အသေးအမွှားလေးတွေပါ
သင့် ပိုက်ဆံအိတ်ထဲမှာ ငွေရှစ်သောင်း ခြောက်ထောင့်လေးရာ ၈၆၄၀၀ ရှိတယ်။ လူတယောက်က သင့်ဆီက ၁၀၀ တန် တရွက် ခိုးသွားတယ်။
ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့ အဲဒီလူကို လိုက်ရှာဖမ်းဖို့ အတွက် သင့်ကျန်တဲ့ ပိုက်ဆံ (၈၆, ၃၀၀) လုံးကို ပုံပြီး သုံးမလား။ ဒါမှမဟုတ် မေ့မေ့ပျောက်ပျောက် နေမလား။
အဖြေကတော့ ရှင်းပါတယ်။ စိတ်ပြေလက်ပျောက်ပဲ နေမှာပေါ့။ ၁၀၀ လောက် လျော့သွားတာအတွက် ဘာကြောင့် မအိပ်နိုင် မစားနိုင် ဖြစ်နေမှာလဲ။
ဟုတ်ပြီ။ ဒါဆို သင်တို့ ကျွန်ုပ်တို့ရဲ့ တနေ့တာမှာ စက္ကန့်ပေါင်း ၈၆၄၀၀ ရှိတယ်။ အဲဒီထဲက တစုံတယောက်ကြောင့် စိတ် အနှောင့်အယှက် ဖြစ်ရတဲ့ အချိန် တမိနစ်ကျော်ကျော် (စက္ကန့် ၁၀၀လောက်) အတွက်နဲ့
ဘာကြောင့်များ စိတ်ဆိုးဒေါသတွေ ထွက်ပြီး ကျန်တဲ့ တနေ့တာရဲ့ လက်ကျန် ၈၆၃၀၀ စက္ကန့်လုံးကို အဆင်မပြေ ဖြစ်အောင် လုပ်မလဲ။
ဘဝဟာ ကျယ်ပြန့်ပါတယ်။ ပြီးတော့ တိုတောင်းလွန်းပါတယ်။ အသေးအမွှား ကိစ္စလေးတွေကြောင့် အနှောင့်အယှက် အဖြစ်မခံပါနဲ့။ Crd
Zawgyi
အသေးအမွှားလေးတွေပါ
Post a Comment
0 Comments