ဖောက်ပြန်တဲ့ယောက်ျား

ကျနော့်မိန်းမက ကျနော့်ဘေး ကပ်ပြီး အိပ်ပျော်နေတယ်။ ရုတ်တရက် ဖေ့စ်ဘွတ်ခ်က နိုတီလေး တတ်လာပြီ အမျိုးသမီးတယောက်က သူကို မိတ်ဆွေအဖြစ် လက်ခံခိုင်းပါတယ်။

အဲဒါနဲ့ ကျနော် သူမကို လက်ခံ လိုက်တယ်။ သူမရဲ့ သူငယ်ချင်း အဖြစ် တောင်းဆိုမှုကို လက်ခံပြီးနောက် "ငါတို့ အချင်းချင်း သိကြလို့လား" လို့ မေးတဲ့ စာတစောင်ကို စကားပြောတဲ့နေရာက ပို့လိုက်ပါတယ်။

သူမက "နင် အိမ်ထောင်ကျတယ်လို့ ကြားပေမယ့် ငါနင့်ကို ချစ်တုန်းပဲ" ဆိုတဲ့ စာတစောင် ပြန်ပို့ပါတယ်။ သူနှင့် ကျနော်ဟာ တချိန်က သူငယ်ချင်း ဖြစ်ခဲ့ကြပါတယ်။ ပုံထဲမှာတော့ သူမက ယခင်ကအတိုင်း အရမ်း လှနေဆဲပါ။

ကျနော် စာပို့နေတာရပ်ပြီး ကျနော့်ဇနီးကို လှည့်ကြည့်လိုက်တဲ့အခါ တနေကုန် အလုပ်တွေ လုပ်ပြီး ပင်ပန်းနေတဲ့ သူမဟာ ကျနော့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။

သူမကို ကြည့်ပြီး တွေးလိုက်မိတာက သူမဟာ ယုံကြည်စိတ်ချစွာနဲ့ ကျနော်ရှိတဲ့ အိမ်အသစ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါတယ်။

သူမဟာ သူမရဲ့ မိဘအိမ်နဲ့ ဝေးကွာပြီး ကျနော်နဲ့အတူ လာနေခဲ့တယ်။ သူမ၏ အိမ်တွင် သူမမိသားစုက သူမအား ဝိုင်းရံကာ နေထိုင်ခဲ့သည်။

သူမ စိတ်မကောင်း ဖြစ်တဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ သူမအမေက သူ့အားရင်ခွင်မှာ ငိုခိုင်းလိမ့်မည်။ သူ့အမ သို့မဟုတ် အကိုက ဟာသတွေပြောပြီး ရယ်အောင် လုပ်မည်။

သူ့အဖေက အိမ်ပြန်လာပြီး သူကြိုက်တာ မှန်သမျှ ဝယ်လာ ပေးလိမ့်မည်။၊ သူမသည် ထိုအရာအားလုံးကို စွန့်ခွာပြီး ကျနော့်အား ယုံကြည်စွာ လက်တွဲခဲ့သည်။

ဒီအတွေးတွေ အားလုံး သတိရလာတော့ ဖုန်းကို ပြန် ကောက်ကိုင်လိုက်ပြီး ခုနက စကားပြောသူနှင့် ဘလော့ ခလုတ်ကို နှိပ်လိုက်တယ်။ ကျနော် ကျနော့်မိန်းမဘက်ကို လှည့်ပြီး သူဘေးမှာ အိပ်လိုက်တယ်။

ကျနော်ဟာ ကလေးမဟုတ်ပါဘူး။ ကျနော့်ဇနီးအပေါ် သစ္စာရှိဖို့ ကတိသစ္စာပြုခဲ့ပြီး ဒါကို စောင့်ထိမ်းရပါလိမ့်မယ်။ ကိုယ့်မိန်းမကို မလိမ်ညာဘဲ မိသားစုကို တစစီ ပြိုကွဲအောင်လုပ်တဲ့ ယောက်ျားမဖြစ်ဖို့ ထာဝရ တိုက်ပွဲဝင်သွားမှာပါ။ Crd

Post a Comment

0 Comments