတာမ်ိဳးပါ။ ဒါကေတာ့ ကုသိုလ္မ်ားသူနဲ႔ ပ႒ာန္းဆက္ ရွိသူေတြရဲ႕ အကူအညီေၾကာင့္ သိရတာေပါ့။ Crd

Post a Comment

0 Comments