ဆယ်ပုံတပုံကို ကိုယ့်အတွက်စုပါ

ဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာ လူတယောက်အနေနဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ အချက် တချက်ရှိပါတယ်။

အဲ့ဒါဘာလဲဆိုတော့ "ငါရတဲ့ဝင်ငွေရဲ့ တစိတ်တပိုင်းသည် ငါ့အတွက် ကိုယ်ပိုင်ဥစ္စာ ဖြစ်စေရမည်" တဲ့။ ကျနော်တို့ ဝင်ငွေက ကျနော်တို့ကိုယ်ပိုင် ဟုတ်ပါရဲ့လား။

စာထဲမှာ ညွှန်းဆိုထားတာကတော့ မင်းအဝတ်ထည်တွေ ရဖို့ အပ်ချူပ်သမားကို ပိုက်ဆံ မပေးရဘူးလား၊ ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား။

အဲဒီလိုပဲ အစားသောက်တွေ အတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား။ ပြီးခဲ့တဲ့လက ရတဲ့ မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြား ကျန်သလဲ။ ပြီးခဲ့တဲ့ တနှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ။ မရှိဘူးမို့လား။

တကယ်တော့ မင်းကိုယ်မင်းကလွဲပြီး လူတကာကို ပိုက်ဆံတွေ ပေးနေခဲ့တာပါတဲ့။

အဲ့ဒီလိုမဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတပုံကို စုဆောင်းခဲ့မယ် ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက်ချမ်းသာနေမလဲ" တဲ့။

အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်း ဖြစ်တဲ့ ငါရတဲ့ဝင်ငွေရဲ့ တစိတ်တပိုင်းဟာ ငါ့အတွက် ကိုယ်ပိုင်ဥစ္စာ ဖြစ်ရမည်" ဆိုတာ ကိုယ်ဝင်ငွေတွေကို ဝင်သလောက် သုံးမပစ်ပဲ ဆယ်ပုံတပုံလောက်ကို စုဆောင်းထားဖို့ပဲ ဖြစ်ပါတယ်။

အဲဒီလို စုဆောင်းထားတဲ့ တဆင့်မှာပဲ မပြီးပဲ "ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေဖြစ်ရမယ်" တနည်းအားဖြင့် စုဆောင်းရုံနဲ့ မပြီးဘူး ပြန်လည်ရင်းနှီးပြီး ခိုင်းစေရမယ်။

အဲဒီကျေးကျွန်ငွေသားတွေကနေ တဆင့် နောက်ထပ် အစွယ်ဖွား သားသမီးတွေ မွေးနိုင်အောင် လုပ်ဆောင်ရမယ်တဲ့။ မင်းဟာချမ်းသာချင်တဲ့ လူဆိုရင် မင်းစုဆောင်းသမျှကို တိုးပွားအောင် လုပ်ရပါမယ်တဲ့။

ဒါကြောင့် ချမ်းသာချင်တဲ့ လူတယောက်အနေနဲ့ ပထမဆုံး လိုက်နာကျင့်သုံးရမဲ့ အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံတပုံကို ကိုယ့်အတွက် ပြန်လည် စုဆောင်းဖို့ပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments