အောင်မြင်သူ၏ နောက်ကွယ်

တနေ့မှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဌေးကြီးတယောက်ဟာ သူဝါသနာပါလို့ မွေးမြူထားတဲ့ မိချောင်းတွေထားတဲ့ ကန်အလယ်က အဆောက်အဦပေါ်မှာ သူ့ရဲ့ မွေးနေ့ပါတီပွဲ ကျင်းပနေပါတယ်။

လူတွေက သူမွေးထားတဲ့ မိချောင်းတွေကို အဆောက်အဦ အပေါ်ကနေ တအံ့တဩ အထိတ်တလန့်နဲ့ ကြည့်နေကြတာပေါ့။

အဲဒီအချိန်မှာ သူဌေးက အစီအစဉ်တခုကို ရုတ်တရက် ကျေညာလိုက်ပါတယ်။

"မိတ်ဆွေများခင်ဗျား ယခု ရောက်ရှိနေတဲ့ နေရာကနေ ကန်ထဲကို ခုန်ချပြီး ကန်ဘောင်ပေါ်ကို ရောက်အောင် သွားနိုင်တဲ့ သူကို ဆုအဖြစ် ဒေါ်လာနှစ်သန်း ပေးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကန်ဘောင်ကို ရောက်အောင် မသွားနိုင်ပဲ မိချောင်း အကိုက်ခံရလို့ သေဆုံးသွားမယ် ဆိုရင်တော့ ကျန်ရစ်တဲ့ မိသားစုကို ထောက်ပံ့ကြေး အဖြစ် ဒေါ်လာတသန်း ပေးအပ်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အစီအစဉ်မှာ ပါဝင် စွန့်စားနိုင်ကြပါတယ် ခင်ဗျား"

သူဌေးရဲ့ စကားအဆုံးမှာပဲ လူတယောက်ဟာ ရေထဲကို ဝုန်းကနဲ ခုန်ချပြီး ကန်ဘောင်ကို ရောက်ဖို့ အသဲအသန် ကူးခတ်နေပါတယ်။

ကံအားလျော်စွာပဲ အဲဒီလူဟာ ကန်ဘောင်ပေါ်ကို တက်ရောက်သွားနိုင် ခဲ့ပါတယ်။

အခမ်းအနား တက်ရောက်လာသူတွေက သူ့ရဲ့ ရဲရင့်စွာ စွန့်စားတဲ့ သတ္တိကို ချီးကျူးဂုဏ်ပြု ဩဘာပေးနေ ကြသလို သူဌေးကလဲ သူ့ကတိအတိုင်း ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ကို ရေးပြီး ဂုဏ်ပြုလိုက်ပါတယ်။

အဲဒီလူဟာ ဒေါ်လာနှစ်သန်းတန် ချက်လက်မှတ်ကို ကတုန်ကယင် ကိုင်ထားပြီး ပရိတ်သတ်ဖက်ကို ကြည့်ကာ အသံတုန်ကြီးနဲ့ မေးလိုက်တာက "ကျနော့်ကို အနောက်က တွန်းချလိုက်တာ ဘယ်သူလဲ" တဲ့။

အဲဒီအခါ သူ့လက်ထဲက ချက်လက်မှတ်ကို လာယူပြီးတော့ ဆလင်းဘတ်အိပ်ထဲ ထည့်ရင်း အမျိုးသမီးတယောက်က ပြောလိုက်ပါတယ်။ "ရှင့်ကို တွန်းချလိုက်တာ ကျမပဲ" တဲ့။ အဆိုပါ အမျိုးသမီးဟာ အဲဒီလူရဲ့ မိန်းမပဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကို မြင်တွေ့လိုက်ရတဲ့ ပရိတ်သတ်တွေကတော့ အောင်မြင်တဲ့ ယောကျ်ားတယောက်ရဲ့ နောက်ကွယ်မှာ တွန်းအားပေးနိုင်တဲ့ မိန်းမတယောက် ရှိနေဖို့ လိုတယ် ဆိုတာကို အကြွင်းမဲ့ လက်ခံသွား ပါတော့တယ်ဗျာ။ မိတ်ဆွေတို့ရော ဘယ်လိုမြင်ကြလဲဗျ။ Crd

Post a Comment

0 Comments