သတိဟူသည် ပိုသည်မရှိ

တခါတုန်းက မျက်စိတဖက် ကန်းနေသော ဒရယ်တကောင်သည် ပင်လယ်ကမ်းပါ၌ အစာစားလျက် ရှိ၏။ ဤသို့ အစာစားရာ၌ သူသည် ကောင်းသောမျက်စိကို ကုန်းဘက်သို့သာ လှည့်၍ထား၏။

အကြောင်းမူကား ကုန်းဘက်မှ အမဲလိုက်ခွေးများ ရောက်ရှိလာပါက ချက်ချင်း တွေ့မြင်ကာ ရှောင်ရှားနိုင်ရန် ဖြစ်၏။

ထို့နောက် ကျန်မကောင်းသော မျက်စိတဖက်ကိုမူ ပင်လယ်ဘက်သို့ လှည့်ထား၏။ အဘယ်ကြောင့်ဆိုသော် ပင်လယ်မှ မည်သည့်ဘေးအန္တာရာယ်မျှ သူ့ထံ ကျရောက်မည်မဟုတ် ဟူ၍ ယူဆသောကြောင့်ပင်။

သို့သော် သူ၏ ယူဆချက်ကား လွဲမှားခဲ့လေပြီ။ ပင်လယ်မှ သင်္ဘောသားတစုသည် သင်္ဘောဆိုက်ကပ်ပြီးနောက် ကမ်းပါးသို့ တက်လာရာတွင် ဒရယ်ကို ရုတ်တရက် တွေ့မြင်ကြလေ၏။ ဒရယ်မူကား သူတို့ကို မမြင်ပေ။

ထို့ကြောင့် သူတို့သည် လေးဖြင့် ပစ်လိုက်လေရာ ဒရယ်ကို အလွယ်တကူပင် ထိမှန်သွား၏။ ဒရယ်လည်း မြားဆိပ်တက်၍ သေအံ့ဆဲဆဲ ဖြစ်ရာမှ

"ငါသည် အစက ကုန်းအရပ်မှသာ ဘေးရန်ပေါ်မည်ဟု ထင်မှတ်ခဲ့သည်။ ယခုသော်ကား ငါမထင်သည့် ပင်လယ်အရပ်မှ ဘေးရန်ပေါ်ပေါက်သဖြင့် ငါသည် ပျက်စီးခြင်းသို့ ရောက်ခဲ့ရပေသည်။ ငါကား မိုက်မဲလှစွာတကား" ဟူ၍ ဝမ်းနည်းစွာဖြင့် ညည်းညူးလေသတည်း။

ဒါကြောင့် လောကကြီးမှာ အဖက်ဖက်က ကိုယ့်အပေါ် မိတ်ဆွေရှိသလို ရန်သူတွေလည်း ရှိတတ်တာကြောင့် သတိရှိရှိနှင့် နေထိုင်တတ်ရပါမယ်။ "သတိဟူသည် ပိုသည်မရှိ" ဟူသော စကားကိုဖော်ပြခြင်း ဖြစ်လေသည်။ Crd

Zawgyi

သတိဟူသည္ ပိုသည္မရွိ

တခါတုန္းက မ်က္စိတဖက္ ကန္းေနေသာ ဒရယ္တေကာင္သည္ ပင္လယ္ကမ္းပါ၌ အစာစားလ်က္ ရွိ၏။ ဤသို႔ အစာစားရာ၌ သူသည္ ေကာင္းေသာမ်က္စိကို ကုန္းဘက္သို႔သာ လွည့္၍ထား၏။ အေၾကာင္းမူကား ကုန္းဘက္မွ အမဲလိုက္ေခြးမ်ား ေရာက္ရွိလာပါက ခ်က္ခ်င္း ေတြ႕ျမင္ကာ ေရွာင္ရွားႏိုင္ရန္ ျဖစ္၏။

ထို႔ေနာက္ က်န္မေကာင္းေသာ မ်က္စိတဖက္ကိုမူ ပင္လယ္ဘက္သို႔ လွည့္ထား၏။ အဘယ္ေၾကာင့္ဆိုေသာ္ ပင္လယ္မွ မည္သည့္ေဘးအႏၲာရာယ္မွ် သူ႔ထံ က်ေရာက္မည္မဟုတ္ ဟူ၍ ယူဆေသာေၾကာင့္ပင္။

သို႔ေသာ္ သူ၏ ယူဆခ်က္ကား လြဲမွားခဲ့ေလၿပီ။ ပင္လယ္မွ သေဘၤာသားတစုသည္ သေဘၤာဆိုက္ကပ္ၿပီးေနာက္ ကမ္းပါးသို႔ တက္လာရာတြင္ ဒရယ္ကို ႐ုတ္တရက္ ေတြ႕ျမင္ၾကေလ၏။ ဒရယ္မူကား သူတို႔ကို မျမင္ေပ။

ထို႔ေၾကာင့္ သူတို႔သည္ ေလးျဖင့္ ပစ္လိုက္ေလရာ ဒရယ္ကို အလြယ္တကူပင္ ထိမွန္သြား၏။ ဒရယ္လည္း ျမားဆိပ္တက္၍ ေသအံ့ဆဲဆဲ ျဖစ္ရာမွ

"ငါသည္ အစက ကုန္းအရပ္မွသာ ေဘးရန္ေပၚမည္ဟု ထင္မွတ္ခဲ့သည္။ ယခုေသာ္ကား ငါမထင္သည့္ ပင္လယ္အရပ္မွ ေဘးရန္ေပၚေပါက္သျဖင့္ ငါသည္ ပ်က္စီးျခင္းသို႔ ေရာက္ခဲ့ရေပသည္။ ငါကား မိုက္မဲလွစြာတကား" ဟူ၍ ဝမ္းနည္းစြာျဖင့္ ညည္းညဴးေလသတည္း။

ဒါေၾကာင့္ ေလာကႀကီးမွာ အဖက္ဖက္က ကိုယ့္အေပၚ မိတ္ေဆြရွိသလို ရန္သူေတြလည္း ရွိတတ္တာေၾကာင့္ သတိရွိရွိႏွင့္ ေနထိုင္တတ္ရပါမယ္။ "သတိဟူသည္ ပိုသည္မရွိ" ဟူေသာ စကားကိုေဖာ္ျပျခင္း ျဖစ္ေလသည္။ Crd

Post a Comment

0 Comments