တဖက်တည်းကိုပဲ မကြည့်ပါနဲ့

သိပ်ပူတဲ့ နွေရာသီတခုမှာ၊ လူတစုက မြစ်ရေလှိုင်းထဲ ဖောင်စီးသွားကြတယ်။ ကောင်မလေး တယောက် ရေဆော့နေတုန်း ဖိနပ်က ရေထဲ ကျသွားတယ်။

ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေတဲ့ ရေချိုးကျောက် သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။

အဲဒါနဲ့ ကောင်မလေးက တယောက်ယောက် ဖိနပ် ငှားနိုင်မလားလို့ အကူအညီ တောင်းတယ်။ ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲ ပါတာဆိုတော့ ဘယ်သူမှ မပေးချင်ကြဘူး။

ကောင်မလေးက မကျေမနပ် ဖြစ်သွားတယ်။ သူက မိန်းကလေး သဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများ အကူအညီ ရနေကျလေ။

ဒါပေမဲ့ ဒီတခါတော့ မရတော့ဘူး။ အဲဒါနဲ့ သူမက ဒီလူတွေအားလုံး မကောင်းဘူး၊ ကူညီချင်စိတ် မရှိဘူးလို့ တွက်လိုက်တယ်။

နောက်တော့ ကောင်လေးတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။ သူကတော့ ဖိနပ်ဗလာနဲ့ အကြာကြီး ရေချိုးကျောက် ပူပူထဲ ပြေးလိုက်ရတယ်။ သံပူနဲ့ ကပ်နေသလိုပါပဲ။ ကောင်မလေးက ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။

ကောင်လေးက "ဘယ်သူမှ မင်းကို ကူညီဖို့ တာဝန် မရှိပါဘူး။ မင်းကို ကူညီတာ ခင်မင်မှုတခုကြောင့်ပဲ။ မကူညီဖြစ်ရင် ဒေါသ မကြီးပါနဲ့။ ဒါ သမရိုးကျပါ" လို့ ပြောတယ်။

အဲဒီလို ပြောတော့ ကောင်မလေးစိတ်ထဲ အောင့်သက်သက် ဖြစ်သွားခဲ့တယ်။ အဲဒီချိန်ကစပြီး သူ့ကို ကူညီဖူးသူတွေကို အမြဲ မှတ်သားထားလေ့ ရှိပြီး ပြန်လည် ကျေးဇူးဆပ်လေ့ ရှိသတဲ့။

ကျမတို့ဟာ အမြဲတမ်း သူများက ကိုယ့်အပေါ် ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။ အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။

ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အကျင့်ဖြစ်လာတယ်။ ဒါက ဖြစ်သင့်တဲ့အရာလို့ ထင်လာတယ်။ တနေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချမိတော့တယ်။

တကယ်တမ်းကျတော့၊ သူများက မကောင်းတော့တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ။ Crd

Post a Comment

0 Comments