မြေစာပင်လေးတွေ မဖြစ်ပါစေနဲ့

ယောက်ျား စကားကြမ်းတော့ မိန်းမက ကြိတ်ငို၊ မိန်းမ စကားကြမ်းတော့ ယောက်ျားက စိတ်တို၊ မိဘ စကားကြမ်းတော့ ကလေးတို့မှာ နှလုံးသွေးယိုတဲ့။

အလုပ်အကိုင်က အဆင်မပြေတော့ မိဘတွေက တယောက်နဲ့ တယောက် အပြစ်လေးတွေ မြင်လာကြတယ်။ ဖခင်တယောက်က အလုပ်အဆင်မပြေ၊ စိတ်ညစ်ပြီး အလုပ်က ပြန်လာချိန်လေးမှာ စိတ်ညစ်ပြေအောင် အရက်ကလေးသောက်တတ်လာတယ်။

မိခင်တယောက်က အဆင်မပြေတဲ့ ကြားက အရက် သောက်လာရမလား ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ် ပြောဆိုတယ်။

ဖခင်တယောက်ကလည်း အရက်ရှိန်လေးက ရှိလာတော့ မိန်းမပြောဆိုတဲ့ စကားကို စိတ်ဆိုးဒေါသထွက်ပြီး ရိုက်နှက်ပါတော့တယ်။

မိခင်ဖခင်ရဲ့ ရန်ပွဲလေးကို ကြည့်ပြီး ကြောက်စိတ် အားငယ်စိတ်တွေက သားသမီးတွေရဲ့ ရင်ထဲ ရောက်လာပါတော့တယ်။

ကြာလာတော့ သားသမီးလေးတွေရဲ့ ရင်ထဲ အနာတရတွေ ဖြစ်လာတယ်။ ကြောက်စိတ် အားငယ်စိတ်တွေပဲ အမြဲ ကြီးစိုးနေတယ်။

ဒါကြောင့် မိသားစုတခုမှာ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေ သားသမီးလေးတွေရဲ့ ရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်မိပါစေနဲ့။

သားသမီးလေးတွေရဲ့ ရင်ထဲ ဘယ်တော့မှ အနာတရ ဖြစ်အောင် မလုပ်မိပါစေနဲ့။ ကိုယ်သိပ်ချစ်တဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေရဲ့ ဘဝကို အနင်းခံ မြေစာပင်လေးတပင် ဖြစ်အောင် ဘယ်တော့မှ မလုပ်မိပါစေနဲ့။ Crd

Zawgyi

ေျမဇာပင္ေလးေတြ မျဖစ္ပါေစနဲ့

ေယာက္်ား စကားၾကမ္းေတာ့ မိန္းမက ႀကိတ္ငို၊ မိန္းမ စကားၾကမ္းေတာ့ ေယာက္်ားက စိတ္တို၊ မိဘ စကားၾကမ္းေတာ့ ကေလးတို႔မွာ ႏွလုံးေသြးယိုတဲ့။

အလုပ္အကိုင္က အဆင္မေျပေတာ့ မိဘေတြက တေယာက္နဲ႔ တေယာက္ အျပစ္ေလးေတြ ျမင္လာၾကတယ္။ ဖခင္တေယာက္က အလုပ္အဆင္မေျပ၊ စိတ္ညစ္ၿပီး အလုပ္က ျပန္လာခ်ိန္ေလးမွာ စိတ္ညစ္ေျပေအာင္ အရက္ကေလးေသာက္တတ္လာတယ္။

မိခင္တေယာက္က အဆင္မေျပတဲ့ ၾကားက အရက္ ေသာက္လာရမလား ဆိုၿပီး စိတ္ဆိုးမာန္ဆိုးနဲ႔ ေအာ္ဟစ္ ေျပာဆိုတယ္။ ဖခင္တေယာက္ကလည္း အရက္ရွိန္ေလးက ရွိလာေတာ့ မိန္းမေျပာဆိုတဲ့ စကားကို စိတ္ဆိုးေဒါသထြက္ၿပီး ႐ိုက္ႏွက္ပါေတာ့တယ္။

မိခင္ဖခင္ရဲ႕ ရန္ပြဲေလးကို ၾကည့္ၿပီး ေၾကာက္စိတ္ အားငယ္စိတ္ေတြက သားသမီးေတြရဲ႕ ရင္ထဲ ေရာက္လာပါေတာ့တယ္။ ၾကာလာေတာ့ သားသမီးေလးေတြရဲ႕ ရင္ထဲ အနာတရေတြ ျဖစ္လာတယ္။ ေၾကာက္စိတ္ အားငယ္စိတ္ေတြပဲ အၿမဲ ႀကီးစိုးေနတယ္။

ဒါေၾကာင့္ မိသားစုတခုမွာ ဘယ္ေလာက္ပဲ အဆင္မေျပ ျဖစ္ေနပါေစ သားသမီးေလးေတြရဲ႕ ေရွ႕မွာ ဘယ္ေတာ့မွ ရန္မျဖစ္မိပါေစနဲ႔။

သားသမီးေလးေတြရဲ႕ ရင္ထဲ ဘယ္ေတာ့မွ အနာတရ ျဖစ္ေအာင္ မလုပ္မိပါေစနဲ႔။ ကိုယ္သိပ္ခ်စ္တဲ့ ကိုယ့္ရဲ႕ သားသမီးေလးေတြရဲ႕ ဘဝကို အနင္းခံ ေျမစာပင္ေလးတပင္ ျဖစ္ေအာင္ ဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔။ Crd

Post a Comment

0 Comments