ကိုယ့်အလှည့်ကျ သဘောထားကြီးနိုင်ပါ့မလား

ရှေးရှေးတုန်းက ချုမင်းဆက်လက်ထက် တရုတ်ပြည်မှာ ဘုရင့်ကိုးကွယ်ခံ ပညာရှိကြီးလောင်ဇူးက သူ့တပည့်တပန်းများနဲ့ အတူ လူစည်စည် လမ်းလယ် လမ်းခွဆုံမှာ မေတ္တာတရားအကြောင်း ဟောပြောနေသတဲ့။

အဲဒီအချိန်မှာ တရုတ်ပြည်ဟာ အနောက်ဘက်အရပ်က လူရိုင်းတွေရဲ့ ထိုးနှက်လုယက်မှုကို အပြင်းထန် ခံနေရချိန် ဖြစ်လို့ တွန်းလှန်ဖို့ ကြိုးစားနေရချိန် ဖြစ်တယ်။

လောင်ဇူးက လူတွေကို မေတ္တာတရား ထားရမယ်၊ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ်၊ အတူတူ ဆုတောင်းပတ္ထနာ ပြုကြရမယ် စသဖြင့် ဟောပြောနေတာပေါ့။

အဲဒီအချိန်မှာ လောင်ကွန်းဆိုတဲ့ လူငယ်လေးတယောက် ရောက်လာပြီး လောင်ဇူးကို ဘာမပြော ညာမပြော ပါးဆွဲရိုက်သတဲ့။

လူတွေရှေ့မှာလည်း ဖြစ် တပည့်တပန်းတွေ ရှေ့မှာလည်း ဖြစ်တော့ လောင်ဇူးဟာ ရှက်လည်းရှက် ဒေါသလည်း ထွက်ပြီး သူ့တပည့်တွေကို "အဲဒီအကောင်ကို ဖမ်းပြီး နာနာ ဆုံးမလိုက်စမ်း" လို့ အမိန့်ပေးတယ်။

အဲဒီမှာပဲ သူတပည့်တွေက လောင်ကွန်းကို သွေးစသွေးနတွေ ထွက်လာသည်ထိ ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့။ လူတွေလည်း ဝိုင်းဝန်း အုတ်အုတ် ကျက်ကျက် ရောက်လာပြီး ဖြန်ဖြေကြတယ်။

ထို့ကြောင့် လွတ်သွားပြီ ဖြစ်တဲ့ လူငယ်လေး လောင်ကွန်းဟာ ပြုံးစစနဲ့ လောင်ဇူရဲ့ စင်မြင့်ပေါ် တက်သွားတယ်။ ပြီးတော့ သူက လူတွေကို လှမ်းအော်ပြောတယ်။ "ဒီမယ် ကိုယ့်လူတို့"

လူတွေကလည်း စိတ်ဝင်တစားနဲ့ ဝိုင်းမော့ကြည့် ကြတယ်။ "ပညာရှိကြီး လောင်ဇူးပြောတဲ့ လူတွေကို မေတ္တာတရား ထားရမယ်၊ နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ်၊ အတူတူ ဆုတောင်းပတ္ထနာ ပြုကြရမယ် စသဖြင့် ဟောပြောနေတာ မှန်ပါတယ်"

ပြောရင်း သူ့ပါးစပ်က ထွက်လာတဲ့ သွေးတွေကို သုတ်တယ်။ ပြီးတော့ သွေးပေနေတဲ့ သူ့လက်ကို မြှောက်ပြရင်း "အဲ့ဒါဟာ ကိုယ့်ပါးကို လာမရိုက်ခင်အထိပါပဲ" တဲ့။

လူအုပ်ကြီးကလည်း ဝိုင်းပြီး လက်ခုပ်တီးကြတာ ပေါ့လေ။ သူက လောင်ဇူးဘက်ကိုလည်း လှည့်ပြောလိုက်တယ်။

"ခင်ဗျားလို လုံခြုံစိတ်ချတဲ့ နေရာမှာ နေရရင်တော့ ဘယ်သူ့ကိုမဆို မေတ္တာထားဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် လူတိုင်းဟာ ခင်ဗျားလို မနေရတာ သိထားပါ။ ကိုယ့်အလှည့်ကျ သဘောထား ကြီးနိုင်ကြပါစေ" Crd

Post a Comment

0 Comments