ဘာလို့ ဆင်းရဲနေတာလဲ

ဆင်းရဲသားတယောက်က ဘုရားရှင်ကို "ကျွန်တော်မျိုးဟာ ဘာဖြစ်လို့ ဆင်းရဲမွဲတေ နေရတာလဲ ဘုရား" လို့ မေးတယ်။

ဘုရားရှင်က "သင်ဟာ ပေးကမ်းခြင်းနဲ့ ပေးကမ်းနည်းကို မသိလို့ပါ" လို့ ပြောတယ်။ ဆင်းရဲသားက ပြန်မေးပါတယ်။ "ကျွန်တော်မျိုးမှာ ပေးကမ်းစရာ ဘာမှမှ မရှိတာ"

ဘုရားရှင်က "သင်ပေးတာ သင့်မှာ ရှိနေတာတွေ မနည်းပါဘူး။ မျက်နှာ - အပြုံးတွေ ပေးစွမ်းနိုင်တယ်။ လန်းဆန်းမှု၊ တက်ကြွမှု၊ ရွှင်လန်းမှုတွေ ပေးစွမ်းနိုင်တယ်။

ပါးစပ် - သင် သူတပါးကို ချီးမွမ်းစကားတွေ၊ အားပေးစကားတွေ၊ မင်္ဂလာရှိ ကောင်းမွန်တဲ့ စကားတွေ ပြောပေးလို့ ရနိုင်တယ်။

နှလုံးသား - တပါးသူကို ရင်ဖွင့်ပြနိုင်တယ်။ စစ်မှန်ခြင်းတွေ ဖြူစင်ရိုးသားမှုတွေနဲ့ မေတ္တာတရားတွေ ပေးစွမ်း နိုင်တယ်။

မျက်လုံး - တပါးသူကို ကောင်းမွန်တဲ့ စေတနာအမြင်နဲ့ မြင်ကြည့်လို့ ရတယ်။ နွေးထွေး ဖော်ရွေးတဲ့ အကြည့်နဲ့ ပေးစွမ်းနိုင်တယ်။

ကိုယ်ခန္ဓာ - သူ့ကို အသုံးချပြီး သူတပါးကို ကူညီနိုင်တယ်။ ဒါကြောင့် သင်ဟာ မဆင်းရဲပါဘူး။

စိတ်ထဲက နိမ့်ကျ ဆင်းရဲခြင်းတွေက သာလျှင် ဆင်းရဲခြင်းအစစ် ဖြစ်တယ်။ ချစ်ခြင်းမေတ္တာတွေ ပေးလိုက်တဲ့အခါ ချစ်ခြင်းမေတ္တာတွေ ပြန်ရောက်လာမယ်။

သူတပါးကို ကူညီလိုက်တဲ့အခါ ကူညီမှုတွေက ပြန်ရောက်လာမယ်။ ပျော်ရွှင်မှုတွေ ပေးလိုက်တဲ့အခါ ပျော်ရွှင်မှုတွေက ပြန်ရောက်လာတတ်တယ်။ ဒါဟာ အကျိုးနဲ့အကြောင်း ဖြစ်သလို လောကကြီးရဲ့ သဘာဝပဲ ပေးဆပ်လေလေ ရရှိလေလေ ပါပဲ။

ဒီစာကို ဖတ်ပြီးတဲ့အခါ မိတ်ဆွေ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ ၁။ တတ်နိုင်သလောက် မျှဝေလိုက်တဲ့ အခါ လောကကြီးဟာ မေတ္တာတရားတွေ တိုးများလာမယ်။ ၂။ စိတ်မဝင်စားပဲ နေလိုက်လို့ ရသလို မမြင်ခဲ့ဖူးသလို နေလိုက်လို့လဲ ရပါတယ်။

မိတ်ဆွေရဲ့ မျှဝေမှု သေးသေးလေးဟာ တခြားသူ အမြောက်အများကို အမြင်ကျယ် လာစေနိုင်ပါတယ်။ မိတ်ဆွေရဲ့ လေ့လာမှုကြောင့် ပြောင်းလဲမှုတွေ ရှိလာမယ်။

မိတ်ဆွေရဲ့ချစ်ခြင်းမေတ္တာတွေကို ကြီးသထက် ကြီးထွားပြီး လူအမြောက်အများဆီ ကူးစက် ပြန့်ပွားနိုင်ပါစေ။ Phoomyatchel

Post a Comment

0 Comments