ဉာဏ်ကောင်းသော အဖွားအို

တခါက ရွာလေး တရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ ယောက် ရှိကြသတဲ့။ သားသမီးလည်း မရှိပဲ၂ ယောက်တည်း နေကြရတယ်။ တနေ့တော့ အဖိုးကြီးက အသည်းအသန် ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။

"ငါ အရင်က ဘာကုသိုလ် ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူး ကောင်းအောင် အိမ်က နွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ၊ တဝက်ကို နင်လုပ်ကိုင် စားသောက်ဖို့ ယူ" တဲ့။

အဖွားကြီးကလည်း မျက်ရည်စက်လက်နဲ့ ကတိပေးလိုက် မိတယ်။ အဖိုးကြီး သေပြီး၂ ရက်လောက် နေတော့ အဖွားကြီး ကပ်စေးနဲစိတ် ပြန်ဝင်လာတယ်။

"ဒီနွားလေးပဲ ငှားစားနေရတာ၊ ရောင်းပြီး တဝက် လှူလိုက်ရင် ငါ့နှယ် ဒုက္ခ" ဆိုပြီး အကြံထုတ်နေ ရှာတယ်။

ကတိကိုလည်း မဖျက်ချင်ဘူး။ အဲဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။ "နွားရောင်းမည် ၂၀၀၀ ကျပ်။ ကြက်ရောင်းမည် ၂ သိန်းကျပ်။ မှတ်ချက် ခွဲမရောင်းပါ" တဲ့။

ဈေးက ပြောင်းပြန်ကြီးမို့ လူတွေကလည်း အထူးအဆန်း ဆိုပြီး လာကြည့် ကြတယ်။ အဲ့ဒီထဲက ကြိုက်တဲ့သူ တယောက်က ဝယ်သွားတယ်လေ။

ရက်လည် ကျတော့ နွားရောင်းလို့ ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကို ဆန်ပြုတ် ချက်ပြီး ဘုန်းကြီးကို လှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂ သိန်းနဲ့ နွားပေါက် တကောင် ပြန်ဝယ်လိုက်တယ်။ အဖွားကြီးက ကတိ မပျက်ခဲ့ ပါဘူး။

ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာ အဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိ လိုက်ပါတယ်။ စီးပွားရေး လုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာ ကျတဲ့ အခင်းအကျင်းကြီး တခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို ဈေးရောင်းတဲ့ အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာပါ။

အဘွားကြီး လုပ်ပုံကိုကြည့် (၁) ကတိ မပျက်ဘူး။ (၂) အများ စိတ်ဝင်စားတယ်။ (၃) ဝယ်သူလည်း မနစ်နာ။ ဒီ ၃ ချက် ကိုက်ညီတယ်။

နွားတကောင် ၂ သိန်း ဆိုလည်း ပေါက်ဈေးနဲ့ တန်တယ် ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁ သိန်း ပြန်လှူရမယ့် ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံး ခုလိုက်တာ။

ဆိုပါတော့ လမ်းဘေးမှာ ခေါက်ဆွဲကြော် တပွဲ ၁၅၀၀ ဆို အတော်လက်ရာ ကောင်းကောင်းရယ်။ အဲကွန်းခန်းတွေ၊ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ၊ အခန်း အပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅၀၀ ဖိုး ထပ်ပေါင်းပြီး ၅၀၀၀ ကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေး ဆိုင်ထက်တောင် ပိုစည်သေး။

ခေါက်ဆွဲကြော် ၄၀၀၀ ဝန်ဆောင်ခ ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့ သဘော။ ဒါပေမယ့် တန်ဖိုး သတ်မှတ်ချက် ပြောင်းပြန် ဆိုတာ မသိရှာကြ။ ကောင်းကောင်း စားရတာ တန်ပါတယ်လေ။

ဆိုပါတော့ ဖုန်းတလုံး ၁ သိန်းခွဲ ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နား ကြပ်, ဆောင်းဘောက် ၁၅၀၀၀ ဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅၀၀၀ နဲ့ ရောင်း။ ဒါလည်း အဘွားကြီး နည်းပဲ။

ထပ်ကွန့်လိုက်သေး။ ယခင်ဈေး ၂ သိန်း။ ယခု % အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀ ။ ပိုကြိုက်ပေါ့။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်း ပါပဲ။ Crd

Post a Comment

0 Comments