ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်

တခါတုန်းက ရွာတရွာမှာ ထူးဆန်းတဲ့ အဘိုးအိုတယောက် ရှိတယ်။ သူ့မှာ သိပ်လှတဲ့ မြေးမလေးတယောက် ရှိတယ်။ အဘိုးအိုးဟာ သိပ်ကျွမ်းကျင်၊ သိပ်တော်၊ သိပ်ထက်မြက်လွန်းလှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားတယ်။

အဲဒီပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်။ သူ့မြေးမလေးကိုလည်း အဲ့ဒီပညာ သင်ပေးထားတယ်။ တနေ့တော့ လူစီကားတဲ့ နေရာမှာ မျက်လှည့်ပြတာပေါ့။

ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ၊ ကြိုးကနေ မြွေဖြစ်သွားတာတွေစတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့။ အားလုံး ပြီးသွားရင်လည်း ပရိတ်သတ်ပေးတဲ့ ငွေကိုပဲ ယူတယ်။ အခုပြတဲ့ပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတခွန်း ပြောတယ်။

"မျက်လှည့်ပညာဆိုတာ မှော်ပညာ မဟုတ်သလို တန်းခိုးစွမ်းအားတွေ မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။ မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေ မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာပါ"

လျှို့ဝှက်ချက်တွေ ပြောပြတော့မယ် ဆိုတော့ ပရိတ်သတ်တွေဟာ အင်မတန်မှ စိတ်ဝင်စားသွားတယ်။ ကြိုးကနေ မြွေဘယ်လိုဖြစ်သွားသလဲ၊ ပန်းကနေ ဘယ်လို ငွေစက္ကူဖြစ်သွားသလဲ စသည်ဖြစ်ပေါ့။

ခဏကြာတော့ အဘိုးအိုက လျှို့ဝှက်ချက်တွေ အကုန် ရှင်းပြခဲ့တယ်။ ပရိတ်သတ်တွေလည်း ပြောတုန်းခဏတော့ စိတ်ဝင်စားကြတာပေါ့။ သိလည်းသွားရော "အော် ဒီလိုလုပ်တာလား ဒါလေးများ" ဆိုပြီး မျက်လှည့်ပညာကို စိတ်မဝင်စား တော့ဘူးပေါ့။

နောက်တနေ့မှာ အဘိုးအိုဟာ မြေးလေးကို ခေါ်ပြီး မျက်လှည့် သွားပြတာပေါ့။ ဒါပေမယ့် ပရိတ်သတ်တယောက်မှ မလာကြတော့ဘူး။ "မြေးလေးရေ ပရိတ်သတ် တယောက်မှ မလာကြပါလား။ ဘာကြောင့်လဲ"

မြေးလေးက ပြန်ပြောတယ်။ "အဘိုးက မနေ့ကပွဲမှာ လျို့ဝှက်ချက်တွေ အကုန် ပြောလိုက်တာကိုး။ ဘယ်သူက စိတ်ဝင်စားတော့ မှာလဲ"

"အေး ဟုတ်တယ် မြေးလေး။ အဘိုး တသက်လုံး အသက်မွေးဝမ်းကြောင်းပြုပြီး ကျွေးမွေးခဲ့တဲ့ပညာက အခုတော့ လျို့ဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူမှ စိတ်မဝင်စားတော့ဘူး။ တန်ဖိုးလည်း မရှိတော့ဘူး။

မြေးလေးမှတ်ထားပါ။ လျှို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ကိုယ်ခန္ဓာအလှကိုလည်း ဘယ်သူမှ မပြရဘူးကွဲ့။ ဒူးဖော်၊ ပေါင်ဖော်၊ရင်သားတွေ ပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်။ ပြတုန်းခဏပဲ သူတို့က တန်ဖိုးထားကြတာ။ ဒါကြောင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ပါ"

အဘိုးအိုဟာ သူ့ပညာနဲ့ ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့တယ်။ ညီမငယ်လေးတွေလည်း အဘိုးအိုရဲ့ ဆုံးမစကားကို နားလည်နိုင်ကြပါစေ။ Crd

Post a Comment

0 Comments