ကြိုးမရှိသောစွန်

တခါတုန်းက သားအဖနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ စွန်လွှတ် ကြပါတယ်။ စွန်က လေထဲမှာ မြင့်မြင့် ပျံသန်းနေတော့ သားဖြစ်သူက အရမ်းပျော်ရွှင် နေပါတယ်။

ပြီးတော့ အဖေဖြစ်သူကို "ဖေဖေ။ စွန် အမြင့်ကြီး ပျံလို့ရအောင် ကြိုးဖြတ်ပေး လိုက်ပါလား။ ကြိုးက ဆွဲထားတော့ စွန်က အမြင့်ကြီး ပျံလို့ မရဘူး ဖြစ်နေတယ်" လို့ ပြောတယ်။

အဖေဖြစ်သူလည်း သားပြောသလို ကြိုးကို ဖြတ်ပေးလိုက်ပါတယ်။ ကြိုးလွတ်သွားတဲ့ စွန်က လေဟုန်နဲ့ အမြင့်ကို လွင့်ပျံသွားပါတယ်။ သားဖြစ်သူက စွန်ကို ကြည့်ပြီး ပျော်ရွှင်နေပါတယ်။

ဒါပေမယ့် ခဏကြာတော့ စွန်က အောက်ပြုတ်ကျ လာပြီး သစ်ပင်ပေါ်မှာ တင်သွားပါတယ်။ သားဖြစ်သူက

"ဖေဖေ စွန်က ဘာဖြစ်လို့ အမြင့်ကို ဆက်မပြန်ပဲ အောက်ကျလာ တာလဲ။ သားတို့ ကြိုးဖြတ်ပေး လိုက်ပြီလေ" လို့ မေးပါတယ်။

အဖေက "ဒီလိုသားရဲ့။ သားရဲ့ အမြင်မှာ ကြိုးက စွန်ကို ချည်နှောင်ထားတယ်လို့ မြင်နေတာကိုး။ အမှန်မှာက ကြိုးက စွန်ကို မြင့်မြင့် ပျံသန်းနိုင်အောင် ထိန်းကျောင်းပေးနေတာ သားရဲ့။ ကြိုး မရှိတော့တဲ့စွန်က အထိန်းအကွပ် မဲ့ပြီး အောက်ကို ပြုတ်ကျလာတာပေါ့" လို့ ပြောလိုက်ပါတယ်။

လူ့ဘဝမှာလည်း အတူတူပါပဲ။ တခါတလေ မိမိရဲ့ အောင်မြင်မှုကို အတားအဆီး ဖြစ်နေတယ်ဆိုပြီး ထင်ရတဲ့ အရာတွေ ရှိပါတယ်။

ဒါပေမယ့် သေချာ ပြန်သုံးသပ်ရင် ဒီအရာတွေက မိမိကို ပိုမို အောင်မြင်အောင် ထိန်းကွပ် ပေးနေတယ်ဆိုတာ မြင်တွေ့ နိုင်ပါတယ်။ phoomyatchal

Zawgyi

ၾကိုးမရွိေသာစြန္

တခါတုန္းက သားအဖႏွစ္ေယာက္ဟာ ကြင္းျပင္ထဲမွာ စြန္လႊတ္ ၾကပါတယ္။ စြန္က ေလထဲမွာ ျမင့္ျမင့္ ပ်ံသန္းေနေတာ့ သားျဖစ္သူက အရမ္းေပ်ာ္႐ႊင္ ေနပါတယ္။

ၿပီးေတာ့ အေဖျဖစ္သူကို "ေဖေဖ။ စြန္ အျမင့္ႀကီး ပ်ံလို႔ရေအာင္ ႀကိဳးျဖတ္ေပး လိုက္ပါလား။ ႀကိဳးက ဆြဲထားေတာ့ စြန္က အျမင့္ႀကီး ပ်ံလို႔ မရဘူး ျဖစ္ေနတယ္" လို႔ ေျပာတယ္။

အေဖျဖစ္သူလည္း သားေျပာသလို ႀကိဳးကို ျဖတ္ေပးလိုက္ပါတယ္။ ႀကိဳးလြတ္သြားတဲ့ စြန္က ေလဟုန္နဲ႔ အျမင့္ကို လြင့္ပ်ံသြားပါတယ္။ သားျဖစ္သူက စြန္ကို ၾကည့္ၿပီး ေပ်ာ္႐ႊင္ေနပါတယ္။

ဒါေပမယ့္ ခဏၾကာေတာ့ စြန္က ေအာက္ျပဳတ္က် လာၿပီး သစ္ပင္ေပၚမွာ တင္သြားပါတယ္။ သားျဖစ္သူက "ေဖေဖ စြန္က ဘာျဖစ္လို႔ အျမင့္ကို ဆက္မျပန္ပဲ ေအာက္က်လာ တာလဲ။ သားတို႔ ႀကိဳးျဖတ္ေပး လိုက္ၿပီေလ" လို႔ ေမးပါတယ္။

အေဖက "ဒီလိုသားရဲ႕။ သားရဲ႕ အျမင္မွာ ႀကိဳးက စြန္ကို ခ်ည္ေႏွာင္ထားတယ္လို႔ ျမင္ေနတာကိုး။ အမွန္မွာက ႀကိဳးက စြန္ကို ျမင့္ျမင့္ ပ်ံသန္းႏိုင္ေအာင္ ထိန္းေက်ာင္းေပးေနတာ သားရဲ႕။ ႀကိဳး မရွိေတာ့တဲ့စြန္က အထိန္းအကြပ္ မဲ့ၿပီး ေအာက္ကို ျပဳတ္က်လာတာေပါ့" လို႔ ေျပာလိုက္ပါတယ္။

လူ႔ဘဝမွာလည္း အတူတူပါပဲ။ တခါတေလ မိမိရဲ႕ ေအာင္ျမင္မႈကို အတားအဆီး ျဖစ္ေနတယ္ဆိုၿပီး ထင္ရတဲ့ အရာေတြ ရွိပါတယ္။ ဒါေပမယ့္ ေသခ်ာ ျပန္သုံးသပ္ရင္ ဒီအရာေတြက မိမိကို ပိုမို ေအာင္ျမင္ေအာင္ ထိန္းကြပ္ ေပးေနတယ္ဆိုတာ ျမင္ေတြ႕ ႏိုင္ပါတယ္။ phoomyatchal

Post a Comment

0 Comments