လူသိနည်းတဲ့ နိမိတ်များ

(၁) အိမ်ရှေ့ တရော်ထုပ် မချိတ်ပါနှင့်။ အိမ်ရှိလူများ ကျန်းမာရေး ညံ့တတ်၏။

(၂) စားပွဲပေါ် ဖိနပ် မတင်ပါနှင့်။ ဖိနပ်ပိုင်ရှင် ထိုအိမ်မှ ထွက်ခွာသွားရတတ်၏။

(၃) ဓါး ကတ်ကြေး လက်ဆောင်မပေးပါနှင့်၊၊ ကိုယ့်လာပေးလျှင်လည်း ငွေအနည်းငယ် စတိ ပြန်ပေးပါ။ ထိုသူနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး လမ်းခွဲရတတ်၏။

(၄) ကတ်ကြေး မကစားပါနှင့်။ ကံဆိုးခြင်းကို ဖိတ်ခေါ်တတ်၏။

(၅) အဝါရောင်ပန်း လက်ဆောင်မပေးပါနှင့်။ လက်ခံသူ ကံဆိုးတတ်၏။

(၆) ညအခါ လမ်းနောက်ပြန် မလျှောက်မိပါစေနှင့်။ နာနာဘာဝတို့ ကိုယ့်နောက် လိုက်လာတတ်၏။

(၇) ထောင်ထားသည့် လှေကားအောက် ဖြတ်မလျှောက်ပါနှင့်။ ကံဆိုးတတ်၏။

(၈) စကားပြိုင်တူပြောမိလျှင် ဂေါ်မစွံ ဖြစ်တတ်ပါသည်။ ပြောမိရင် ကိုယ့်နှာခေါင်း ပြန်ကိုင်လိုက်ပါ။

(၉) ကြည့်မှန်ကွဲ မသုံးပါနှင့်။ ကံညံ့တတ်၏။ (ဖုန်းမှန်ကွဲ၊ မျက်မှန်ကွဲလည်း ထို့အတူ မှတ်ယူပါ)

(၁၀) ညစာ စားရင်း သီချင်းမဆိုပါနှင့်။ မကောင်းဆိုးဝါး ဝင်စားတတ်၏။

(၁၁) နှစ်ယောက်ထိုင်ခုံ တယောက်တည်း ထိုင်ရင် ထောင့်ကပ်မထိုင်ပါနှင့်။ ငှက်ပျောတုံး ဖက်ရတတ်၏။

(၁၂) လေမိုးကျချိန် အဝတ်အစား အနီရောင် ဝတ်ပြီး အပြင်မထွက်ပါနှင့်။ မိုးကြိုးပစ် ခံရတတ်၏။

(၁၃) ကလေးငယ်များအပေါ် ခုန်ကျော် မကစားပါနှင့်။ ထိုကလေး သက်ဆိုးမရှည် ဖြစ်တတ်၏။

(၁၄) လူအုပ်ကြီး စက္ကန့်ပိုင်းလောက် ရုတ်တရက် အသံတိတ်သွားရင် နတ်‌ကောင်းနတ်မြတ် တပါးပါး ဖြတ်သွားတာပါ။ မေတ္တာမှန်းပို့ပေးပါ။

(၁၅) "ငါ ဘယ်တော့မှ အဲဒီရောဂါ မဖြစ်ဘူးလို့" မကြွေးကြော်ပါနဲ့။ ဖြစ်ရင် အဲ့လူကို ဆေးမတိုး‌တော့ပါဘူး။

(၁၆) ခရီးသွားရင် ငှက်ပျောသီး အဖီးလိုက် သယ်မသွားပါနဲ့။ ထင်မှတ်မထားတဲ့ အကြောင်းကြောင့် ခရီးဖင့်တတ်ပါတယ်။

(၁၇) ညဘက် လက်သည်းခြေသည်း ညှပ်ရင် အသက်တိုတတ်ပါတယ်။ မနေနိုင်လို့ ညှပ်ရင် တချောင်း လုံးဝ မထိဘဲ ချန်ထားပါ။

(၁၈) ဆားဘူးမှောက်ရင် လာဘ်တိတ်ပါတယ်။ ညာလက်နဲ့ နည်းနည်းကောက်ပြီး ညာပုခုံးကျော် နောက်ပြန်ပစ်လိုက်ပါ။

(၁၉) ကလေးတွေကို နုတ်ခမ်းချင်း တေ့မနမ်းပါနဲ့။ အဲ့ကလေး တသက်လုံး နှာဘူးဖြစ်တတ်ပါတယ်။

(၂၀) ပန်ကာဖွင့်အိပ်ရင် တံခါးတချပ် ဖွင့်ထားပါ။ မဟုတ်ရင် သေတတ်ပါတယ်။

(၂၁) ပိုက်ဆံအိတ်ကို ကြမ်းခင်းပေါ် မချပါနဲ့။ တပြားမှ မကျန်အောင် ဆင်းရဲတတ်ပါတယ်။

(၂၂) ဗိုက်ကြီးသည်တွေ ပုံသဏ္ဍန် မမှန်တဲ့ အသီး မစားပါနဲ့။ ပုံသဏ္ဍန် မမှန်တဲ့ ကလေး မွေးလာတတ်ပါတယ်။

(၂၃) ဗိုက်ကြီးသည်တွေ အဝတ်အစား အပေါက်အပြဲ မဖာပါနဲ့။ မွေးရ ဖွားရ ခက်တတ်ပါတယ်။

(၂၄) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်ပါတယ်။

(၂၅) နာရီ အကွဲ အပျက် ချိတ်မထားပါနဲ့။ ရုတ်တရက် ထမြည်ရင် သေနိမိတ်ပါ။

(၂၆) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ ၂ မျိုးတည်း တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်ပါတယ်။

(၂၇) နံရံကို ဆေးစိမ်း မသုတ်ပါနဲ့။ ရုတ်တရက် အဆိပ်မိတာမျိုး ဖြစ်တတ်ပါတယ်။

(၂၈) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး စတာတွေ မထားပါနဲ့။ အိမ်သားတွေ မကြာခဏ ခိုက်ရန် ဖြစ်တတ်ပါတယ်။

(၂၉) အိမ်ထဲမှာ လှုပ်ကုလားထိုင် မထားပါနဲ့။ မကျွတ်မလွတ်တွေ ရှိရင် မြူးတတ်ပါတယ်။

(၃၀) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲ မစိုက်ပါနဲ့။ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်တတ်ပါတယ်။

(၃၁) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာနား မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ရင် ကြည့်မရအောင် လွှဲချိတ်ပါ)

(၃၂) မနက် အိပ်ယာ မသိမ်းပဲ မထားပါနဲ့။ ည တော်တော်နဲ့ အိပ်မပျော် ဖြစ်တတ်ပါတယ်။

(၃၃) တိရိစ္ဆာန် အစစ်တွေရဲ့ အရေခွံ၊ အရိုး၊ ဦးခေါင်း စတာတွေနဲ့ အိမ်ကို အလှမဆင်ပါနဲ့။ ကံညံ့တတ်ပါတယ်။ (ခရု၊ သမင်ချို၊ ရုပ်လုံးသွင်း တိရိစ္ဆာန်)

(၃၄) နံရံမှာ လှေကား ထောင်ရက် မထားပါနဲ့။ အမှုအခင်းကြုံ၊ အစွပ်အစွဲ ခံရတတ်ပါတယ်။

(၃၅) တအိမ်တည်း ဘုရားစင် နှစ်နေရာခွဲ မထားပါနဲ့။ သားသမီးတွေ ကံနိမ့်တတ်ပါတယ်။ Crd

Post a Comment

0 Comments