ပိုးဟပ်နှင့် ပြဿနာ

စားသောက်ဆိုင် တခုထဲကို ပိုးဟပ်တကောင် ပျံပြီး ဝင်လာတယ်။ ပိုးဟပ်က အမျိုးသမီးကြီး တယောက်ရဲ့ လက်မောင်းပေါ်ကို ရောက်သွားတယ်။

အဲ့ဒါနဲ့ အမျိုးသမီးကြီးက ကြောက်လန့်တကြား အားရပါးရ အော်တော့တာပဲ။ မျက်နှာတခုလုံး ရှုံ့တွနေပြီး လက်မောင်းပေါ်က ပိုးဟပ်ကို ဖယ်ဖို့ အသည်းအသန် ကြိုးစားနေတယ်။

သူနဲ့ အတူထိုင်နေတဲ့ အမျိုးသမီးတွေလည်း အော်ဟစ် ခုန်ပေါက်နေကြတာပေါ့။ နောက်ဆုံးမှာ သူ့ရဲ့ လက်မောင်းပေါ်က ပိုးဟပ်ကို ဖယ်လိုက်နိုင်ခဲ့တယ်။

ဒါပေမဲ့ ပိုးဟပ်က သူတို့ဝိုင်းထဲက နောက်အမျိုးသမီးတယောက်ဆီ ရောက်သွားပြန်ရော။ ထုံးစံအတိုင်း အော်ဟစ်ရင်း ဆူညံသွားပြန်တယ်။

ဒီတခါ စားပွဲထိုးက ကူညီဖို့ ရောက်လာတယ်။ စားပွဲထိုး ရောက်လာတော့ ဟိုအမျိုးသမီးကလည်း ပိုးဟပ်ကို စားပွဲထိုးဆီ ခါချလိုက်တယ်။

စားပွဲထိုးကောင်လေး အပေါ်ကို ပိုးဟပ် ရောက်သွားတဲ့အခါ သူက ပိုးဟပ် ငြိမ်သွားတဲ့အထိ ခဏစောင့်ကြည့် နေလိုက်တယ်။ ငြိမ်ပြီး ဖမ်းလို့ရပြီဆိုမှ သူ့လက်နဲ့ အသာယူပြီး စားသောက်ဆိုင် အပြင်ဘက်ကို ပစ်လိုက်တော့တယ်။

ဒီမြင်ကွင်းလေးကို ကြည့်ပြီး စဉ်းစားနေမိတယ်။ စားသောက်ဆိုင်ထဲ အနှောင့်အယှက် ဖြစ်စေတဲ့ ပိုးဟပ်ကို အပြစ်တင် ရမလား။ ဒါဆိုရင် စားပွဲထိုးကရော ဘာကြောင့် စိတ်အနှောင့်အယှက် မဖြစ်သလဲ။

အမှန်တော့ ပိုးဟပ်က ပြဿနာ ဖြစ်စေတာ မဟုတ်ပါ။ ဒီပြဿနာကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို မသိတာက ပြဿနာပါ။

ဒါကြောင့် ကိုယ့်ကို အနှောင့်အယှက် လာပေးတာတွေက အဓိက ပြဿနာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လို တုံ့ပြန်သလဲ ဆိုတာကသာ အရေးကြီးတာပါ။

ကိုယ့်ဘဝမှာလဲ အခက်အခဲတွေက အဓိကပြဿနာ မဟုတ်ဘဲ ကိုယ်ဘယ်လို တုံ့ပြန်တယ် ဆိုတာကသာ အဓိက ပြဿနာပါ။ Crd

Post a Comment

0 Comments