ကိုယ်တန်ဖိုး ထားသလို ကိုယ့်ပေါ်မှာ တုန့်ပြန်မှု မရှိတဲ့ လူတွေအတွက် အချိန်ကုန်မခံပါနဲ့။ ကိုယ့်ဘက်က ချစ်ခင်တွယ်တာသလောက် ကိုယ့်ပေါ်ကို တစက်ကလေးမှ ငဲ့မကြည့်တတ်သူတွေ အတွက် အချိန်ကုန်မခံပါနဲ့။
ကိုယ့်ဘက်က နားလည်မှု ပေးသလောက် ကိုယ့်ပေါ်မှာ အနိုင်ယူတတ်သူတွေအတွက် အချိန်ကုန်မခံပါနဲ့။
ကိုယ့်ဘက်က သူ့အတွက် အရာရာ ဦးစားပေခဲ့ပေမဲ့ သူ့ဘက်ကို တခြားတယောက်ကိုသာ အလေးထားတတ်တဲ့ သူတွေအတွက် အချိန်ကုန် မခံပါနဲ့တော့။
ကိုယ့်ပေါ်ကို တချက်ကလေးမှ ငဲ့မကြည့်တတ်သူတွေအတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို မစတေးလိုက်ပါနဲ့။
စာနာစိတ် မရှိတဲ့ လူတွေက ကြင်နာတရားဆိုတာ နားမလည်ကြဘူး။ တချို့လူတွေက ဂရုစိုက်တာကိုပဲ ခံချင်ကြတာ သူတို့က ပြန်ပြီး ဂရုစိုက်ပေးဖို့ဆို နည်းနည်းလေးမှ တုန့်ပြန်မှု မရှိကြဘူး။
အယူသာရှိပြီး အပေးမရှိတဲ့ လူတွေမှာ အတ္တဆိုတဲ့ စိတ်ဆန္ဒသာ ကိန်းအောင်းနေ တတ်တယ်။ ဘယ်တော့မှ တဖက်လူရဲ့ ခံစားချက်ကို ဖွင့်မဖတ်ကြဘူး။
တခါတလေ ကိုယ်နဲ့ မတော်နဲ့ ဖိနပ်ကို စီးပြီး လမ်းလျှောက်နေရတာနဲ့ စာရင် ဖိနပ်မပါပဲ လမ်းလျှောက်လိုက်တာ ပိုပြီး ခရီးပေါက်ပါတယ်။
ရှေ့ကိုဆက်တိုးလို့ မရတော့တဲ့ခါ နောက်ကို ပြန်လှည့်ကြည့်လိုက်ပါ။ သင့်ကို စာနာစိတ် အပြည့်နဲ့ စောင့်ကြိုနေသူတွေ တွေ့ရပါလိမ့်မယ်။
တချို့လူတွေက ကိုယ့်လက်ထဲကို အတင်းထိုးထည့် နေချိန်သာ မူနေကြတာ သူများလက်ထဲ ရောက်ခါနီးမှ တန်ဖိုးကြီးစွာ နောင်တ ရလာတတ်ကြလို့
ကိုယ့်ပေါ်မှာ ကိုယ်ကောင်းသလို မကောင်းတဲ့သူတွေ၊ ကိုယ်ဂရုစိုက် အလေးထားသလို တန်ပြန်မှုမရှိတဲ့ လူတွေအတွက် အချိန်ကုန်မခံပါနဲ့။ ကိုယ့်ကို တန်ဖိုးထားတဲ့ လူတွေနဲ့ လက်တွဲရမဲ့ အချိန်တွေ နည်းသွားလိမ့်မယ်။ Crd
0 Comments