ဟိုးရှေးရှေးတုန်းက ဂျပန်ပြည်မှာ ဘုန်းတော်ကြီးတပါး ရှိတယ်။ သူက အလွန် စိတ်တိုတတ်တယ်။ ဘာတခုမှ သည်းညည်းမခံနိုင်။
သူ့ကျောင်းအနီးမှာ ဖက်ယားပင်ကြီး တပင်ရှိတော့ အဲဒါကို အစွဲပြုပြီး အနီးအနားက လူတွေက သူ့ကို ဖက်ယားပင်ဆရာတော်လို့ ခေါ်ကြတယ်။
အဲဒီလို ခေါ်သံကို မကြာခဏ ကြားရတော့ သူဟာ ဒေါသထွက်ပြီး တနေ့မှာ ဖက်ယားပင်ကြီးကို ခုတ်ပစ်တယ်။ သစ်ပင်ကြီးကို ခုတ်ပစ်တော့ ငုတ်ချည်း ကျန်တဲ့အခါ လူတွေက သစ်ငုတ်တို ဆရာတော်လို့ ပြောင်းခေါ်ကြတယ်။
ဒါကို ကြားတော့ မခံမရပ်နိုင် ဖြစ်ပြန်ပြီး ဒီလောက်တောင် ရှိတာကွာ ဆိုပြီး သစ်ငုတ်ကိုပါ တူးထုတ် ပစ်လိုက်တယ်။ ငုတ် မရှိတဲ့ အခါ လူတွေက တမျိုးပြောင်း ခေါ်တယ်။ "ငုတ်တူးဆရာတော်" ဆိုပြီး။
ဒီလို အနေအထားမျိုးမှာ ဆက်လုပ်လေ ရှုံးလေပါပဲ။ ပြဿနာဆိုတာ ကိုယ်က ပြဿနာလို့ ခံယူမှ ပြဿနာ ဖြစ်တယ်။ စိတ်အေးအေး ထားမယ်ဆိုရင် ကိစ္စအတော်များများဟာ အသေးအမွှားသာ ဖြစ်တယ်။
ကိုယ်က ပုံကြီးချဲ့ ခံစားနေသမျှ အသေးအမွှားက အဆမတန် ကြီးထွားပြီး ကိုယ့်ကို ပိုပြီး ဒုက္ခပေးတော့တယ်။ Crd
Zawgyi
ျပႆနာလို့ ထင္ေနသမ်ွ
ဟိုးေရွးေရွးတုန္းက ဂ်ပန္ျပည္မွာ ဘုန္းေတာ္ႀကီးတပါး ရွိတယ္။ သူက အလြန္ စိတ္တိုတတ္တယ္။ ဘာတခုမွ သည္းညည္းမခံႏိုင္။
သူ႔ေက်ာင္းအနီးမွာ ဖက္ယားပင္ႀကီး တပင္ရွိေတာ့ အဲဒါကို အစြဲျပဳၿပီး အနီးအနားက လူေတြက သူ႔ကို ဖက္ယားပင္ဆရာေတာ္လို႔ ေခၚၾကတယ္။
အဲဒီလို ေခၚသံကို မၾကာခဏ ၾကားရေတာ့ သူဟာ ေဒါသထြက္ၿပီး တေန႔မွာ ဖက္ယားပင္ႀကီးကို ခုတ္ပစ္တယ္။ သစ္ပင္ႀကီးကို ခုတ္ပစ္ေတာ့ ငုတ္ခ်ည္း က်န္တဲ့အခါ လူေတြက သစ္ငုတ္တို ဆရာေတာ္လို႔ ေျပာင္းေခၚၾကတယ္။
ဒါကို ၾကားေတာ့ မခံမရပ္ႏိုင္ ျဖစ္ျပန္ၿပီး ဒီေလာက္ေတာင္ ရွိတာကြာ ဆိုၿပီး သစ္ငုတ္ကိုပါ တူးထုတ္ ပစ္လိုက္တယ္။ ငုတ္ မရွိတဲ့ အခါ လူေတြက တမ်ိဳးေျပာင္း ေခၚတယ္။ "ငုတ္တူးဆရာေတာ္" ဆိုၿပီး။
ဒီလို အေနအထားမ်ိဳးမွာ ဆက္လုပ္ေလ ရႈံးေလပါပဲ။ ျပႆနာဆိုတာ ကိုယ္က ျပႆနာလို႔ ခံယူမွ ျပႆနာ ျဖစ္တယ္။ စိတ္ေအးေအး ထားမယ္ဆိုရင္ ကိစၥအေတာ္မ်ားမ်ားဟာ အေသးအမႊားသာ ျဖစ္တယ္။
ကိုယ္က ပုံႀကီးခ်ဲ႕ ခံစားေနသမွ် အေသးအမႊားက အဆမတန္ ႀကီးထြားၿပီး ကိုယ့္ကို ပိုၿပီး ဒုကၡေပးေတာ့တယ္။ Crd
0 Comments